[UNICODE] စီရော်နယ်ဒိုနဲ့ မက်ဆီဆိုတာ (၂၁) ရာစုဘောလုံးကမ္ဘာရဲ့ လင်းအားအကောင်းဆုံး ဘောလုံးသမားနှစ်ယောက်။ နှစ်ဖက်ပရိသတ်တွေဟာ မခံချင်စိတ်တွေနဲ့ ပြိုင်ဆိုင်ခဲ့ကြပေမဲ့ သူတို့နှစ်ဦး အတူတွဲကစားရင်ဆိုတာမျိုးလည်း မရဲတရဲ စိတ်ကူးယဉ်မိကြမှာပါ။ စီရော်နယ်ဒိုနဲ့ မက်ဆီ တစ်သင်းတည်းမှာ အတူတွဲကစားဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းပြီးလက်တွေ့မကျတဲ့အရာမျိုးပါ။ ဒါပေမဲ့ အဲဒီစိတ်ကူးုယဉ်အိပ်မက်ကို ဒေးဗစ်ဘမ်းခမ်းက လမ်းဖွင့်ပေးလိုက်တယ်။ "စီရော်နယ်ဒိုနဲ့ မက်ဆီတို့လို ကစားသမားမျိုးတွေကို မိုင်ယာမီကို ခေါ်ဆောင်ချင်ပါတယ်"ဆိုတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့စကားကို ဘောလုံးကမ္ဘာကို စိတ်ကူးယဉ်အိပ်မက်အသစ်တွေ ပေးစွမ်းခဲ့ပါတယ်။ "ကျွန်တော် ခေါ်ယူချင်တာ သူတို့လို ကစားသမားမျိုးတွေပါပဲ။ ဒီလိုခေါ်ယူမှုတွေ ပြုလုပ်နိုင်မယ်ဆိုရင် ပရိသတ်တွေအနေနဲ့လည်း ကျေနပ်နိုင်ကြမှာပါ။…
reading now