၂၃၊ ၆၊ ၂၀၁၉ အေျပာင္းအေရႊ႕ရပ္ဝန္း သတင္းတိုမ်ား

၁။ အာဆင္နယ္အသင္းဟာ တိုရီႏို ေနာက္ခံလူ အာမန္ဒို အစ္ဇိုကို ေခၚယူႏုိင္ဖို႔ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ အဆုိပါအီတလီလက္ေရြးစင္ကို ေခၚယူဖို႔ မန္ယူ၊ အဲဗာတန္၊ ေအစီမီလန္နဲ႔ လာဇီယိုတို႔ကလည္း ခ်ဥ္းကပ္ေနၾကေပမယ့္ ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူဟာ လန္ဒန္ကို ေရာက္ရွိေနျပီး အာဆင္နယ္အသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးမႈျပဳလုပ္ေနျပီျဖစ္ပါတယ္။ တုိရီႏိုအသင္းကေတာ့ သူတိုရဲ႕ အဓိက ကစားသမားအတြက္ တန္ေၾကး ယူရို သန္း ၃၀ (ေပါင္ ၂၆.၈၃ သန္း) သတ္မွတ္ထားပါတယ္။

၂။ အင္တာမီလန္ကြင္းလယ္လူေဟာင္း အန္ဒီ ဗန္ဒါေမဒီက ရိုမီယူ လူကာကူရဲ႕ အဂၤလန္ေျမက ေဘာလံုးကစားသမားဘဝဟာ ဆံုးခန္းတုိင္သြားျပီျဖစ္တာမို႔ အင္တာမီလန္အသင္းထံ ေျပာင္းေရႊ႕လာသင့္တယ္လို႔ တုိက္တြန္းေျပာဆိုလိုက္ပါတယ္။ လူကာကူဟာ မန္ယူအသင္းက ထြက္ခြာျပီး စီးရီးေအကို ေျခခ်ဖို႔ ၾကိဳးပမ္းေနသူျဖစ္ျပီး ႏွစ္ဘက္အသင္းအၾကား ေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းမႈ အဆင္မေျပေသးပါဘူး။

၃။ ဘာစီလိုနာအသင္းဟာ ေနမာနဲ႔ ဂရစ္ဇ္မန္းတို႔ ၂ ဦးလံုးကို ေခၚယူဖို႔ ၾကိဳးပမ္းသြားမွာျဖစ္တယ္လို႔သိရပါတယ္။ ကာတလန္ကလပ္ဟာ အဆုိပါ အေျပာင္းအေရႊ႕ ၂ ခု အတြက္ ျပင္ဆင္ေနတယ္လို႔လည္း စပိန္မီဒီယာ SPORT က ေဖ္ာျပခဲ့ပါတယ္။

၄။ နာပိုလီေနာက္ခံလူ ကာလီဒူး ကူလီဘလီကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔က အျပိဳင္ၾကိဳးပမ္းေနၾကပါတယ္။

၅။ ရိုးမားအသင္းက ေနာက္ခံလူ ေကာ့စ္တက္ မႏိုလက္စ္ကို ေျပာင္းေရႊ႕ေၾကး ယူရို ၃၆ သန္း (ေပါင္ ၃၂.၂ သန္း) နဲ႔ ေခၚယူဖို႔ သေဘာတူညီခ်က္ ရရွိေတာ့မွာျဖစ္ပါတယ္။ ကစားသမားနဲ႔ နာပိုလီအသင္းတို႔အၾကား တစ္ႏွစ္လုပ္ခ ယူရို ၃.၅ သန္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။

၆။ လီရိြဳင္း ဆာေနးဟာ ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ကမ္းလွမ္းခ်က္ကို ျငင္းဆန္ပယ္ခ်ျပီး မန္စီးတီးနဲ႔ စာခ်ဳပ္သစ္ကိစၥ ေဆြးေႏြးမႈျပဳလုပ္ဖို႔ကိုသာ ေရြးခ်ယ္လိုက္ျပီျဖစ္တယ္လုိ႔ The Sun က ေဖာ္ျပလိုက္ပါတယ္။

၇။ ဒါဘီေကာင္တီအသင္းရဲ႕ ဂႏၱဝင္ အသင္းေခါင္းေဆာင္ေဟာင္း မုိက္ကယ္ ဂၽြန္ဆင္က ခ်ယ္လ္ဆီးအသင္းအေနနဲ႔ နည္းျပ ဖရန္႔ခ္ လမ္းပတ္ကို ေခၚယူဖို႔ ၾကိဳးပမ္းေနရာမွာ ဒါဘီအသင္းအေပၚ ေလးစားမႈရွိသင့္တယ္လုိ႔ ေဝဖန္ေျပာဆိုလုိက္ပါတယ္။ နည္းျပ ဆာရီ ထြက္ခြာသြားျပီျဖစ္တာမို႔ နည္းျပသစ္ ခန္႔အပ္ဖုိ႔အျပင္းအထန္ ၾကိဳးပမ္းေနတဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဂႏၱဝင္ကစားသမားေဟာင္းျဖစ္တဲ့ လမ္းပတ္ကို ထိပ္တန္းဦးစားေပးအျဖစ္ သတ္မွတ္ခ်ဥ္းကပ္ေနပါတယ္။ ဂၽြန္ဆင္ကေတာ့ လမ္းပတ္ကို ေခၚယူဖို႔ ၾကိဳးပမ္းေနတဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ အျပဳအမူတစ္ခ်ိဳ႕ဟာ တစ္ဖက္က ဒါဘီအသင္းအေပၚ ေလးစားမႈမရွိတဲ့ လုပ္ရပ္မ်ိဳးေတြျဖစ္ေနတယ္လုိ႔ ေဝဖန္ခဲ့ပါတယ္။

၈။ ဘန္ေလအသင္းက အဂၤလန္ လက္ေရြးစင္ ဂိုးသမားေဟာင္း ဂ်ိဳး ဟတ္ဟာ ျပင္သစ္ကလပ္ လိုင္လီအသင္းထံ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ကစားဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။

၉။ ေပါ့ဘာကို အသင္းမွာ မျဖစ္မေန ဆက္လက္ထိမ္းသိမ္းထားဖို႔ စပြန္ဆာ ကုမၸဏီျဖစ္တဲ့ Adidas က တုိက္တြန္းထားတယ္လုိ႔ The Daily Mirror က ေဖာ္ျပခဲ့ပါတယ္။ တကယ္လို႔ ေပါ့ဘာကို လက္လႊတ္ရမယ္ဆိုရင္လဲ သူနဲ႔ ညီမွ်တဲ့ ကစားသမားမ်ိဳးနဲ႔ ျပန္လည္ျဖည့္တင္းဖို႔လည္း တုိက္တြန္းထားတယ္လို႔ အဆုိပါသတင္းကဆိုပါတယ္။ Adidas ဟာ အသင္းရဲ႕ ပံုရိပ္ကစားသမားကို လက္လႊတ္ရမယ္ဆိုရင္ ဂ်ာစီေရာင္းအားက်သြားမွာကို စုိးရမ္ေနတာျဖစ္ပါတယ္။

၁၀။ လီဗာပူးလ္္အသင္းဟာ မိန္႔ဇ္အသင္းက ခံစစ္မွဴး ဂ်င္း-ဖီးလစ္ ဂဘာမင္ကို ေခၚယူဖို႔ ၾကိဳးပမ္းလာႏုိင္တယ္လုိ႔ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ ဘားနက္ ကိုလင္ဂ္ႏြန္က ေျပာဆိုခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ အဆုိပါကစားသမားကို ေခၚယူဖို႔ ျပီးခဲ့တဲ့ ေဆာင္းရာသီကတည္းက ၾကိဳးပမ္းေနခဲ့တာျဖစ္ျပီး ယခုေႏြရာသီမွာ ဆက္လက္ၾကိဳးပမ္းဖြယ္ရွိေနပါတယ္။

 

Unicode

 

၁။ အာဆင်နယ်အသင်းဟာ တိုရီနို နောက်ခံလူ အာမန်ဒို အစ်ဇိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အဆိုပါအီတလီလက်ရွေးစင်ကို ခေါ်ယူဖို့ မန်ယူ၊ အဲဗာတန်၊ အေစီမီလန်နဲ့ လာဇီယိုတို့ကလည်း ချဉ်းကပ်နေကြပေမယ့် ကစားသမားရဲ့အေးဂျင့်ဖြစ်သူဟာ လန်ဒန်ကို ရောက်ရှိနေပြီး အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီဖြစ်ပါတယ်။ တိုရီနိုအသင်းကတော့ သူတိုရဲ့ အဓိက ကစားသမားအတွက် တန်ကြေး ယူရို သန်း ၃၀ (ပေါင် ၂၆.၈၃ သန်း) သတ်မှတ်ထားပါတယ်။

၂။ အင်တာမီလန်ကွင်းလယ်လူဟောင်း အန်ဒီ ဗန်ဒါမေဒီက ရိုမီယူ လူကာကူရဲ့ အင်္ဂလန်မြေက ဘောလုံးကစားသမားဘဝဟာ ဆုံးခန်းတိုင်သွားပြီဖြစ်တာမို့ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့လာသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ လူကာကူဟာ မန်ယူအသင်းက ထွက်ခွာပြီး စီးရီးအေကို ခြေချဖို့ ကြိုးပမ်းနေသူဖြစ်ပြီး နှစ်ဘက်အသင်းအကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေသေးပါဘူး။

၃။ ဘာစီလိုနာအသင်းဟာ နေမာနဲ့ ဂရစ်ဇ်မန်းတို့ ၂ ဦးလုံးကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ ကာတလန်ကလပ်ဟာ အဆိုပါ အပြောင်းအရွှေ့ ၂ ခု အတွက် ပြင်ဆင်နေတယ်လို့လည်း စပိန်မီဒီယာ SPORT က ဖေ်ာပြခဲ့ပါတယ်။

၄။ နာပိုလီနောက်ခံလူ ကာလီဒူး ကူလီဘလီကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့က အပြိုင်ကြိုးပမ်းနေကြပါတယ်။

၅။ ရိုးမားအသင်းက နောက်ခံလူ ကော့စ်တက် မနိုလက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၃၆ သန်း (ပေါင် ၃၂.၂ သန်း) နဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရရှိတော့မှာဖြစ်ပါတယ်။ ကစားသမားနဲ့ နာပိုလီအသင်းတို့အကြား တစ်နှစ်လုပ်ခ ယူရို ၃.၅ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

၆။ လီရွိုင်း ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချပြီး မန်စီးတီးနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုပြုလုပ်ဖို့ကိုသာ ရွေးချယ်လိုက်ပြီဖြစ်တယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။

၇။ ဒါဘီကောင်တီအသင်းရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်း မိုက်ကယ် ဂျွန်ဆင်က ချယ်လ်ဆီးအသင်းအနေနဲ့ နည်းပြ ဖရန့်ခ် လမ်းပတ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေရာမှာ ဒါဘီအသင်းအပေါ် လေးစားမှုရှိသင့်တယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ နည်းပြ ဆာရီ ထွက်ခွာသွားပြီဖြစ်တာမို့ နည်းပြသစ် ခန့်အပ်ဖို့အပြင်းအထန် ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဂန္တဝင်ကစားသမားဟောင်းဖြစ်တဲ့ လမ်းပတ်ကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ချဉ်းကပ်နေပါတယ်။ ဂျွန်ဆင်ကတော့ လမ်းပတ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ အပြုအမူတစ်ချို့ဟာ တစ်ဖက်က ဒါဘီအသင်းအပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်မျိုးတွေဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

၈။ ဘန်လေအသင်းက အင်္ဂလန် လက်ရွေးစင် ဂိုးသမားဟောင်း ဂျိုး ဟတ်ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

၉။ ပေါ့ဘာကို အသင်းမှာ မဖြစ်မနေ ဆက်လက်ထိမ်းသိမ်းထားဖို့ စပွန်ဆာ ကုမ္ပဏီဖြစ်တဲ့ Adidas က တိုက်တွန်းထားတယ်လို့ The Daily Mirror က ဖော်ပြခဲ့ပါတယ်။ တကယ်လို့ ပေါ့ဘာကို လက်လွှတ်ရမယ်ဆိုရင်လဲ သူနဲ့ ညီမျှတဲ့ ကစားသမားမျိုးနဲ့ ပြန်လည်ဖြည့်တင်းဖို့လည်း တိုက်တွန်းထားတယ်လို့ အဆိုပါသတင်းကဆိုပါတယ်။ Adidas ဟာ အသင်းရဲ့ ပုံရိပ်ကစားသမားကို လက်လွှတ်ရမယ်ဆိုရင် ဂျာစီရောင်းအားကျသွားမှာကို စိုးရမ်နေတာဖြစ်ပါတယ်။

၁၀။ လီဗာပူးလ်အသင်းဟာ မိန့်ဇ်အသင်းက ခံစစ်မှူး ဂျင်း-ဖီးလစ် ဂဘာမင်ကို ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဘားနက် ကိုလင်ဂ်နွန်က ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အဆိုပါကစားသမားကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဆောင်းရာသီကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ ဆက်လက်ကြိုးပမ်းဖွယ်ရှိနေပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!