အာဆင္နယ္သတင္းတိုမ်ား

၁။ အာဆင္နယ္အသင္းဟာ သူတိုရဲ႕ ေတာင္ပံတုိက္စစ္ ပစ္မွတ္ေတြကို ျပန္လည္ ဆန္းစစ္ေနတယ္လို႔ Football London က ေဖာ္ျပခဲ့ပါတယ္။ လက္ရွိမွာ အာဆင္နယ္အသင္း အဓိက ပစ္မွတ္ထားေနတဲ့ ေတာင္ပံကစားသမားက ယာနစ္ ကာရက္စ္ကိုနဲ႔ ရုိင္ယန္ ဖေရဆာတို႔ျဖစ္ေပမယ့္ လတ္တေလာ ေကာလဟာလေတြ ထြက္ေပၚေနတဲ့ ဇီယက္ခ်္နဲ႔ မာေဆးလ္က ထြက္ခြာဖို႔ရွိေနတဲ့ ေသာ္အူဗင္တို႔ကိုလည္း ေျပာင္းလဲ ပစ္မွတ္ထားလာေနတယ္လုိ႔ အဆုိပါသတင္းကဆုိပါတယ္။

၂။ Calcio Mercato ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ဘာစီလိုနာ ေနာက္ခံလူ ဆမ္ျမဴရယ္ အမ္တီတီကို ယူရို သန္း ၅၀ (ေပါင္ ၄၅ သန္း) နဲ႔ ေခၚယူခြင့္ရဖို႔ ၾကိဳးပမ္းေနဆဲျဖစ္ပါတယ္။

၃။ အာဆင္နယ္ ညာေနာက္ခံလူ ကားလ္ ယန္ကင္ဆန္ကို ေခၚယူဖို႔ ဆဲလ္တစ္နဲ႔ ဘက္ဆစ္တပ္အျပင္ ခ်န္ပီယံရွစ္ကလပ္ ဝက္စ္ဘရြန္းကပါ ခ်ဥ္းကပ္လာေနျပီျဖစ္ျပီး ကာယကံရွင္နဲ႔ ေဆြးေႏြးမႈစတင္ေနျပီျဖစ္ပါတယ္။ အာဆင္နယ္အသင္းကေတာ့ အဆုိပါကစားသမားကုိေရာင္းထုတ္ဖို႔ ဆံုးျဖတ္ထားျပီးျဖစ္တာမို႔ ေျပာင္းေရႊ႕ေၾကး အမ်ားဆံုးေပးမယ့္အသင္းထံ လက္လႊတ္သြားမွာျဖစ္ပါတယ္။

၄။ ပီအက္စ္ဂ်ီအသင္းဟာ အာဆင္နယ္အသင္းရဲ႕ ကာလရွည္ပစ္မွတ္ကစားသမားျဖစ္တဲ့ ကြင္းလယ္လူ ခရစၥတိုဖာ အန္ကြန္ကူရဲ႕ ေျပာင္းေရႊ႕ေၾကးကို ေပါင္ ၁၃.၅ သန္း (ယူရို ၁၇ သန္း) အထိ ေလွ်ာ့ခ်သတ္မွတ္လုိက္ျပီျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ဇန္နဝါရီလတုန္းက အဆုိပါ ကြင္းလယ္လူကို ေခၚယူဖို႔ ၾကိဳးပမ္းခဲ့ဖူးျပီး ပီအက္စ္ဂ်ီဘက္က ေပါင္ ၂၅ သန္းအထိ ေတာင္းဆိုခဲ့တာေၾကာင့္ လက္ေလွ်ာ့ခဲ့တာျဖစ္ပါတယ္။ ခုလို ေစ်းႏႈန္းသစ္သတ္မွတ္လိုက္တာေၾကာင့္ လန္ဒန္ကလပ္အေနနဲ႔ အန္ကြန္ကူကို ေခၚယူေရး ျပန္လည္ၾကိဳးပမ္သြားးဖို႔ရွိေနပါတယ္။

၅။ အာဆင္နယ္အသင္းနည္းျပ အူႏုိင္း အမ္မရီဟာ လက္ရွိမွာ အေျပာင္းအေရႊ႕ ဘက္ဂ်က္ ေပါင္ ၄၅ သန္းသာ ရရွိထားေပမယ့္ ဇူလိုင္လ ၁ ရက္ေန႔ Adidas နဲ႔ စာခ်ဳပ္စတင္အသက္ဝင္ခ်ိန္မွာ ဘက္ဂ်က္တိုးျမွင့္ဖို႔ ရွိေနတာမို႔ တန္ဖိုးၾကီး ပစ္မွတ္တစ္ခ်ိဳ႕ကို ျပန္လည္ပစ္မွတ္ထားလာေနပါတယ္။

၆။ အာဆင္နယ္အသင္းဟာ ဟန္ေဂရီလက္ေရြးစင္ ၾကယ္ပြင့္ ဒိုမီနစ္ ဆဘိုဇာလိုင္ကို ေခၚယူဖို႔ ေပါင္ ၉ သန္းနဲ႔ စတင္ကမ္းလွမ္းခဲ့ေပမယ့္ မိခင္ကလပ္ လုိက္ပ္ဇစ္ဘက္ကေတာ့ ေပါင္ ၆ သန္း ထပ္မံတုိးျမွင့္ေပးဖို႔ ေတာင္းဆိုထားတယ္လုိ႔ သိရပါတယ္။ အာဆင္နယ္အသင္းဟာ အဆုိပါ ၁၈ ႏွစ္သား ကြင္းလယ္ ၾကယ္ပြင့္ကို အာရြန္ ရမ္ေဆးေနရာမွာ အစားထိုးဖို႔ ပစ္မွတ္ထားၾကိဳးပမ္းေနတာျဖစ္ပါတယ္။

၇။ အာဆင္နယ္အသင္းဟာ ဒိုင္နမုိ ဒရက္စ္ဒန္ ဂိုးသမား မားကပ္စ္ ရွဴးဘတ္ကို ေခၚယူဖို႔ ၾကိဳးပမ္းခဲ့ျခင္းမရွိဘူးလို႔ Sky Sports Germany က ေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ယခု ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂိုးသမားသစ္ ေခၚယူမွာမဟုတ္ပဲ မႏွစ္ကရာသီက ရီဒင္းအသင္းမွာ လက္စြမ္းေကာင္းျပသခဲ့တဲ့ အီမီလီယာႏို မာတီနက္ဇ္ကို ဒုတိယ ဂိုးသမားေနရာ ေပးအပ္ဖို႔သာ အစီအစဥ္ရွိတယ္လုိ႔ သိရပါတယ္။

၈။ အာဆင္နယ္အသင္းဟာ မာေဆးလ္အသင္းက ေရာင္းခ်ဖို႔ စီစဥ္ေနျပီျဖစ္တဲ့ ေတာင္ပံကစားသမား ဖလိုရီယန္ ေသာ္အူဗင္ကို ေခၚယူဖို႔ ခ်ဥ္းကပ္ေနတယ္လုိ႔ Sky Sports ရဲ႕ သတင္းအရ သိရပါတယ္။

Unicode

၁။ အာဆင်နယ်အသင်းဟာ သူတိုရဲ့ တောင်ပံတိုက်စစ် ပစ်မှတ်တွေကို ပြန်လည် ဆန်းစစ်နေတယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်း အဓိက ပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမားက ယာနစ် ကာရက်စ်ကိုနဲ့ ရိုင်ယန် ဖရေဆာတို့ဖြစ်ပေမယ့် လတ်တလော ကောလဟာလတွေ ထွက်ပေါ်နေတဲ့ ဇီယက်ချ်နဲ့ မာဆေးလ်က ထွက်ခွာဖို့ရှိနေတဲ့ သော်အူဗင်တို့ကိုလည်း ပြောင်းလဲ ပစ်မှတ်ထားလာနေတယ်လို့ အဆိုပါသတင်းကဆိုပါတယ်။

၂။ Calcio Mercato ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဘာစီလိုနာ နောက်ခံလူ ဆမ်မြူရယ် အမ်တီတီကို ယူရို သန်း ၅၀ (ပေါင် ၄၅ သန်း) နဲ့ ခေါ်ယူခွင့်ရဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

၃။ အာဆင်နယ် ညာနောက်ခံလူ ကားလ် ယန်ကင်ဆန်ကို ခေါ်ယူဖို့ ဆဲလ်တစ်နဲ့ ဘက်ဆစ်တပ်အပြင် ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းကပါ ချဉ်းကပ်လာနေပြီဖြစ်ပြီး ကာယကံရှင်နဲ့ ဆွေးနွေးမှုစတင်နေပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အဆိုပါကစားသမားကိုရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တာမို့ ပြောင်းရွှေ့ကြေး အများဆုံးပေးမယ့်အသင်းထံ လက်လွှတ်သွားမှာဖြစ်ပါတယ်။

၄။ ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းရဲ့ ကာလရှည်ပစ်မှတ်ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ခရစ္စတိုဖာ အန်ကွန်ကူရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၃.၅ သန်း (ယူရို ၁၇ သန်း) အထိ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက အဆိုပါ ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ပီအက်စ်ဂျီဘက်က ပေါင် ၂၅ သန်းအထိ တောင်းဆိုခဲ့တာကြောင့် လက်လျှော့ခဲ့တာဖြစ်ပါတယ်။ ခုလို ဈေးနှုန်းသစ်သတ်မှတ်လိုက်တာကြောင့် လန်ဒန်ကလပ်အနေနဲ့ အန်ကွန်ကူကို ခေါ်ယူရေး ပြန်လည်ကြိုးပမ်သွားးဖို့ရှိနေပါတယ်။

၅။ အာဆင်နယ်အသင်းနည်းပြ အူနိုင်း အမ်မရီဟာ လက်ရှိမှာ အပြောင်းအရွှေ့ ဘက်ဂျက် ပေါင် ၄၅ သန်းသာ ရရှိထားပေမယ့် ဇူလိုင်လ ၁ ရက်နေ့ Adidas နဲ့ စာချုပ်စတင်အသက်ဝင်ချိန်မှာ ဘက်ဂျက်တိုးမြှင့်ဖို့ ရှိနေတာမို့ တန်ဖိုးကြီး ပစ်မှတ်တစ်ချို့ကို ပြန်လည်ပစ်မှတ်ထားလာနေပါတယ်။

၆။ အာဆင်နယ်အသင်းဟာ ဟန်ဂေရီလက်ရွေးစင် ကြယ်ပွင့် ဒိုမီနစ် ဆဘိုဇာလိုင်ကို ခေါ်ယူဖို့ ပေါင် ၉ သန်းနဲ့ စတင်ကမ်းလှမ်းခဲ့ပေမယ့် မိခင်ကလပ် လိုက်ပ်ဇစ်ဘက်ကတော့ ပေါင် ၆ သန်း ထပ်မံတိုးမြှင့်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါ ၁၈ နှစ်သား ကွင်းလယ် ကြယ်ပွင့်ကို အာရွန် ရမ်ဆေးနေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားကြိုးပမ်းနေတာဖြစ်ပါတယ်။

၇။ အာဆင်နယ်အသင်းဟာ ဒိုင်နမို ဒရက်စ်ဒန် ဂိုးသမား မားကပ်စ် ရှူးဘတ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ခြင်းမရှိဘူးလို့ Sky Sports Germany က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယခု နွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားသစ် ခေါ်ယူမှာမဟုတ်ပဲ မနှစ်ကရာသီက ရီဒင်းအသင်းမှာ လက်စွမ်းကောင်းပြသခဲ့တဲ့ အီမီလီယာနို မာတီနက်ဇ်ကို ဒုတိယ ဂိုးသမားနေရာ ပေးအပ်ဖို့သာ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

၈။ အာဆင်နယ်အသင်းဟာ မာဆေးလ်အသင်းက ရောင်းချဖို့ စီစဉ်နေပြီဖြစ်တဲ့ တောင်ပံကစားသမား ဖလိုရီယန် သော်အူဗင်ကို ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ Sky Sports ရဲ့ သတင်းအရ သိရပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!