ကာရက္စ္ကိုရဲ႕အနာဂတ္ကို ျပတ္ျပတ္သားသား တံု႔ျပန္ခဲ့တဲ့ ဒါလီယန္ရီဖန္

[ZawGyi]
အာဆင္နယ္အသင္းပစ္မွတ္ထားေနတဲ့ ေတာင္ပံတိုက္စစ္ကစားသမား ကာရက္စ္ကိုရဲ႕အနာဂတ္နဲ႔ပတ္သက္လို႔ ဘာကတိေပးမႈမွ ထားရိွထားျခင္းမရိွေၾကာင္း တရုတ္ကလပ္ ဒါလီယန္ရီဖန္းအသင္းက တံု႔ျပန္ခဲ့ပါတယ္။

ဥေရာပေျမကို ေျပာင္းေရႊ႕ခ်င္ေနတဲ့ ကစားသမားဟာ အာဆင္နယ္အသင္းနဲ႔ အေျပာင္းအေရႊ႕ကို ျဖစ္ေပၚေစခ်င္ေနေပမယ့္ ကလပ္အသင္းဘက္ကေတာ့ သူ႔သေဘာအတိုင္း လြယ္လြယ္ကူကူ လိုက္ေလ်ာေပးမယ့္ပံု မရိွဘူးလို႔ ဆိုရမွာပါ။

ဘယ္လ္ဂ်ီယံသားဟာ အက္သလက္တီကိုမက္ဒရစ္အသင္းကေန တရုတ္ေျမကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၂၇)သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တာျဖစ္ျပီး ျပိဳင္ပြဲစံု (၃၆)ပြဲကစားထားအျပီးမွာ သြင္းဂိုး (၁၄)ဂိုးနဲ႔ ဖန္တီးမႈ (၁၁)ၾကိမ္ ျပဳလုပ္ထားႏိုင္ပါတယ္။

အသက္ (၂၅)ႏွစ္သားအေနနဲ႔ လက္ရိွအခ်ိန္မွာေတာ့ ဥေရာပေျမမွာ ျပန္လည္ကစားလိုေနတဲ့ စိတ္ဆႏၵျပင္းျပေနတာေၾကာင့္ ဒါလီယန္ရီဖန္းအသင္းနဲ႔ ဆက္ဆံေရး ထိခိုက္လာခဲ့တာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့တပတ္တုန္းကေတာ့ ကာရက္စ္ကိုဟာ ဘယ္လ္ဂ်ီယံလက္ေရြးစင္အသင္းကေန ဒါလီယန္ရီဖန္းအသင္းကို အခ်ိန္မီ ျပန္လည္မပူးေပါင္းႏိုင္ခဲ့တဲ့အျပင္ ဟီေဘးခ်ိဳင္းနားအသင္းနဲ႔ ကစားတဲ့ပြဲကို လြဲေခ်ာ္ခဲ့ျပီး သူ႔အသင္းကလည္း ရံႈးပြဲၾကံဳခဲ့ရပါတယ္။

ကစားသမားနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရိွျပီးျပီလို႔ သတင္းေတြ ထြက္ေပၚေနတဲ့ အာဆင္နယ္အသင္းဟာ အေျပာင္းအေရႊ႕အတြက္ ခ်ိတ္ဆက္ခဲ့ေပမယ့္လည္း ဒါလီယန္ရီဖန္းအသင္း ေတာင္းဆိုတဲ့ ေပါင္သန္း (၃၀) ေျပာင္းေရႊ႕ေၾကးကို ေပးေခ်လိုျခင္း မရိွတာေၾကာင့္ ေဆြးေႏြးမႈေတြ ပ်က္ျပယ္ဖို႔ မ်ားေနပါတယ္။

ဒါလီယန္ရီဖန္းအသင္းကေတာ့ သူတို႔လိုခ်င္တဲ့ ေျပာင္းေရႊ႕ေၾကးမ်ိဳးရရိွသြားမွာ ကာရက္စ္ကို ကို ထုတ္ေရာင္းသြားဖြယ္ရိွေနျပီး ကစားသမားျဖစ္သူကို ဘာကတိေပးမႈမွ ျပဳလုပ္မထားတာေၾကာင့္ လာမယ့္ပြဲေတြမွာလည္း ပြဲကစားခြင့္ ပိတ္ပင္သြားဦးမယ္လို႔ သိရပါတယ္။

Ref : Express

[Unicode]
အာဆင်နယ်အသင်းပစ်မှတ်ထားနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ကာရက်စ်ကိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဘာကတိပေးမှုမှ ထားရှိထားခြင်းမရှိကြောင်း တရုတ်ကလပ် ဒါလီယန်ရီဖန်းအသင်းက တုံ့ပြန်ခဲ့ပါတယ်။

ဥရောပမြေကို ပြောင်းရွှေ့ချင်နေတဲ့ ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ကို ဖြစ်ပေါ်စေချင်နေပေမယ့် ကလပ်အသင်းဘက်ကတော့ သူ့သဘောအတိုင်း လွယ်လွယ်ကူကူ လိုက်လျောပေးမယ့်ပုံ မရှိဘူးလို့ ဆိုရမှာပါ။

ဘယ်လ်ဂျီယံသားဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကနေ တရုတ်မြေကို ပြောင်းရွှေ့ကြေး ပေါင် (၂၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ (၃၆)ပွဲကစားထားအပြီးမှာ သွင်းဂိုး (၁၄)ဂိုးနဲ့ ဖန်တီးမှု (၁၁)ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

အသက် (၂၅)နှစ်သားအနေနဲ့ လက်ရှိအချိန်မှာတော့ ဥရောပမြေမှာ ပြန်လည်ကစားလိုနေတဲ့ စိတ်ဆန္ဒပြင်းပြနေတာကြောင့် ဒါလီယန်ရီဖန်းအသင်းနဲ့ ဆက်ဆံရေး ထိခိုက်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်တုန်းကတော့ ကာရက်စ်ကိုဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကနေ ဒါလီယန်ရီဖန်းအသင်းကို အချိန်မီ ပြန်လည်မပူးပေါင်းနိုင်ခဲ့တဲ့အပြင် ဟီဘေးချိုင်းနားအသင်းနဲ့ ကစားတဲ့ပွဲကို လွဲချော်ခဲ့ပြီး သူ့အသင်းကလည်း ရှုံးပွဲကြုံခဲ့ရပါတယ်။

ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့အတွက် ချိတ်ဆက်ခဲ့ပေမယ့်လည်း ဒါလီယန်ရီဖန်းအသင်း တောင်းဆိုတဲ့ ပေါင်သန်း (၃၀) ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်း မရှိတာကြောင့် ဆွေးနွေးမှုတွေ ပျက်ပြယ်ဖို့ များနေပါတယ်။

ဒါလီယန်ရီဖန်းအသင်းကတော့ သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးမျိုးရရှိသွားမှာ ကာရက်စ်ကို ကို ထုတ်ရောင်းသွားဖွယ်ရှိနေပြီး ကစားသမားဖြစ်သူကို ဘာကတိပေးမှုမှ ပြုလုပ်မထားတာကြောင့် လာမယ့်ပွဲတွေမှာလည်း ပွဲကစားခွင့် ပိတ်ပင်သွားဦးမယ်လို့ သိရပါတယ်။

Ref : Express



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!