လာလီဂါႏွင့္ စီးရီးေအသတင္းတိုမ်ား

၁။ အင္တာမီလန္အသင္းဟာ ေတာင္ပံကစားသမား အုိင္ဗန္ ပါရီဆစ္အတြက္ တရုတ္ကလပ္ ရွန္ဟိုင္း ရွင္ဟြာထံကေန ယူရို ၂၅ သန္းတန္ ကမ္းလွမ္းခ်က္ ရရွိထားတယ္လုိ႔ သိရပါတယ္။ အင္တာမီလန္အသင္းဟာ ပါရီဆစ္ကို ေရာင္းထုတ္ဖို႔ စိတ္ဆႏၵရွိေနပါတယ္။

၂။ ဘာစီလိုနာအသင္းဟာ ဗလင္စီယာအသင္းက ဘရာဇီးလ္ ဂိုးသမားနီတုိကို ေျပာင္းေရႊ႕ေၾကး ယူရို ၂၅ သန္းနဲ႔ ေခၚယူလိုက္ျပီျဖစ္ပါတယ္။ ဘာစီလုိနာအသင္းက နယ္သာလန္လက္ေရြးစင္ဂိုးသမား ဂ်က္စပါ စီလက္ဆင္ဟာလည္း ဗလင္စီယာအသင္းထံ ျပန္လည္ေျပာင္းေရႊ႕ေတာ့မွာျဖစ္ပါတယ္။

၃။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီတုိက္စစ္ၾကယ္ပြင့္ ကိုင္လီယန္ အမ္ဘာေပကို ေခၚယူဖို႔ ကာလရွည္ပစ္မွတ္ထား ၾကိဳးပမ္းေတာ့မွာျဖစ္ျပီး လာမယ့္ ၂၀၂၀ ေႏြရာသီမွာ အျပီးသတ္ေခၚယူႏုိင္ဖို႔ ေရရွည္စီမံကိန္းခ်ျပီး ၾကိဳးပမ္းသြားေတာ့မွာျဖစ္ပါတယ္။

၄။ မန္ခ်က္စတာစီးတီးအသင္းက အသက္ ၁၅ ႏွစ္အရြယ္ လူငယ္ၾကယ္ပြင့္ ကစားကြက္ဖန္တီးရွင္ ကီယန္ ဘရက္ကင္ကို ေခၚယူဖို႔ ဘာစီလိုနာအသင္းက စိတ္ဝင္စားေနပါတယ္။

၅။ စပါးအသင္းရဲ႕ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆင္ဟာ ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေရႊ႕ခြင့္ရဖို႔ အခြင့္အလမ္းနည္းပါးလာျပီးတဲ့ေနာက္မွာ မန္ယူ ဒါမွမဟုတ္ ဂ်ဴဗင္တပ္အသင္းထံကို ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားေနပါတယ္။

၆။ အင္တာမီလန္အသင္းရဲ႕ နည္းျပ အန္တိုနီယုိ ကြန္တီဟာ အသင္းက ကြင္းလယ္လူ ရက္ဒ္ဂ်ာ ႏုိင္ဂိုလန္ကို ေရာင္းထုတ္သြားဖို႔ အစီအစဥ္မရွိဘူးလို႔ Calcio Mercato. သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

၇။ ဘာစီလိုနာအသင္းက ကြင္းလယ္တုိက္စစ္ကစားသမား ဖီလစ္ပီ ေကာ္တင္ဟိုကို ေခၚယူဖို႔ ပီအက္စ္ဂ်ီအသင္းက ထိပ္ဆံုးက ေရပန္းစားေနျပီး ေခၚယူႏုိင္ဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။

၈။ ဂ်ဴဗင္တပ္အသင္းဟာ သူတို႔ရဲ႕ကြင္းလယ္ၾကယ္ပြင့္ ရိုဒရီဂို ဘန္တန္ကာကို ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ သက္တမ္းတိုးျမွင့္လိုက္ျပီျဖစ္ပါတယ္။

 

Unicode

 

၁။ အင်တာမီလန်အသင်းဟာ တောင်ပံကစားသမား အိုင်ဗန် ပါရီဆစ်အတွက် တရုတ်ကလပ် ရှန်ဟိုင်း ရှင်ဟွာထံကနေ ယူရို ၂၅ သန်းတန် ကမ်းလှမ်းချက် ရရှိထားတယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ ပါရီဆစ်ကို ရောင်းထုတ်ဖို့ စိတ်ဆန္ဒရှိနေပါတယ်။

၂။ ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းက ဘရာဇီးလ် ဂိုးသမားနီတိုကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက နယ်သာလန်လက်ရွေးစင်ဂိုးသမား ဂျက်စပါ စီလက်ဆင်ဟာလည်း ဗလင်စီယာအသင်းထံ ပြန်လည်ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

၃။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ ကာလရှည်ပစ်မှတ်ထား ကြိုးပမ်းတော့မှာဖြစ်ပြီး လာမယ့် ၂၀၂၀ နွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ရေရှည်စီမံကိန်းချပြီး ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။

၄။ မန်ချက်စတာစီးတီးအသင်းက အသက် ၁၅ နှစ်အရွယ် လူငယ်ကြယ်ပွင့် ကစားကွက်ဖန်တီးရှင် ကီယန် ဘရက်ကင်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပါတယ်။

၅။ စပါးအသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ အခွင့်အလမ်းနည်းပါးလာပြီးတဲ့နောက်မှာ မန်ယူ ဒါမှမဟုတ် ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

၆။ အင်တာမီလန်အသင်းရဲ့ နည်းပြ အန်တိုနီယို ကွန်တီဟာ အသင်းက ကွင်းလယ်လူ ရက်ဒ်ဂျာ နိုင်ဂိုလန်ကို ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိဘူးလို့ Calcio Mercato. သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

၇။ ဘာစီလိုနာအသင်းက ကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ်ပီ ကော်တင်ဟိုကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက ထိပ်ဆုံးက ရေပန်းစားနေပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

၈။ ဂျူဗင်တပ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့် ရိုဒရီဂို ဘန်တန်ကာကို ၂၀၂၄ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!