နံနက္ခင္းသတင္းတိုမ်ား

၁။ ဂ်ဴဗင္တပ္အသင္းဟာ မသစ္ ဒီခ်စ္ခ်္ကို ေခၚယူဖုိ႔အတြက္ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ မီႏို ရိုင္ယိုလာကို ဝန္ေဆာင္ခ ေပါင္ ၁၀.၇ သန္း ေပးေခ်ရဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္အသင္းအေနနဲ႔ အဆုိပါကစားသမားကို ေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကး၊ လစာနဲ႔ ေအးဂ်င့္ခ စုစုေပါင္း ေပါင္ ၁၃၄ သန္းအနည္းဆံုး ကုန္က်မွာျဖစ္ပါတယ္။

၂။ ေအစီမီလန္အသင္းဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ဒန္နီ စီဘာေလာ့စ္ကို ေခၚယူဖို႔ စတင္ေဆြးေႏြးေနျပီျဖစ္ပါတယ္။ ဆန္စီရီုကလပ္အေနနဲ႔ ကနဦး ၂ ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူဖုိ႔ မက္ဒရစ္အသင္းထံ ကမ္းလွမ္းထားပါတယ္။ အဆုိပါကလပ္အသင္း ၂ သင္းအၾကားမွာ စီဘာေလာ့စ္အပါအဝင္ ကစားသမား ၅ ဦးရဲ႕ အေျပာင္းအေရႊ႕အတြက္ တခါတည္းေဆြးေႏြးေနတယ္လုိ႔ Goal က ေဖာ္ျပခဲ့ပါတယ္။

၃။ အင္တာမီလန္အသင္းဟာ လုိင္လီ ေတာင္ပံကစားသမား နီကိုလပ္စ္ ပီပီကို ေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၉၀ နဲ႔ စတင္ကမ္းလွမ္းလိုက္ျပီျဖစ္ပါတယ္။ အဆိုပါကစားသမားကို ေခၚယူဖို႔ အာဆင္နယ္၊ အက္သလက္တီကို မက္ဒရစ္၊ မန္ယူ၊ လီဗာပူးလ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း စိတ္ဝင္စားေနပါတယ္။

၄။ ရီးရဲလ္ဘက္တစ္အသင္းက ဘယ္ေနာက္ခံလူ ဂ်ဴနီယာ ဖာပိုကို ေခၚယူဖို႔ မန္ယူအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔က အျပိဳင္ ၾကိဳးပမ္းေနၾကပါတယ္။ ဘက္တစ္အသင္းဟာ အဆုိပါကစားသမားအတြက္ စာခ်ဳပ္ဖ်က္သိမ္းခ ယူရို သန္း ၅၀ သတ္မွတ္ထားေပမယ့္ အဆုိပါပမာဏထက္ ပိုမိုအလိုရွိေနပါတယ္။

၅။ အင္တာမီလန္အသင္းရဲ႕ နည္းျပသစ္ အန္တိုနီယို ကြန္တီက သူ႔ရဲ႕ အသင္းကို တည္ေဆာက္မယ့္ အနာဂတ္အစီအစဥ္ေတြမွာ တုိက္စစ္မွဴး အီကာဒီပါဝင္ျခင္းမရွိဘူးလို႔ အတည္ျပဳလုိက္ျပီျဖစ္ေၾကာင္း Corriere dello Sport က ေဖာ္ျပလိုက္ပါတယ္။ ကြန္တီဟာ အဆုိပါကစားသမားကို ေရာင္းထုတ္ျပီး မန္ယူတုိက္စစ္မွဴး လူကာကူနဲ႔ အစားထိုးခ်င္ေနပါတယ္။

၆။ စေကာ့တလန္ကလပ္ ဆဲလ္တစ္အသင္းရဲ႕ နည္းျပ ေနးလ္ လင္ႏြန္အပါအဝင္ တာဝန္ရွိသူေတြဟာ သူတို႔ရဲ႕ ၾကယ္ပြင့္ ေနာက္ခံလူ ကီရန္ တုိင္ယာနီကို အာဆင္နယ္အသင္းထံ လက္လႊတ္ရေတာ့မယ္လုိ႔ အျပည့္အဝ ယံုၾကည္ေနၾကေၾကာင္း ေဒသခံ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဆဲလ္တစ္အသင္းဟာ အာဆင္နယ္အသင္းရဲ႕ ပထမၾကိမ္ ေပါင္ ၁၅ သန္းနဲ႔ ကမ္းလွမ္းခ်က္ကို ပယ္ခ်ထားျပီး ေပါင္ ၂၅ သန္းအထိ ရရွိဖို႔ ေတာင္းဆိုမႈျပဳလုပ္ထားေပမယ့္ ေပါင္ သန္း ၂၀ ဝန္းက်င္ ရရွိရံုနဲ႔ လက္လႊတ္ဖို႔ ဆံုးျဖတ္ထားျပီးျဖစ္တယ္လုိ႔ သိရပါတယ္။

၇။ ပီအက္စ္ဂ်ီအသင္းနဲ႔ ဘရာဇီးလ္လက္ေရြးစင္အသင္းေတြရဲ႕ ခံစစ္မွဴး မာကြင္ဟို႔စ္က ေနမာဆီကေန အေျပာင္းအေရႊ႕ကိစၥ ေျပာဆိုတာမ်ိဳး မၾကားမိဘူးလို႔ လက္ရွိထြက္ေပၚေနေတဲ့ သတင္းေတြနဲ႔ ပတ္သက္ျပီး မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ လက္ရွိမွာ ေနမာတစ္ေယာက္ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနပါတယ္။

၈။ ေဒါ့မြန္အသင္းကို ျပန္လည္ေျပာင္းေရႊ႕သြားတဲ့ ဘိုင္ယန္ေနာက္ခံလူ ဟမ္းမဲလ္ကို မန္ယူအသင္းကလည္း ေခၚယူိဖု႔ိ ႀကိဳးပမ္းခဲ့တယ္လို႔ Daily Mail ကေဖာ္ျပလာပါတယ္။ မန္ယူအသင္း အမႈေဆာင္အရာရွိ အက္ဒ္၀က္၀ုဒ္က အသက္ ၃၀ အရြယ္ ဟမ္းမဲလ္ကို ေဒ့ါမြန္ထက္ပိုမိုမ်ားျပား တဲ့ ေျပာင္းေရႊ႕ေၾကးေပးၿပီး ကမ္းလွမ္းခဲ့တာလို႔ သိရပါတယ္။ Bild သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ဟမ္းမဲလ္ဟာ မန္ယူအသင္းရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲဲ့တာျဖစ္ၿပီး အေၾကာင္းရင္းကေတာ့ လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ ၀င္ခြင့္မရရွိထားလို႔ ျဖစ္တယ္လို႔ သိရပါတယ္။

၉။ မန္စီးတီးအသင္းဟာ လက္စတာစီးတီးေနာက္ခံလူ ဟယ္ရီ မက္ဂိြဳင္းယားကို ေခၚယူႏုိင္ဖို႔ တျဖည္းျဖည္း နီးစပ္လာေနျပီျဖစ္ျပီး ေျပာင္းေရႊ႕ေၾကး ပမာဏက ေပါင္ ၇၅ သန္းအထိ ေပးေခ်ရဖြယ္ရွိေနတယ္လုိ႔ Sky Sports က ေဖာ္ျပခဲ့ပါတယ္။

၁၀။ ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္ တူခ်ယ္ဟာ ဘုိင္ယန္ျမဴးနစ္အသင္းမွာ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတယ္ ေပၚတူဂီၾကယ္ပြင့္ ရီနာတို ဆန္းခ်က္စ္ကို ေခၚယူဖို႔ ၾကိဳးပမ္းသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ တူခ်ယ္ဟာ အသင္းကေန ထြက္ခြာေတာ့မယ့္ ေအဒရီယန္ ရာဘီေယာ့ရဲ႕ ေနရာမွာ ဆန္းခ်က္စ္နဲ႔ အစားထိုးဖို႔ ဆႏၵရွိေနပါတယ္။

 

Unicode

 

၁။ ဂျူဗင်တပ်အသင်းဟာ မသစ် ဒီချစ်ချ်ကို ခေါ်ယူဖို့အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာကို ဝန်ဆောင်ခ ပေါင် ၁၀.၇ သန်း ပေးချေရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ အဆိုပါကစားသမားကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး၊ လစာနဲ့ အေးဂျင့်ခ စုစုပေါင်း ပေါင် ၁၃၄ သန်းအနည်းဆုံး ကုန်ကျမှာဖြစ်ပါတယ်။

၂။ အေစီမီလန်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဒန်နီ စီဘာလော့စ်ကို ခေါ်ယူဖို့ စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။ ဆန်စီရီုကလပ်အနေနဲ့ ကနဦး ၂ ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ မက်ဒရစ်အသင်းထံ ကမ်းလှမ်းထားပါတယ်။ အဆိုပါကလပ်အသင်း ၂ သင်းအကြားမှာ စီဘာလော့စ်အပါအဝင် ကစားသမား ၅ ဦးရဲ့ အပြောင်းအရွှေ့အတွက် တခါတည်းဆွေးနွေးနေတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

၃။ အင်တာမီလန်အသင်းဟာ လိုင်လီ တောင်ပံကစားသမား နီကိုလပ်စ် ပီပီကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ အဆိုပါကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်၊ အက်သလက်တီကို မက်ဒရစ်၊ မန်ယူ၊ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

၄။ ရီးရဲလ်ဘက်တစ်အသင်းက ဘယ်နောက်ခံလူ ဂျူနီယာ ဖာပိုကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ လီဗာပူးလ်အသင်းတို့က အပြိုင် ကြိုးပမ်းနေကြပါတယ်။ ဘက်တစ်အသင်းဟာ အဆိုပါကစားသမားအတွက် စာချုပ်ဖျက်သိမ်းခ ယူရို သန်း ၅၀ သတ်မှတ်ထားပေမယ့် အဆိုပါပမာဏထက် ပိုမိုအလိုရှိနေပါတယ်။

၅။ အင်တာမီလန်အသင်းရဲ့ နည်းပြသစ် အန်တိုနီယို ကွန်တီက သူ့ရဲ့ အသင်းကို တည်ဆောက်မယ့် အနာဂတ်အစီအစဉ်တွေမှာ တိုက်စစ်မှူး အီကာဒီပါဝင်ခြင်းမရှိဘူးလို့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း Corriere dello Sport က ဖော်ပြလိုက်ပါတယ်။ ကွန်တီဟာ အဆိုပါကစားသမားကို ရောင်းထုတ်ပြီး မန်ယူတိုက်စစ်မှူး လူကာကူနဲ့ အစားထိုးချင်နေပါတယ်။

၆။ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းရဲ့ နည်းပြ နေးလ် လင်နွန်အပါအဝင် တာဝန်ရှိသူတွေဟာ သူတို့ရဲ့ ကြယ်ပွင့် နောက်ခံလူ ကီရန် တိုင်ယာနီကို အာဆင်နယ်အသင်းထံ လက်လွှတ်ရတော့မယ်လို့ အပြည့်အဝ ယုံကြည်နေကြကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဆဲလ်တစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ပထမကြိမ် ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားပြီး ပေါင် ၂၅ သန်းအထိ ရရှိဖို့ တောင်းဆိုမှုပြုလုပ်ထားပေမယ့် ပေါင် သန်း ၂၀ ဝန်းကျင် ရရှိရုံနဲ့ လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

၇။ ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းတွေရဲ့ ခံစစ်မှူး မာကွင်ဟို့စ်က နေမာဆီကနေ အပြောင်းအရွှေ့ကိစ္စ ပြောဆိုတာမျိုး မကြားမိဘူးလို့ လက်ရှိထွက်ပေါ်နေတေဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ နေမာတစ်ယောက် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

၈။ ဒေါ့မွန်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားတဲ့ ဘိုင်ယန်နောက်ခံလူ ဟမ်းမဲလ်ကို မန်ယူအသင်းကလည်း ခေါ်ယိူဖု့ိ ကြိုးပမ်းခဲ့တယ်လို့ Daily Mail ကဖော်ပြလာပါတယ်။ မန်ယူအသင်း အမှုဆောင်အရာရှိ အက်ဒ်ဝက်ဝုဒ်က အသက် ၃၀ အရွယ် ဟမ်းမဲလ်ကို ဒေ့ါမွန်ထက်ပိုမိုများပြား တဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။ Bild သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ဟမ်းမဲလ်ဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပြီး အကြောင်းရင်းကတော့ လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်မရရှိထားလို့ ဖြစ်တယ်လို့ သိရပါတယ်။

၉။ မန်စီးတီးအသင်းဟာ လက်စတာစီးတီးနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာနေပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပမာဏက ပေါင် ၇၅ သန်းအထိ ပေးချေရဖွယ်ရှိနေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

၁၀။ ပီအက်စ်ဂျီနည်းပြ သောမတ်စ် တူချယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတယ် ပေါ်တူဂီကြယ်ပွင့် ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တူချယ်ဟာ အသင်းကနေ ထွက်ခွာတော့မယ့် အေဒရီယန် ရာဘီယော့ရဲ့ နေရာမှာ ဆန်းချက်စ်နဲ့ အစားထိုးဖို့ ဆန္ဒရှိနေပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!