မန္ယူႏုိက္တက္သတင္းတိုမ်ား ၂၃၊ ၆၊ ၂၀၁၉

[ZawGyi]
၁။ မန္ယူႏုိက္တက္အသင္းဟာ ခရစ္စတယ္ပဲေလ့စ္အသင္းရဲ႕ ညာေနာက္ခံၾကယ္ပြင့္ ဝမ္ဘစ္ဆာကာအတြက္ ကနဦးေျပာင္းေရႊ႕ေၾကးကို ေပါင္ (၄၂.၅)သန္းအထိ တုိးျမွင့္ကမ္းလွမ္းလိုက္ျပီျဖစ္တာေၾကာင့္ ႏွစ္သင္းၾကား သေဘာတူညီမႈရဖို႔ နီးစပ္ေနျပီျဖစ္ေၾကာင္း Daily Mail က ေဖာ္ျပခဲ့ပါတယ္။

၂။ စပါးအသင္းရဲ႕ကြင္းလယ္ကစားသမား ခရစ္စတီယန္အဲရစ္ဆင္ဟာ ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ရာခိုင္ႏႈန္းနည္းလာခဲ့ျပီးေနာက္ မန္ယူႏုိက္တက္ ဒါမွမဟုတ္ ဂ်ဴဗင္တပ္တသင္းသင္းထံ ေျပာင္းေရႊ႕လိုေနတယ္လို႔ သိရပါတယ္။

၃။ အင္တာမီလန္အသင္းက ပစ္မွတ္ထားေနတဲ့ တိုက္စစ္မွဴး လူကာကူအတြက္ မန္ယူႏုိက္တက္ဟာ စီးရီးေအကလပ္အသင္းဆီက အာဂ်င္တိုင္းတိုက္စစ္မွဴး အီကာဒီကို အလဲအထပ္အျဖစ္ အလိုရိွေနပါတယ္။

၄။ လူမႈကြန္ယက္ဝက္ဘ္ဆိုဒ္တခုျဖစ္တဲ့ အင္စတာဂရမ္မွာတင္ခဲ့တဲ့ ပို႔စ္တခုေၾကာင့္ မန္ယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနျပီဆိုတဲ့သတင္းေတြကို လက္စတာ ဗဟိုခံစစ္ကစားသမား ဟယ္ရီမက္ဂြဲရားက ျငင္းဆန္ပယ္ခ်သြားခဲ့ပါတယ္။

၅။ မန္ယူႏုိက္တက္အသင္းဟာ ဦးေဆာင္သူကင္းမဲ့ေနတဲ့ အသင္းတသင္းျဖစ္ေနျပီး စည္းကမ္းလိုက္နာျခင္းမရိွတဲ့ကစားသမားေတြ အားလံုးကို ရွင္းထုတ္ပစ္သင့္တယ္လို႔ ဂႏၳဝင္ကစားသမားၾကီး ဂယ္ရီနယ္လ္ဗီးလ္က ေဝဖန္ေျပာၾကားခဲ့ပါတယ္။

၆။ အနာဂတ္ကာလမွာ မန္ယူႏိုက္တက္အသင္းရဲ႕ အဓိကဂိုးသမားျဖစ္လာလိမ့္မယ္လုိ႔ သံုးသပ္ခံရေနတဲ့ လူငယ္ဂိုးသမားေလး ဒင္းဟန္ဒါဆင္ဟာ လက္ရိွလုပ္ခလစာထက္ (၃)ဆပိုမိုအလိုရိွေနျပီး တပတ္လုပ္ခ ေပါင္ (၇)ေသာင္းခြဲအထိ ရယူလိုေနေၾကာင္း သိရပါတယ္။

[Unicode]
၁။ မန်ယူနိုက်တက်အသင်းဟာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ ညာနောက်ခံကြယ်ပွင့် ဝမ်ဘစ်ဆာကာအတွက် ကနဦးပြောင်းရွှေ့ကြေးကို ပေါင် (၄၂.၅)သန်းအထိ တိုးမြှင့်ကမ်းလှမ်းလိုက်ပြီဖြစ်တာကြောင့် နှစ်သင်းကြား သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

၂။ စပါးအသင်းရဲ့ကွင်းလယ်ကစားသမား ခရစ်စတီယန်အဲရစ်ဆင်ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းနည်းလာခဲ့ပြီးနောက် မန်ယူနိုက်တက် ဒါမှမဟုတ် ဂျူဗင်တပ်တသင်းသင်းထံ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

၃။ အင်တာမီလန်အသင်းက ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး လူကာကူအတွက် မန်ယူနိုက်တက်ဟာ စီးရီးအေကလပ်အသင်းဆီက အာဂျင်တိုင်းတိုက်စစ်မှူး အီကာဒီကို အလဲအထပ်အဖြစ် အလိုရှိနေပါတယ်။

၄။ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ အင်စတာဂရမ်မှာတင်ခဲ့တဲ့ ပို့စ်တခုကြောင့် မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုတဲ့သတင်းတွေကို လက်စတာ ဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွဲရားက ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

၅။ မန်ယူနိုက်တက်အသင်းဟာ ဦးဆောင်သူကင်းမဲ့နေတဲ့ အသင်းတသင်းဖြစ်နေပြီး စည်းကမ်းလိုက်နာခြင်းမရှိတဲ့ကစားသမားတွေ အားလုံးကို ရှင်းထုတ်ပစ်သင့်တယ်လို့ ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနယ်လ်ဗီးလ်က ဝေဖန်ပြောကြားခဲ့ပါတယ်။

၆။ အနာဂတ်ကာလမှာ မန်ယူနိုက်တက်အသင်းရဲ့ အဓိကဂိုးသမားဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခံရနေတဲ့ လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆင်ဟာ လက်ရှိလုပ်ခလစာထက် (၃)ဆပိုမိုအလိုရှိနေပြီး တပတ်လုပ်ခ ပေါင် (၇)သောင်းခွဲအထိ ရယူလိုနေကြောင်း သိရပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!