ခ်ယ္လ္ဆီးသတင္းတိုမ်ား ၂၃၊ ၆၊ ၂၀၁၉

[ZawGyi]
၁။ ဂႏၳဝင္ကစားသမားၾကီး ဒီဒီရာဒေရာ့ဘာကေတာ့ ရီးယဲလ္မက္ဒရစ္အသင္းကို ထြက္ခြာသြားခဲ့တဲ့ တုိက္စစ္ကစားသမား ေအဒင္ဟာဇက္ရဲ႕ေနရာကို တိုက္ရိုက္အစားထိုးရန္ ခ်ယ္လ္ဆီးအေနနဲ႔ ခက္ခဲလိမ့္မယ္လုိ႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

၂။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဂႏၳဝင္ကစားသမားၾကီး ဖရန္႔ခ္လမ္းပတ္ကို နည္းျပအျဖစ္ ခန္႔အပ္ႏိုင္ဖို႔အတြက္ ဒါဘီအသင္းဆီ တရားဝင္ကမ္းလွမ္းမႈမရိွေသးတာဟာ အဂၤလန္သားၾကီးရဲ႕ နည္းျပအဖြဲ႕ဝင္ျဖစ္လာမယ့္သူေတြထဲဟာ တခ်ိဳ႕ဟာ အသင္းၾကီးတသင္းကို ကိုင္တြယ္ႏိုင္ေလာက္တဲ့ အေတြ႕အၾကံဳမရိွတာေၾကာင့္ ဆန္းစစ္ေနတဲ့အတြက္ျဖစ္ေၾကာင္း သတင္းေတြက ဆိုပါတယ္။

၃။ ဖီဖာက ခ်မွတ္ထားတဲ့ အေျပာင္းအေရႊ႕ပိတ္ပင္ခံရမႈ အယူခံသာေအာင္ျမင္ခဲ့မယ္ဆိုရင္ ခ်ယ္လ္ဆီးအေနနဲ႔ ဒီႏွစ္ေႏြမွာ ျပင္ဆင္မႈမ်ားစြာ ျပဳလုပ္သြားသင့္ျပီး ေကာ္တင္ညိဳလို ကစားသမားမ်ိဳးကို ေခၚယူကာ ကစားကြက္ပံုေဖာ္သင့္ေၾကာင္း Daily Express သတင္းဌာနက သံုးသပ္သြားခဲ့ပါတယ္။

၄။ မန္စီးတီးေတာင္ပံတိုက္စစ္ကစားသမား ဆာေနးဟာ ေဘယန္းျမဴးနစ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါက ဘြန္ဒက္လီဂါထိပ္သီးကလပ္အေနနဲ႔ အိုဒြိဳင္းအေပၚ စိတ္ဝင္စားမႈ ေလ်ာ့က်သြားႏိုင္ျပီး ခ်ယ္လ္ဆီးအသင္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုရ လြယ္ကူေစလိမ့္မယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

၅။ ျပီးခဲ့တဲ့ရာသီမွာ အငွားလာေရာက္ကစားခဲ့တဲ့ ဇူးမားရဲ႕ေျခစြမ္းကို သေဘာအက်ၾကီးက်ေနတဲ့ အဲဗာတန္အသင္းကေတာ့ ျပင္သစ္သားကို အျပီးသတ္ေခၚယူႏိုင္ဖို႔ က်ားကုတ္က်ားခဲ ဆက္လက္ၾကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

၆။ ခ်ယ္လ္ဆီးအမ်ိဳးသမီးအသင္းဟာ ၾသစေၾတးလ် တိုက္စစ္မွဴး ဆမ္ကားလ္ကို မက္ေမာဖြယ္ရာ လစာေငြေပးေခ်ကာ ကမ္းလွမ္းမႈျပဳခဲ့ေပမယ့္ ကစားသမားဘက္ကေတာ့ အသင္းေျပာင္းေရႊ႕ကစားလိုျခင္းမရိွေၾကာင္း Goal သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

[Unicode]
၁။ ဂန္ထဝင်ကစားသမားကြီး ဒီဒီရာဒရော့ဘာကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်ကစားသမား အေဒင်ဟာဇက်ရဲ့နေရာကို တိုက်ရိုက်အစားထိုးရန် ချယ်လ်ဆီးအနေနဲ့ ခက်ခဲလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

၂။ ချယ်လ်ဆီးအသင်းအနေနဲ့ ဂန္ထဝင်ကစားသမားကြီး ဖရန့်ခ်လမ်းပတ်ကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဒါဘီအသင်းဆီ တရားဝင်ကမ်းလှမ်းမှုမရှိသေးတာဟာ အင်္ဂလန်သားကြီးရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်လာမယ့်သူတွေထဲဟာ တချို့ဟာ အသင်းကြီးတသင်းကို ကိုင်တွယ်နိုင်လောက်တဲ့ အတွေ့အကြုံမရှိတာကြောင့် ဆန်းစစ်နေတဲ့အတွက်ဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။

၃။ ဖီဖာက ချမှတ်ထားတဲ့ အပြောင်းအရွှေ့ပိတ်ပင်ခံရမှု အယူခံသာအောင်မြင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအနေနဲ့ ဒီနှစ်နွေမှာ ပြင်ဆင်မှုများစွာ ပြုလုပ်သွားသင့်ပြီး ကော်တင်ညိုလို ကစားသမားမျိုးကို ခေါ်ယူကာ ကစားကွက်ပုံဖော်သင့်ကြောင်း Daily Express သတင်းဌာနက သုံးသပ်သွားခဲ့ပါတယ်။

၄။ မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား ဆာနေးဟာ ဘေယန်းမြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါက ဘွန်ဒက်လီဂါထိပ်သီးကလပ်အနေနဲ့ အိုဒွိုင်းအပေါ် စိတ်ဝင်စားမှု လျော့ကျသွားနိုင်ပြီး ချယ်လ်ဆီးအသင်း စာချုပ်သစ်ချုပ်ဆိုရ လွယ်ကူစေလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

၅။ ပြီးခဲ့တဲ့ရာသီမှာ အငှားလာရောက်ကစားခဲ့တဲ့ ဇူးမားရဲ့ခြေစွမ်းကို သဘောအကျကြီးကျနေတဲ့ အဲဗာတန်အသင်းကတော့ ပြင်သစ်သားကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကျားကုတ်ကျားခဲ ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

၆။ ချယ်လ်ဆီးအမျိုးသမီးအသင်းဟာ သြစတြေးလျ တိုက်စစ်မှူး ဆမ်ကားလ်ကို မက်မောဖွယ်ရာ လစာငွေပေးချေကာ ကမ်းလှမ်းမှုပြုခဲ့ပေမယ့် ကစားသမားဘက်ကတော့ အသင်းပြောင်းရွှေ့ကစားလိုခြင်းမရှိကြောင်း Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!