အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားေတြ ရယူေပးရန္ ခရြန္ကီ ရည္မွန္းထား

[ZawGyi]
အာဆင္နယ္အသင္းပိုင္ရွင္ျဖစ္တဲ့ စတန္ခရြန္ကီနဲ႔ သားျဖစ္သူ ဂ်ိဳ႕စ္ခရြန္ကီတို႔ဟာ အားကစားနဲ႔ပတ္သက္လုိ႔ စိတ္အားထက္သန္ၾကသူေတြျဖစ္ျပီး ဂန္းနားေတြအတြက္ ပရီးမီးယားလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြ ရယူေပးရန္ ရည္မွန္းထားေၾကာင္း မန္းေနးဂ်င္းဒါရိုက္တာ ဗီႏိုင္းဗန္ကာတီရွန္က ေျပာၾကားလိုက္ပါတယ္။

လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့တဲ့အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ဒီႏွစ္ေႏြမွာ အေျပာင္းအေရႊ႕အသံုးစားရိတ္ ေပါင္သန္း (၄၀)သာရရိွထားတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာေၾကာင့္ ပရိသတ္ေတြက စိတ္ပ်က္ေနၾကျပီး အသင္းအေပၚ အာရံုမစိုက္တဲ့ ပိုင္ရွင္ျဖစ္သူ ခရြန္ကီကို အျပင္းအထန္ ေဝဖန္မႈေတြ ျပဳလုပ္ေနၾကပါတယ္။

ေစ်းကြက္ထဲမွာ တန္ဖိုးနည္းကစားသမားေတြကိုသာ ပစ္မွတ္ထားေနရသလို ေဆြးေႏြးမႈေတြ အဆင္ေျပျခင္းမရိွတာေၾကာင့္ စိတ္ပ်က္ၾကီးပ်က္ေနၾကတဲ့ ပရိသတ္ေတြဟာ Facebook, Twitter ကေနတဆင့္ Kroenke Out ဆိုတဲ့ Campaign ေတြ ျပဳလုပ္လာၾကတဲ့အထိ ျဖစ္လာခဲ့ပါတယ္။

ဒီအခ်ိန္မွာပဲ ဗန္ကာတီရွန္က ေပါင္ (၆.၄)ဘီလီယံ ၾကြယ္ဝခ်မ္းသာတဲ့ ခရြန္ကီဟာ အသင္းအေပၚ အေထာက္အပံ့ေကာင္းေတြ ေပးအပ္ေနျပီး ေအာင္ျမင္မႈေတြအတြက္ ရည္မွန္းခ်က္ၾကီးမားသူျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့မႈကို Football London က ေဖာ္ျပလာခဲ့တာပါ။

” နားေထာင္။ စတန္နဲ႔ ဂ်ိဳ႕စ္တို႔ဟာ အားကစားအေပၚ စိတ္အားထက္သန္ၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ ဆုဖလားေတြလိုခ်င္ၾကတယ္။ ” လို႔ ဗန္ကာတီရွန္က ေျပာပါတယ္။

” ကမၻာတလႊားက အာဆင္နယ္ပရိသတ္တိုင္းကို အသင္းနဲ႔ပတ္သက္လို႔ ဂုဏ္ယူဝမ္းေျမာက္ၾကေစဖို႔အတြက္ ကြ်န္ေတာ္တို႔ ေဆြးေႏြးၾကေလ့ရိွပါတယ္။ အဲဒီအတြက္ ပရီးမီးယားလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ျပိဳင္ဘက္ေကာင္းေတြနဲ႔အျပိဳင္ ရင္ဆိုင္ အရယူသြားမယ္ဆိုတဲ့အေတြးဟာ ရာအူးလ္ (ဆန္လက္ဟီ)ဆီကေရာ၊ ကြ်န္ေတာ့္ဆီကပါ ထြက္ေပၚလာခဲ့တာ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ အသင္းပိုင္ရွင္ေတြဆီက ထြက္ေပၚလာတာပါ။ ”

” သူတို႔ဟာ အာဆင္နယ္အသင္းနဲ႔ပတ္သက္လုိ႔ ရည္မွန္းခ်က္ၾကီးၾကတယ္။ သမုိင္းဝင္ေအာင္ျမင္မႈေတြကို ေဖာ္ေဆာင္ေပးလိုၾကတယ္။ အဲဒီအတြက္ အသင္းကို ေကာင္းေကာင္း အေထာက္အပံ့ေပးထားပါတယ္။ ”

ဗန္ကာတီရွန္က ” အဲဒီအတြက္ အသင္းပိုင္ရွင္ေတြနဲ႔ ကြ်န္ေတာ္တုိ႔ႏွစ္ဦးသား အေသးစိတ္ေဆြးေႏြးမႈေတြ မၾကာခဏ လုပ္ေလ့ရိွတယ္။ စတန္နဲ႔ ဂ်ိဳ႕စ္တုိ႔ရဲ႕ ေထာက္ပံ့မႈေတြ၊ လမ္းညႊန္ခ်က္ေတြနဲ႔ အသင္းက လည္ပတ္ေနတာပါ။ အသင္းအတြက္ ရလာတဲ့ ေငြတျပားတခ်ပ္တိုင္းဟာ ရည္မွန္းခ်က္ေတြအတြက္ အသံုးျပဳဖို႔ျဖစ္ပါတယ္။ FFP စည္းမ်ဥ္းနဲ႔အညီ အျမင့္ဆံုးသံုးႏိုင္တဲ့ ဘတ္ဂ်တ္ပမာဏကို ကြ်န္ေတာ္တို႔ အသံုးျပဳသြားမွာ ျဖစ္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : Football London

[Unicode]
အာဆင်နယ်အသင်းပိုင်ရှင်ဖြစ်တဲ့ စတန်ခရွန်ကီနဲ့ သားဖြစ်သူ ဂျို့စ်ခရွန်ကီတို့ဟာ အားကစားနဲ့ပတ်သက်လို့ စိတ်အားထက်သန်ကြသူတွေဖြစ်ပြီး ဂန်းနားတွေအတွက် ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးရန် ရည်မှန်းထားကြောင်း မန်းနေးဂျင်းဒါရိုက်တာ ဗီနိုင်းဗန်ကာတီရှန်က ပြောကြားလိုက်ပါတယ်။

လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်နွေမှာ အပြောင်းအရွှေ့အသုံးစားရိတ် ပေါင်သန်း (၄၀)သာရရှိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပရိသတ်တွေက စိတ်ပျက်နေကြပြီး အသင်းအပေါ် အာရုံမစိုက်တဲ့ ပိုင်ရှင်ဖြစ်သူ ခရွန်ကီကို အပြင်းအထန် ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။

ဈေးကွက်ထဲမှာ တန်ဖိုးနည်းကစားသမားတွေကိုသာ ပစ်မှတ်ထားနေရသလို ဆွေးနွေးမှုတွေ အဆင်ပြေခြင်းမရှိတာကြောင့် စိတ်ပျက်ကြီးပျက်နေကြတဲ့ ပရိသတ်တွေဟာ Facebook, Twitter ကနေတဆင့် Kroenke Out ဆိုတဲ့ Campaign တွေ ပြုလုပ်လာကြတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဒီအချိန်မှာပဲ ဗန်ကာတီရှန်က ပေါင် (၆.၄)ဘီလီယံ ကြွယ်ဝချမ်းသာတဲ့ ခရွန်ကီဟာ အသင်းအပေါ် အထောက်အပံ့ကောင်းတွေ ပေးအပ်နေပြီး အောင်မြင်မှုတွေအတွက် ရည်မှန်းချက်ကြီးမားသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့မှုကို Football London က ဖော်ပြလာခဲ့တာပါ။

” နားထောင်။ စတန်နဲ့ ဂျို့စ်တို့ဟာ အားကစားအပေါ် စိတ်အားထက်သန်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဆုဖလားတွေလိုချင်ကြတယ်။ ” လို့ ဗန်ကာတီရှန်က ပြောပါတယ်။

” ကမ္ဘာတလွှားက အာဆင်နယ်ပရိသတ်တိုင်းကို အသင်းနဲ့ပတ်သက်လို့ ဂုဏ်ယူဝမ်းမြောက်ကြစေဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးကြလေ့ရှိပါတယ်။ အဲဒီအတွက် ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ပြိုင်ဘက်ကောင်းတွေနဲ့အပြိုင် ရင်ဆိုင် အရယူသွားမယ်ဆိုတဲ့အတွေးဟာ ရာအူးလ် (ဆန်လက်ဟီ)ဆီကရော၊ ကျွန်တော့်ဆီကပါ ထွက်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းပိုင်ရှင်တွေဆီက ထွက်ပေါ်လာတာပါ။ ”

” သူတို့ဟာ အာဆင်နယ်အသင်းနဲ့ပတ်သက်လို့ ရည်မှန်းချက်ကြီးကြတယ်။ သမိုင်းဝင်အောင်မြင်မှုတွေကို ဖော်ဆောင်ပေးလိုကြတယ်။ အဲဒီအတွက် အသင်းကို ကောင်းကောင်း အထောက်အပံ့ပေးထားပါတယ်။ ”

ဗန်ကာတီရှန်က ” အဲဒီအတွက် အသင်းပိုင်ရှင်တွေနဲ့ ကျွန်တော်တို့နှစ်ဦးသား အသေးစိတ်ဆွေးနွေးမှုတွေ မကြာခဏ လုပ်လေ့ရှိတယ်။ စတန်နဲ့ ဂျို့စ်တို့ရဲ့ ထောက်ပံ့မှုတွေ၊ လမ်းညွှန်ချက်တွေနဲ့ အသင်းက လည်ပတ်နေတာပါ။ အသင်းအတွက် ရလာတဲ့ ငွေတပြားတချပ်တိုင်းဟာ ရည်မှန်းချက်တွေအတွက် အသုံးပြုဖို့ဖြစ်ပါတယ်။ FFP စည်းမျဉ်းနဲ့အညီ အမြင့်ဆုံးသုံးနိုင်တဲ့ ဘတ်ဂျတ်ပမာဏကို ကျွန်တော်တို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Football London



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!