ဂရင္းဝုဒ္ကို ဗန္ပါစီနဲ႔ ႏိႈင္းယွဥ္ ခ်ီးမြမ္းလိုက္တဲ့ ဟားဂေရ႕ဗ္စ္

အက္စတာနာအသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ယူရိုပါလိဂ္ ပြဲစဥ္မွာ ေျခစြမ္းျပ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ လူငယ္ၾကယ္ပြင့္ တုိက္စစ္မွဴး ေမဆင္ ဂရင္းဝုဒ္ဟာ ဗန္ပါစီလို ဂိုးသြင္းသူရဲတစ္ဦးျဖစ္လာမယ့္သူျဖစ္တယ္လုိ႔ မန္ယူကြင္းလယ္ကစားသမားေဟာင္း အိုဝင္ ဟားဂေရ႕ဗ္စ္က ခ်ီးမြမ္းေျပာဆိုလိုက္ပါတယ္။

ဂရင္းဝုဒ္ဟာ ဒီကေန႔ မနက္ပိုင္းမွာ ယွဥ္ျပိဳင္ကစားခဲ့တဲ့ အဆုိပါပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၇၃ မိနစ္မွာ တစ္လံုးတည္းေသာ အႏုိင္ဂိုးျဖစ္လာေစမယ့္ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ျပီး အသင္းရဲ႕ သမုိင္းတစ္ေလွ်ာက္မွာ အသက္အငယ္ဆံုး ဥေရာပျပိဳင္ပြဲမွာ ဂိုးသြင္းသူလည္းျဖစ္လာခဲ့ပါတယ္။

ဟားဂေရ႕ဗ္စ္ကေတာ့ ဂရင္းဝုဒ္ရဲ႕ အဆံုးသတ္စြမ္းရည္ကို ျမင္ေတြ႕ရတာဟာ ဗန္ပါစီကို ျပန္သတိရေစတယ္လို႔ ဆိုခဲ့ပါတယ္။ “သူ ဒီေန႔ ပြဲက ေျခစြမ္းေၾကာင္း အရမ္းေပ်ာ္ရႊင္ေနလိမ့္မယ္ဆိုတာကို ကၽြန္ေတာ္ခံစားမိပါတယ္။ သူ႕ရဲ႕ ေဘာလံုးထိခ်က္တုိင္းက အသက္ပါျပီးေတာ့ သူ႔က အင္အားကို အလြန္အကၽြံသံုးစြဲတာမ်ိဳးမလုပ္ပဲ ပါးပါးနပ္နပ္ကစားသြားခဲ့တာပါ” လို႔ ဟားဂေရ႕ဗ္စ္က BT Sport ကို ေျပာဆိုခဲ့ပါတယ္။

“အသက္ ၁၇ ႏွစ္သားတစ္ေယာက္ ပင္နယ္တီ ဧရိယာထဲမွာ တည္တည္ျငိမ္ျငိမ္ကစားေနပုံက အံ့ၾသစရာပါ။ သူ႔ ပံုစံကို ၾကည့္ရတာ သူအလိုရွိတာကို ျပတ္ျပတ္သားသား ထင္ထင္ရွားရွား သိျမင္ထားသလိုမ်ိဳးပါပဲ။ ေျပးဝင္လာတယ္ ဘယ္ေျခနဲ႔ တိတိက်က် ကန္သြင္းယူသြားတယ္။ တကယ့္ ဗန္ပါစီပါပဲ။ တကယ့္ ထိပ္တန္းကစားသမားဗ်ာ။ တကယ္ကို ထိပ္တန္းကို ေရာက္လာမယ့္ သူေလးပါ” လို႔ သူက ဆက္လက္ခ်ီးမြမ္းေျပာဆိုသြားခဲ့ပါတယ္။

ေမဆင္ ဂရင္းဝုဒ္ဟာ အသက္ ၁၇ ႏွစ္ အရြယ္သာရွိေသးျပီးေတာ့ မန္ယူလူငယ္အသင္းမွာ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့တာေၾကာင့္ နည္းျပ ဆိုးလ္ရွားက ယခုရာသီအစမွာ အသင္းၾကီးထံ ေခၚေဆာင္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။
Ref: Metro, BT Sport

[UNICODE]

အက်စတာနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ဟာ ဗန်ပါစီလို ဂိုးသွင်းသူရဲတစ်ဦးဖြစ်လာမယ့်သူဖြစ်တယ်လို့ မန်ယူကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရေ့ဗ်စ်က ချီးမွမ်းပြောဆိုလိုက်ပါတယ်။

ဂရင်းဝုဒ်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ရဲ့ ပွဲချိန် ၇၃ မိနစ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်လာစေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး ဥရောပပြိုင်ပွဲမှာ ဂိုးသွင်းသူလည်းဖြစ်လာခဲ့ပါတယ်။

ဟားဂရေ့ဗ်စ်ကတော့ ဂရင်းဝုဒ်ရဲ့ အဆုံးသတ်စွမ်းရည်ကို မြင်တွေ့ရတာဟာ ဗန်ပါစီကို ပြန်သတိရစေတယ်လို့ ဆိုခဲ့ပါတယ်။ “သူ ဒီနေ့ ပွဲက ခြေစွမ်းကြောင်း အရမ်းပျော်ရွှင်နေလိမ့်မယ်ဆိုတာကို ကျွန်တော်ခံစားမိပါတယ်။ သူ့ရဲ့ ဘောလုံးထိချက်တိုင်းက အသက်ပါပြီးတော့ သူ့က အင်အားကို အလွန်အကျွံသုံးစွဲတာမျိုးမလုပ်ပဲ ပါးပါးနပ်နပ်ကစားသွားခဲ့တာပါ” လို့ ဟားဂရေ့ဗ်စ်က BT Sport ကို ပြောဆိုခဲ့ပါတယ်။

“အသက် ၁၇ နှစ်သားတစ်ယောက် ပင်နယ်တီ ဧရိယာထဲမှာ တည်တည်ငြိမ်ငြိမ်ကစားနေပုံက အံ့သြစရာပါ။ သူ့ ပုံစံကို ကြည့်ရတာ သူအလိုရှိတာကို ပြတ်ပြတ်သားသား ထင်ထင်ရှားရှား သိမြင်ထားသလိုမျိုးပါပဲ။ ပြေးဝင်လာတယ် ဘယ်ခြေနဲ့ တိတိကျကျ ကန်သွင်းယူသွားတယ်။ တကယ့် ဗန်ပါစီပါပဲ။ တကယ့် ထိပ်တန်းကစားသမားဗျာ။ တကယ်ကို ထိပ်တန်းကို ရောက်လာမယ့် သူလေးပါ” လို့ သူက ဆက်လက်ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။

မေဆင် ဂရင်းဝုဒ်ဟာ အသက် ၁၇ နှစ် အရွယ်သာရှိသေးပြီးတော့ မန်ယူလူငယ်အသင်းမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တာကြောင့် နည်းပြ ဆိုးလ်ရှားက ယခုရာသီအစမှာ အသင်းကြီးထံ ခေါ်ဆောင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
Ref: Metro, BT Sport



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!