အိုဇေးလ်ဟာ ပွဲထွက်ခွင့်နဲ့ မထိုက်တန်ဘူးလို့ ပြောဆိုလိုက်တဲ့ အမ်မရီ

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီက အသင်းက ဝါရင့် ကွင်းလယ်ဖန်တီးရှင် မီဆွတ် အိုဇေးလ်ဟာ လူငယ်တွေကို ကျော်လွန်ပြီး ပွဲထွက်ကစားခွင့်ရဖို့ မထိုက်တန်ဘူးလို့ ပြတ်ပြတ်သားသားပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီကနေ့ မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဝါရင့်ကွင်းလယ်လူ အိုဇေးလ်ကို လူစာရင်းကနေ လုံးဝချန်လှပ်ခဲ့ပြီး လူငယ်တွေကိုသာ နေရာပေးကစားစေခဲ့သလို လူငယ်ကြယ်ပွင့်တွေကလည်း နည်းပြရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် ခြေစွမ်းကောင်းပြသခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အိုဇေးလ်ဟာ အသင်းရဲ့ ဒုတိယဦးစားပေးပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်မှာပါ ပွဲကစားခွင့် ပျောက်ဆုံးခဲ့တဲ့နောက်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ နည်းပြ အမ်မရီကတော့ အိုဇေးလ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ရပ်တည်ချက်ကို သတင်းစာရှင်းလင်းပွဲမှာ ခုလို ဖြေကြားသွားခဲ့ပါတယ်။

“ကျွန်တော် အမြဲတမ်း ဆုံးဖြတ်ချက်တွေ ချမှတ်နေရတာပါ။ တစ်ပွဲချင်းစအလိုက် အကောင်းဆုံးဖြစ်မယ့် ကစားသမားတွေ၊ လူစာရင်းကို ကောင်းကောင်းကူညီနိုင်မယ့် ကစားသမားတွေ ရွေးချယ်ဖို့ပေါ့။ ကျွန်တော် ဆုံးဖြတ်ချက် ချတိုင်း သူမပါဝင်ခဲ့ပါဘူး။ ဘာလို့လဲဆိုရင် တခြားကစားသမားတွေက သူ့ထက်ပိုပြီး ထိုက်တန်နေတယ်လို့ ကျွန်တော် ယုံကြည်တာကြောင့်ပါ။ လာမယ့် တနင်္ဂနွေနေ့မှာ နောက်ထပ် ဆုံးဖြတ်ချက်တွေ ချမှတ်ရဖို့ရှိနေပါတယ်။ ဒီအတိုင်းပဲဖြစ်လာဦးမှာပါ” လို့ အမ်မရီက BT Sport ကို ပြောဆိုခဲ့ပါတယ်။

“အကောင်းဆုံးကစားသမား ၁၁ ယောက်ကို ရွေးချယ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ နိုင်ပွဲရှာဖွေဖို့ ပစ်မှတ်ထားထားပါတယ်။ ဘုန်းမောက်သ်နဲ့ ယှဉ်ပြိုင်ရတဲ့ ခက်ခဲမှုမျိုးကို အသားတကျ ပြန်လည် တုန့်ပြန်နိုင်မယ့် ကစားသမားတွေပေါ့။ ကျွန်တော်တို့ တစ်ပွဲချင်းစီအလိုက် လိုအပ်သလို ချဉ်းကပ်သွားမှာပါ” လို့လည်း အမ်မရီက ဆက်လက်ပြောဆိုခဲ့ပါသေးတယ်။

အမ်မရီဟာ လက်ရှိရာသီမှာ No.10 role မပါတဲ့ ၄-၃-၃ ကစားကွက် စစ်စစ်ကို သုံးစွဲနေပြီး အဆိုပါ ကစားကွက်မှာ အိုဇေးလ် အံဝင်ခွင်ကျကစားနိုင်မယ့် Position မရှိတာက ဂျာမန် ကြယ်ပွင့်အတွက် ပွဲကစားခွင့် အခွင့်အရေး နည်းပါးနေရတဲ့ အဓိက အချက်တစ်ချက်ဖြစ်ပါတယ်။ အိုဇေးလ်ဟာ ထိပ်တန်းအဆင့် ကွင်းလယ်ဖန်တီးရှင် တစ်ဦးဖြစ်ခဲ့ပေမယ့် ကြံ့ခိုင်မှုနဲ့ စိတ်အားထက်သန်မှုပိုင်းတွေနဲ့ ပတ်သက်ပြီး အမြဲတစေ ဝေဖန်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်အသင်းဘက်က ရောင်းထုတ်ဖို့ စီစဉ်ခဲ့ဖူးပေမယ့် ခေါ်ယူလိုတဲ့အသင်းမရှိတာကြောင့် အခက်ကြုံနေတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။
Ref: Goal

 

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ အူႏုိင္း အမ္မရီက အသင္းက ဝါရင့္ ကြင္းလယ္ဖန္တီးရွင္ မီဆြတ္ အိုေဇးလ္ဟာ လူငယ္ေတြကို ေက်ာ္လြန္ျပီး ပြဲထြက္ကစားခြင့္ရဖို႔ မထိုက္တန္ဘူးလို႔ ျပတ္ျပတ္သားသားေျပာဆိုလုိက္ပါတယ္။

အာဆင္နယ္အသင္းဟာ ဒီကေန႔ မနက္မွာ ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ ဝါရင့္ကြင္းလယ္လူ အိုေဇးလ္ကို လူစာရင္းကေန လံုးဝခ်န္လွပ္ခဲ့ျပီး လူငယ္ေတြကိုသာ ေနရာေပးကစားေစခဲ့သလို လူငယ္ၾကယ္ပြင့္ေတြကလည္း နည္းျပရဲ႕ ယံုၾကည္မႈနဲ႔ ထိုက္တန္ေအာင္ ေျခစြမ္းေကာင္းျပသခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္မွာ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနတဲ့ အိုေဇးလ္ဟာ အသင္းရဲ႕ ဒုတိယဦးစားေပးျပိဳင္ပြဲျဖစ္တဲ့ ယူရိုပါလိဂ္မွာပါ ပြဲကစားခြင့္ ေပ်ာက္ဆံုးခဲ့တဲ့ေနာက္မွာ သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး မီဒီယာေတြက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ နည္းျပ အမ္မရီကေတာ့ အိုေဇးလ္နဲ႔ ပတ္သက္ျပီး သူ႔ရဲ႕ ရပ္တည္ခ်က္ကို သတင္းစာရွင္းလင္းပြဲမွာ ခုလို ေျဖၾကားသြားခဲ့ပါတယ္။

“ကၽြန္ေတာ္ အျမဲတမ္း ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ေနရတာပါ။ တစ္ပြဲခ်င္းစအလိုက္ အေကာင္းဆံုးျဖစ္မယ့္ ကစားသမားေတြ၊ လူစာရင္းကို ေကာင္းေကာင္းကူညီႏုိင္မယ့္ ကစားသမားေတြ ေရြးခ်ယ္ဖို႔ေပါ့။ ကၽြန္ေတာ္ ဆံုးျဖတ္ခ်က္ ခ်တုိင္း သူမပါဝင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုရင္ တျခားကစားသမားေတြက သူ႔ထက္ပိုျပီး ထိုက္တန္ေနတယ္လို႔ ကၽြန္ေတာ္ ယံုၾကည္တာေၾကာင့္ပါ။ လာမယ့္ တနဂၤေႏြေန႔မွာ ေနာက္ထပ္ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရဖို႔ရွိေနပါတယ္။ ဒီအတုိင္းပဲျဖစ္လာဦးမွာပါ” လို႔ အမ္မရီက BT Sport ကို ေျပာဆိုခဲ့ပါတယ္။

“အေကာင္းဆံုးကစားသမား ၁၁ ေယာက္ကို ေရြးခ်ယ္ျပီး လာမယ့္ တနဂၤေႏြေန႔မွာ ႏုိင္ပြဲရွာေဖြဖို႔ ပစ္မွတ္ထားထားပါတယ္။ ဘုန္းေမာက္သ္နဲ႔ ယွဥ္ျပိဳင္ရတဲ့ ခက္ခဲမႈမ်ိဳးကို အသားတက် ျပန္လည္ တုန္႔ျပန္ႏုိင္မယ့္ ကစားသမားေတြေပါ့။ ကၽြန္ေတာ္တို႔ တစ္ပြဲခ်င္းစီအလိုက္ လိုအပ္သလို ခ်ဥ္းကပ္သြားမွာပါ” လို႔လည္း အမ္မရီက ဆက္လက္ေျပာဆိုခဲ့ပါေသးတယ္။

အမ္မရီဟာ လက္ရွိရာသီမွာ No.10 role မပါတဲ့ ၄-၃-၃ ကစားကြက္ စစ္စစ္ကို သံုးစြဲေနျပီး အဆုိပါ ကစားကြက္မွာ အိုေဇးလ္ အံဝင္ခြင္က်ကစားႏုိင္မယ့္ Position မရွိတာက ဂ်ာမန္ ၾကယ္ပြင့္အတြက္ ပြဲကစားခြင့္ အခြင့္အေရး နည္းပါးေနရတဲ့ အဓိက အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ အိုေဇးလ္ဟာ ထိပ္တန္းအဆင့္ ကြင္းလယ္ဖန္တီးရွင္ တစ္ဦးျဖစ္ခဲ့ေပမယ့္ ၾကံ့ခုိင္မႈနဲ႔ စိတ္အားထက္သန္မႈပိုင္းေတြနဲ႔ ပတ္သက္ျပီး အျမဲတေစ ေဝဖန္ခံခဲ့ရသူျဖစ္ျပီး ျပီးခဲ့တဲ့ ေႏြရာသီမွာ အာဆင္နယ္အသင္းဘက္က ေရာင္းထုတ္ဖို႔ စီစဥ္ခဲ့ဖူးေပမယ့္ ေခၚယူလိုတဲ့အသင္းမရွိတာေၾကာင့္ အခက္ၾကံဳေနတဲ့ ကစားသမား တစ္ဦးျဖစ္ပါတယ္။
Ref: Goal



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!