မန်ယူနဲ့ အာဆင်နယ် လူငယ်တွေအကြားက ကွာဟချက်ကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ မိုက်ကယ် အိုဝင်

[UNICODE]

ဒီကနေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေအပြီးမှာ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ လူငယ်မျိုးဆက်သစ်တွေအကြား ခြားနားချက်ကို မန်ယူတိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းရော မန်ယူအသင်းပါ ယူရိုပါလိဂ် အုပ်စု အဖွင့် ၂ ပွဲစလုံးမှာ လူငယ်တွေကို အခြေပြုထားတဲ့ အသင်းတွေနဲ့ ကစားခဲ့ကြတာဖြစ်ပေမယ့် အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ် ၂ ပွဲမှာ ရမှတ် ၆ မှတ် သွင်းဂိုး ၇ ဂိုး ပေးဂိုးမရှိရလဒ် ရယူနိုင်ခဲ့ပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် မန်ယူအသင်းကတော့ အဆိုပါ ၂ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပြီး ကစားပုံပိုင်းမှာလည်း ရုံးကန်နေခဲ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အိုဝင်က အာဆင်နယ်နဲ့ မန်ယူအသင်းတွေရဲ့ လူငယ်မျိုးဆက်သစ်တွေအကြားမှာ ကွာခြားချက်တွေရှိနေပြီး မန်ယူ လူငယ်တွေဟာ အသင်းကြီးကို ခေါ်ဆောင်ခံထားရပေမယ့် ထိုက်တန်မှုမရှိကြဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

“မန်ချက်စတာ ယူနိုက်တက် လူငယ်တွေက အောင်မြင်ချင်ပေမယ့် လုံလုံလောက်လောက်ပြင်ဆင်မထားတဲ့ ပုံပေါက်နေပါတယ်။ အာဆင်နယ်မှာကတော့ ပိုမိုကောင်းမွန်တဲ့ ပလက်ဖောင်းတစ်ခုရှိနေပါပြီ။ (မန်ယူမှာက) တစ်ချို့ကစားသမားတွေဟာ လုံလောက်တဲ့ ခြေစွမ်းကောင်းမျိုး မရှိကြပါဘူး။ ဒါက တကယ့်ပြဿနာပါ” လို့ အိုဝင်က ဆိုခဲ့ပါတယ်။

“မန်ယူကို လေးစားမှု အပြည့်ရှိပါတယ်။ ဒါပေမယ့် သူတို့သာ တောင့်တင်းတဲ့ အသင်းတစ်သင်းပိုင်ဆိုင်ထားမယ်ဆိုရင် မေဆင် ဂရင်းဝုဒ်ဟာ အခွင့်အရေးတွေ ဒီထက်ပိုပိုင်ဆိုင်ပြီး ဂိုးတွေသွင်းယူပြနိုင်နေမှာပါ။ အသင်းက ကစားသမားတစ်ချို့က ဒီလို အခွင့်အရေးတွေ ဖန်တီးမပေးနိုင်ကြပါဘူး။ ဒါက သူတို့အတွက် နာကျင်စရာကောင်းနိုင်တယ်လို့ ခင်ဗျားပြောချင်ပြောနိုင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒါက ကောင်းမွန်တဲ့ ကိစ္စလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လတ်တလောမှာ သူတို့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားနေကြပေမယ့် ခု (ပြသခဲ့တဲ့ ခြေစွမ်းတွေအရ) ဆိုရင် အသင်းကနေ ထွက်ခွာနိုင်ပါပြီ” လို့ အိုဝင်က ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် ဂန္တဝင်ဟောင်းတစ်ဦးဖြစ်တဲ့ မာတင် ကီယွန်ကလည်း အာဆင်နယ်အသင်းဟာ စနစ်ကျတဲ့ လူငယ်မွေးထုတ်မှုတွေ ပြုလုပ်နိုင်နေပြီဖြစ်ပြီး လူငယ်တွေရဲ့ ခြေစွမ်းဟာ ယုံကြည်မှုထားလို့ရတဲ့ အဆင့်ကို ရောက်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ “အသင်းတစ်သင်းမှာ အရမ်းကောင်းတဲ့ သူတစ်ယောက်ရှိရင် သူနဲ့ ကစားပေါက်တူပြီး သူ့လောက် သိပ်မကောင်းတဲ့ သူက စတေးခံကြရပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်အသင်း လူငယ်တွေနဲ့ ဘာလုပ်ချင်နေတယ်ဆိုတာကို ကျွန်တော် မြင်မိတာပါ။ (အာဆင်နယ် လူငယ်တွေ) သူတို့တွေက အာဆင်နယ်မှာ ပိုပြီးတည်ငြိမ်ခိုင်မာတဲ့ ဖွဲ့စည်းပုံနဲ့ ရှိနေခဲ့ကြတာပါ။ သူတို့ (အာဆင်နယ်) က အသင်းက ဝါရင့်ကစားသမားတိုင်းရဲ့ ကိုယ်ပွားတွေကို အဆင်သင့်မွေးမြူနေတာပါ။ ခင်ဗျားကြည့်စမ်းပါ။ ကွင်းလယ်၊ ဖွဲ့စည်းပုံနဲ့ ဟန်ချက်ညီမှုတွေမှာ သူတို့ ဒီအတိုင်းလုပ်နေတာပါ” လို့ အာဆင်နယ် ဂန္တဝင်ဟောင်းက ဆိုခဲ့ပါတယ်။
Ref: The Mirror

 

[ZAWGYI]

ဒီကေန႔ မနက္ပိုင္းမွာ ကစားခဲ့တဲ့ ယူရိုပါလိဂ္ ပြဲစဥ္ေတြအျပီးမွာ အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္းတို႔ရဲ႕ လူငယ္မ်ိဳးဆက္သစ္ေတြအၾကား ျခားနားခ်က္ကို မန္ယူတုိက္စစ္မွဴးေဟာင္း မုိက္ကယ္ အိုဝင္က ဖြင့္ဟ ေျပာဆိုလုိက္ပါတယ္။

အာဆင္နယ္အသင္းေရာ မန္ယူအသင္းပါ ယူရိုပါလိဂ္ အုပ္စု အဖြင့္ ၂ ပြဲစလံုးမွာ လူငယ္ေတြကို အေျချပဳထားတဲ့ အသင္းေတြနဲ႔ ကစားခဲ့ၾကတာျဖစ္ေပမယ့္ အာဆင္နယ္အသင္းဟာ အဆုိပါပြဲစဥ္ ၂ ပြဲမွာ ရမွတ္ ၆ မွတ္ သြင္းဂိုး ၇ ဂိုး ေပးဂိုးမရွိရလဒ္ ရယူႏုိင္ခဲ့ျပီး ေျခစြမ္းေကာင္းျပသႏုိင္ခဲ့ေပမယ့္ မန္ယူအသင္းကေတာ့ အဆုိပါ ၂ ပြဲမွာ သြင္းဂိုး ၁ ဂိုးသာ ရရွိခဲ့ျပီး ကစားပံုပိုင္းမွာလည္း ရံုးကန္ေနခဲ့ရပါတယ္။

ဒါနဲ႔ ပတ္သက္ျပီး အိုဝင္က အာဆင္နယ္နဲ႔ မန္ယူအသင္းေတြရဲ႕ လူငယ္မ်ိဳးဆက္သစ္ေတြအၾကားမွာ ကြာျခားခ်က္ေတြရွိေနျပီး မန္ယူ လူငယ္ေတြဟာ အသင္းၾကီးကို ေခၚေဆာင္ခံထားရေပမယ့္ ထိုက္တန္မႈမရွိၾကဘူးလုိ႔ ေဝဖန္ေျပာဆိုလုိက္ပါတယ္။

“မန္ခ်က္စတာ ယူႏိုက္တက္ လူငယ္ေတြက ေအာင္ျမင္ခ်င္ေပမယ့္ လံုလံုေလာက္ေလာက္ျပင္ဆင္မထားတဲ့ ပံုေပါက္ေနပါတယ္။ အာဆင္နယ္မွာကေတာ့ ပိုမိုေကာင္းမြန္တဲ့ ပလက္ေဖာင္းတစ္ခုရွိေနပါျပီ။ (မန္ယူမွာက) တစ္ခ်ိဳ႕ကစားသမားေတြဟာ လုံေလာက္တဲ့ ေျခစြမ္းေကာင္းမ်ိဳး မရွိၾကပါဘူး။ ဒါက တကယ့္ျပႆနာပါ” လို႔ အိုဝင္က ဆိုခဲ့ပါတယ္။

“မန္ယူကို ေလးစားမႈ အျပည့္ရွိပါတယ္။ ဒါေပမယ့္ သူတို႔သာ ေတာင့္တင္းတဲ့ အသင္းတစ္သင္းပိုင္ဆုိင္ထားမယ္ဆိုရင္ ေမဆင္ ဂရင္းဝုဒ္ဟာ အခြင့္အေရးေတြ ဒီထက္ပိုပိုင္ဆုိင္ျပီး ဂိုးေတြသြင္းယူျပႏုိင္ေနမွာပါ။ အသင္းက ကစားသမားတစ္ခ်ိဳ႕က ဒီလို အခြင့္အေရးေတြ ဖန္တီးမေပးႏုိင္ၾကပါဘူး။ ဒါက သူတို႔အတြက္ နာက်င္စရာေကာင္းႏိုင္တယ္လုိ႔ ခင္ဗ်ားေျပာခ်င္ေျပာႏုိင္ပါတယ္။ ဒါေပမယ့္ မဟုတ္ပါဘူး။ ဒါက ေကာင္းမြန္တဲ့ ကိစၥလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ လတ္တေလာမွာ သူတို႔ မန္ခ်က္စတာ ယူႏိုက္တက္မွာ ကစားေနၾကေပမယ့္ ခု (ျပသခဲ့တဲ့ ေျခစြမ္းေတြအရ) ဆိုရင္ အသင္းကေန ထြက္ခြာႏိုင္ပါျပီ” လို႔ အိုဝင္က ေျပာဆိုသြားခဲ့ပါတယ္။

အာဆင္နယ္ ဂႏၱဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ မာတင္ ကီယြန္ကလည္း အာဆင္နယ္အသင္းဟာ စနစ္က်တဲ့ လူငယ္ေမြးထုတ္မႈေတြ ျပဳလုပ္ႏုိင္ေနျပီျဖစ္ျပီး လူငယ္ေတြရဲ႕ ေျခစြမ္းဟာ ယံုၾကည္မႈထားလို႔ရတဲ့ အဆင့္ကို ေရာက္ေနျပီလို႔ ေျပာဆိုခဲ့ပါတယ္။ “အသင္းတစ္သင္းမွာ အရမ္းေကာင္းတဲ့ သူတစ္ေယာက္ရွိရင္ သူနဲ႔ ကစားေပါက္တူျပီး သူ႔ေလာက္ သိပ္မေကာင္းတဲ့ သူက စေတးခံၾကရပါတယ္။ ဒါေၾကာင့္လည္း အာဆင္နယ္အသင္း လူငယ္ေတြနဲ႔ ဘာလုပ္ခ်င္ေနတယ္ဆိုတာကို ကၽြန္ေတာ္ ျမင္မိတာပါ။ (အာဆင္နယ္ လူငယ္ေတြ) သူတို႔ေတြက အာဆင္နယ္မွာ ပိုျပီးတည္ျငိမ္ခိုင္မာတဲ့ ဖြဲ႕စည္းပုံနဲ႔ ရွိေနခဲ့ၾကတာပါ။ သူတို႔ (အာဆင္နယ္) က အသင္းက ဝါရင့္ကစားသမားတုိင္းရဲ႕ ကိုယ္ပြားေတြကို အဆင္သင့္ေမြးျမဴေနတာပါ။ ခင္ဗ်ားၾကည့္စမ္းပါ။ ကြင္းလယ္၊ ဖြဲ႕စည္းပံုနဲ႔ ဟန္ခ်က္ညီမႈေတြမွာ သူတို႔ ဒီအတုိင္းလုပ္ေနတာပါ” လို႔ အာဆင္နယ္ ဂႏၱဝင္ေဟာင္းက ဆိုခဲ့ပါတယ္။
Ref: The Mirror



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!