မာတီနယ်လီ ဒီထက် ပိုကောင်းလာဦးမယ်လို့ ပြောလိုက်တဲ့ ဘယ်လာရင်

[UNICODE]

အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်က အသင်းက လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီဟာ ယခုထက်ပိုမိုကောင်းမွန်လာဦးမယ့် ကစားသမားဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

အသက် ၁၈ နှစ် အရွယ်သာရှိသေးတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား မာတီနယ်လီဟာ အာဆင်နယ်အသင်းအတွက် နောက်ဆုံးကစားပေးထားတဲ့ ပွဲစဉ် ၂ ပွဲမှာ ၄ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးထားပြီး ထိပ်တန်းအဆင့် ခြေစွမ်းမျိုးပြသနေသူဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်လေးရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဘယ်လာရင်က “သူက အာရုံစိုက်တယ်၊ အပြင်းအထန် ကြိုးစားတယ်၊ နည်းပြစကားလည်း သေချာ နားထောင်တယ်၊ စီနီယာတွေရဲ့ သင်ပြမှုတွေကိုလည်း နာခံတတ်တယ်။ ဒါတွေကို ကွင်းထဲမှာ ပြန်ပြီး သက်သေပြနေတာပါ။ သူက နည်းပြ တောင်းဆိုထားသလို အတိအကျလုပ်ပြနေတာပါ။ ဒါက အရေးအကြီးဆုံးကိစ္စပါပဲ။ ဒါပေမယ့် အရမ်းငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက်ဖြစ်နေဆဲပါ။ သေချာတာကတော့ သူ့ဆီကနေ ဒီထက်ပိုကောင်းတာတွေ မြင်တွေ့လာရတော့မှာပါ။ ကျွန်တော် အာမခံရဲပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဘရာဇီးလ် စတုတ္ထတန်းကလပ် အီတူယာနိုအသင်းမှာ ခြေစွမ်းကောင်းပြသနေတဲ့ မာတီနယ်လီကို ပြီးခဲ့တဲ့ ဧပြီလကတည်းက ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ စောစီးစွာ လက်ဦးမှု ရယူခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိရာသီအစမှာ အသင်းထံ လာရောက်ပူးပေါင်းလာခဲ့သူဖြစ်ပါတယ်။ အဆိုပါကာလတုန်းက မာတီနယ်လီကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်း ၂၅ သင်းထက်မနည်းရှိနေခဲ့ပါတယ်။
Ref: BT Sport

 

 

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္က အသင္းက လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္ မာတီနယ္လီဟာ ယခုထက္ပိုမိုေကာင္းမြန္လာဦးမယ့္ ကစားသမားျဖစ္တယ္လုိ႔ ခ်ီးမြမ္းေျပာဆိုလုိက္ပါတယ္။

အသက္ ၁၈ ႏွစ္ အရြယ္သာရွိေသးတဲ့ ဘရာဇီးလ္ တုိက္စစ္ကစားသမား မာတီနယ္လီဟာ အာဆင္နယ္အသင္းအတြက္ ေနာက္ဆံုးကစားေပးထားတဲ့ ပြဲစဥ္ ၂ ပြဲမွာ ၄ ဂိုးသြင္းယူကာ ၁ ဂိုးဖန္တီးေပးထားျပီး ထိပ္တန္းအဆင့္ ေျခစြမ္းမ်ိဳးျပသေနသူျဖစ္ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ေလးရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ျပီး ဘယ္လာရင္က “သူက အာရံုစိုက္တယ္၊ အျပင္းအထန္ ၾကိဳးစားတယ္၊ နည္းျပစကားလည္း ေသခ်ာ နားေထာင္တယ္၊ စီနီယာေတြရဲ႕ သင္ျပမႈေတြကိုလည္း နာခံတတ္တယ္။ ဒါေတြကို ကြင္းထဲမွာ ျပန္ျပီး သက္ေသျပေနတာပါ။ သူက နည္းျပ ေတာင္းဆိုထားသလို အတိအက်လုပ္ျပေနတာပါ။ ဒါက အေရးအၾကီးဆံုးကိစၥပါပဲ။ ဒါေပမယ့္ အရမ္းငယ္ရြယ္တဲ့ လူငယ္ေလးတစ္ေယာက္ျဖစ္ေနဆဲပါ။ ေသခ်ာတာကေတာ့ သူ႔ဆီကေန ဒီထက္ပိုေကာင္းတာေတြ ျမင္ေတြ႕လာရေတာ့မွာပါ။ ကၽြန္ေတာ္ အာမခံရဲပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဘရာဇီးလ္ စတုတၳတန္းကလပ္ အီတူယာႏိုအသင္းမွာ ေျခစြမ္းေကာင္းျပသေနတဲ့ မာတီနယ္လီကို ျပီးခဲ့တဲ့ ဧျပီလကတည္းက ေျပာင္းေရႊ႕ေၾကး ေပါင္ ၆ သန္းနဲ႔ ေစာစီးစြာ လက္ဦးမႈ ရယူေခၚယူခဲ့တာျဖစ္ျပီး လက္ရွိရာသီအစမွာ အသင္းထံ လာေရာက္ပူးေပါင္းလာခဲ့သူျဖစ္ပါတယ္။ အဆုိပါကာလတုန္းက မာတီနယ္လီကို ေခၚယူဖို႔ ၾကိဳးပမ္းေနတဲ့အသင္း ၂၅ သင္းထက္မနည္းရွိေနခဲ့ပါတယ္။
Ref: BT Sport



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!