အာဆင်နယ်အသင်းရဲ့ အဓိက ပြဿနာကို ထောက်ပြလိုက်တဲ့ အိုဝင်နဲ့ ကီယွန်

[UNICODE]

BT Sports ရဲ့ သုံးသပ်သူတွေ ဖြစ်ကြတဲ့ မိုက်ကယ် အိုဝင်နဲ့ မာတင် ကီယွန်တို့ကတော့ ဂန်းနားလူငယ်တစ်သိုက်က ယူရိုပါလိဂ်မှ စတန်းဒတ် လီဂျီအသင်းကို ဂိုးပြတ် ချမှုန်းပြခဲ့ပြီးတဲ့နောက်မှာ အာဆင်နယ်အသင်းရဲ့ အဓိက ပြဿနာကို ထောက်ပြလိုက်ပြီဖြစ်ပါတယ်။

အိုဝင်နဲ့ ကီယွန်တို့က အာဆင်နယ်အသင်း ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်ဖြစ်နေရတဲ့ အကြောင်းအရင်းဟာ နီကိုလပ်စ် ပပ်ပေကြောင့်ဖြစ်တယ်လို့ တိုက်ရိုက် စွပ်စွဲပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပပ်ပေမပါဝင်တဲ့ ပွဲစဉ်တွေမှာ ပိုပြီး ဟန်ချက်ညီညွတ်ပြီး ကစားပုံလည်း ပိုကောင်းတယ်လို့ ဆိုလိုက်ပါတယ်။ ပပ်ပေပါဝင်တဲ့ ပွဲစဉ်တွေမှာတော့ ပပ်ပေတစ်ယောက် အထိုင်ကျလာဖို့ အသင်းဖော်တွေက ဝိုင်းဝန်းပြီး ဖေးဖေးမမကစားနေကြရတာကြောင့် ကစားကွက်ဟာ ထင်သလောက် ခရီးမပေါက်ဖြစ်နေတာလို့ သူတို့ရဲ့ ယူဆချက်ကို ပြောဆိုခဲ့တာပါ။

“ကျွန်တော်တို့ အာဆင်နယ်အသင်းအကြောင်း အကောင်းတွေချည်း ပြောစရာရှိနေပါတယ်။ တစ်ခုတည်းသော မကောင်းတဲ့အချက်က ပပ်ပေပါပဲ။ သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ သူပြင်သစ်မှာ ရှိနေကတည်းက ကျွန်တော် စောင့်ကြည့်နေခဲ့တာပါ။ အရမ်းကောင်းတဲ့ကစားသမားပါ။ ဒီရာသီမှာ သူကစားနေတာက မတူညီတော့ပါဘူး။ သူက အာဆင်နယ်အတွက် အရေးပါပြီး ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ” လို့ အိုဝင်က ပြောဆိုသွားခဲ့ပါတယ်။

ကီယွန်ကလည်း “ဒီနေ့လိုမျိုး သူ ကွင်းထဲဝင်လာပြီး ယုံကြည်ချက်အပြည့်နဲ့ ကောင်းကောင်းမွန်မွန် ကစားပြနိုင်တာမျိုး ကျွန်တော် ဆက်မြင်ချင်ပါတယ်။ ဒါပေမယ့် ဒီနေ့ ပြိုင်ဘက်က သာမန်အသင်းတစ်သင်းပါ။ ဒါ ကျွန်တော် တွေးပူနေမိတဲ့အချက်ပါ။ ပပ်ပေတစ်ယောက် အသင်းလူစာရင်းမှာ ဆက်ရှိနေမှာလား? သူ့အတွက် လိုင်လီက မြောက်များတဲ့ ငွေတွေရသွားပါတယ်။ သူတို့ ခုချိန်မှာ ရီမောနေရင် ရီမောနေလောက်ပါတယ်။ တစ်ခုရှိတာက ခုချိန်ဟာ သူ့အတွက် အစောပိုင်းရက်တွေပါ။ နောက်ပိုင်းမှာ အလှည့်အပြောင်းတွေရှိလာမယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီလို မျှော်လင့်ထားပါတယ်။ ဖြစ်လာနိုင်မလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး” လို့ ဆိုသွားခဲ့ပတယ်။

အာဆင်နယ်အသင်းဟာ နီကိုလပ်စ် ပပ်ပေကို ယခုရာသီအစမှာ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၇၂ သန်းနဲ့ ပြင်သစ်ကလပ် လိုင်လီအသင်းထံကနေ ခေါ်ယူထားခဲ့တာဖြစ်ပြီး ကစားသမားဟာ လက်ရှိအချိန်မှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားပါတယ်။
REF: BT Sports, Metro

 

[ZAWGYI]

BT Sports ရဲ႕ သံုးသပ္သူေတြ ျဖစ္ၾကတဲ့ မိုက္ကယ္ အိုဝင္နဲ႔ မာတင္ ကီယြန္တို႔ကေတာ့ ဂန္းနားလူငယ္တစ္သိုက္က ယူရိုပါလိဂ္မွ စတန္းဒတ္ လီဂ်ီအသင္းကို ဂိုးျပတ္ ခ်မႈန္းျပခဲ့ျပီးတဲ့ေနာက္မွာ အာဆင္နယ္အသင္းရဲ႕ အဓိက ျပႆနာကို ေထာက္ျပလုိက္ျပီျဖစ္ပါတယ္။

အိုဝင္နဲ႔ ကီယြန္တို႔က အာဆင္နယ္အသင္း ပရီးမီးယားလိဂ္မွာ ေျခစြမ္းမျပႏုိင္ျဖစ္ေနရတဲ့ အေၾကာင္းအရင္းဟာ နီကိုလပ္စ္ ပပ္ေပေၾကာင့္ျဖစ္တယ္လုိ႔ တုိက္ရိုက္ စြပ္စြဲေျပာဆိုလုိက္ပါတယ္။ အာဆင္နယ္အသင္းဟာ ပပ္ေပမပါဝင္တဲ့ ပြဲစဥ္ေတြမွာ ပိုျပီး ဟန္ခ်က္ညီညြတ္ျပီး ကစားပံုလည္း ပိုေကာင္းတယ္လုိ႔ ဆိုလိုက္ပါတယ္။ ပပ္ေပပါဝင္တဲ့ ပြဲစဥ္ေတြမွာေတာ့ ပပ္ေပတစ္ေယာက္ အထုိင္က်လာဖို႔ အသင္းေဖာ္ေတြက ဝိုင္းဝန္းျပီး ေဖးေဖးမမကစားေနၾကရတာေၾကာင့္ ကစားကြက္ဟာ ထင္သေလာက္ ခရီးမေပါက္ျဖစ္ေနတာလို႔ သူတို႔ရဲ႕ ယူဆခ်က္ကို ေျပာဆိုခဲ့တာပါ။

“ကၽြန္ေတာ္တုိ႔ အာဆင္နယ္အသင္းအေၾကာင္း အေကာင္းေတြခ်ည္း ေျပာစရာရွိေနပါတယ္။ တစ္ခုတည္းေသာ မေကာင္းတဲ့အခ်က္က ပပ္ေပပါပဲ။ သူ႔ရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္ စိတ္လႈပ္ရွားမိပါတယ္။ သူျပင္သစ္မွာ ရွိေနကတည္းက ကၽြန္ေတာ္ ေစာင့္ၾကည့္ေနခဲ့တာပါ။ အရမ္းေကာင္းတဲ့ကစားသမားပါ။ ဒီရာသီမွာ သူကစားေနတာက မတူညီေတာ့ပါဘူး။ သူက အာဆင္နယ္အတြက္ အေရးပါျပီး ၾကီးမားတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈတစ္ခုပါ” လို႔ အိုဝင္က ေျပာဆိုသြားခဲ့ပါတယ္။

ကီယြန္ကလည္း “ဒီေန႔လိုမ်ိဳး သူ ကြင္းထဲဝင္လာျပီး ယံုၾကည္ခ်က္အျပည့္နဲ႔ ေကာင္းေကာင္းမြန္မြန္ ကစားျပႏိုင္တာမ်ိဳး ကၽြန္ေတာ္ ဆက္ျမင္ခ်င္ပါတယ္။ ဒါေပမယ့္ ဒီေန႔ ျပိဳင္ဘက္က သာမန္အသင္းတစ္သင္းပါ။ ဒါ ကၽြန္ေတာ္ ေတြးပူေနမိတဲ့အခ်က္ပါ။ ပပ္ေပတစ္ေယာက္ အသင္းလူစာရင္းမွာ ဆက္ရွိေနမွာလား? သူ႔အတြက္ လုိင္လီက ေျမာက္မ်ားတဲ့ ေငြေတြရသြားပါတယ္။ သူတို႔ ခုခ်ိန္မွာ ရီေမာေနရင္ ရီေမာေနေလာက္ပါတယ္။ တစ္ခုရွိတာက ခုခ်ိန္ဟာ သူ႔အတြက္ အေစာပိုင္းရက္ေတြပါ။ ေနာက္ပိုင္းမွာ အလွည့္အေျပာင္းေတြရွိလာမယ္လို႔ ထင္ပါတယ္။ ကၽြန္ေတာ္ ဒီလို ေမွ်ာ္လင့္ထားပါတယ္။ ျဖစ္လာႏုိင္မလားဆိုတာေတာ့ ကၽြန္ေတာ္လည္း မသိပါဘူး” လို႔ ဆိုသြားခဲ့ပတယ္။

အာဆင္နယ္အသင္းဟာ နီကိုလပ္စ္ ပပ္ေပကို ယခုရာသီအစမွာ အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၇၂ သန္းနဲ႔ ျပင္သစ္ကလပ္ လုိင္လီအသင္းထံကေန ေခၚယူထားခဲ့တာျဖစ္ျပီး ကစားသမားဟာ လက္ရွိအခ်ိန္မွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ၾကိမ္ျပဳလုပ္ထားပါတယ္။
REF: BT Sports, Metro



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!