မာတီနယ်လီကို ဘယ်နေရာမှာ အသုံးချသင့်လဲဆိုတာကို ထောက်ပြလိုက်တဲ့ အိုဝင်

[UNICODE]

တချိန်က ‘ငှက်မြန်လေး’ လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ပရီးမီးယားလိဂ် နာမည်ကျော်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အာဆင်နယ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဂါဘရီယယ် မာတီနယ်လီကို ဘယ်လိုနေရာမှာ ထားပြီး ကစားစေသင့်သလဲဆိုတာကို သုံးသပ်ပြောဆိုလိုက်ပါတယ်။

မာတီနယ်လီဟာ တောင်ပံမှာ ကစားခွင့်ရဖို့ စိတ်အားထက်သန်နေတယ်လို့ နည်းပြ အမ်မရီက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော် ဝန်ခံထားပြီး တိုက်စစ်မှာကစားဖို့ သူ့ (အမ်မရီရဲ့) ဆန္ဒအလျောက် စေခိုင်းထားတာဖြစ်တယ်လို့ စပိန်လူမျိုးနည်းပြက ဆိုထားပါတယ်။

အိုဝင်ကတော့ အမ်မရီရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး လက်ရှိမှာ ဂိုးသွင်းခြေစွမ်းပြသနိုင်နေတဲ့ မာတီနယ်လီကို အထောင်တိုက်စစ်မှူးနေရာမှာသာ ဆက်ကစားစေသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ သူ့အတွက်လိုအပ်နေတာ ပွဲကစားချိန်နဲ့ အတွေ့အကြုံသာကျန်တော့တယ်လို့လည်း အိုဝင်က ဆိုခဲ့ပါသေးတယ်။

“ကောင်းပြီ။ ပြောရမယ်ဆိုရင် အတွေ့အကြုံလေးပဲလိုတော့တာ မဟုတ်ဘူးလား။ သူ့မှာ အထောင်တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ ပင်ကိုယ်အသိစိတ်ရှိနေပြီးသားပါ။ ဘယ်လိုချိတ်ဆက်ကစားရမလဲ၊ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကို အလိုအလျောက်သိနားလည်နေတာမျိုးပေါ့။ ဒါတွေက ခုဆို အတွေ့အကြုံတွေဖြစ်လာပါပြီ” လို့ အိုဝင်က ပြောဆိုပါတယ်။

ဒါ့အပြင် အိုဝင်က သူ့အနေနဲ့ မာတီနယ်လီရဲ့ ခြေစွမ်းကို ဘာကြောင့် နှစ်သက်ရလဲဆိုတာကိုလည်း ရှင်းပြသွားခဲ့ပါသေးတယ်။ “သူ အန္တရာယ်ဇုံထဲမှာ နေရာယူနေတတ်တဲ့အပေါ်မှာ ကျွန်တော့်စိတ်ထဲ ကသိကအောက်မဖြစ်ပါဘူး။ တစ်ချို့တိုက်စစ်မှူးတွေက သွင်းဂိုးတွေကို စွဲလမ်းရူးသွပ်နေတတ်တာပါ။ သူတို့က ဧရိယာ ၂ ခု ကြားထဲမှာ လွန်းထိုးကစားနေတတ်ကြပါတယ်။ သူဆိုရင်လည်း ပြေးထွက်ဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို ကြိုက်တာပါ” လို့ အိုဝင်က ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့် မာတီနယ်လီကို လက်ရှိရာသီအစမှာ ပေါင် ၆ သန်းဝန်းကျင်နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး နောက်ဆုံးကစားထားတဲ့ ပွဲစဉ် ၂ ပွဲမှာ သွင်းဂိုး ၄ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးထားပါတယ်။
Ref: BT Sports, TBR

 

[ZWGYI]

တခ်ိန္က ‘ငွက္ျမန္ေလး’ လို႔ တင္စားေခၚေဝၚခံခဲ့ရတဲ့ ပရီးမီးယားလိဂ္ နာမည္ေက်ာ္တုိက္စစ္မွဴးေဟာင္း မုိက္ကယ္ အိုဝင္က အာဆင္နယ္အသင္းက လူငယ္တုိက္စစ္ကစားသမား ဂါဘရီယယ္ မာတီနယ္လီကို ဘယ္လုိေနရာမွာ ထားျပီး ကစားေစသင့္သလဲဆုိတာကို သံုးသပ္ေျပာဆိုလုိက္ပါတယ္။

မာတီနယ္လီဟာ ေတာင္ပံမွာ ကစားခြင့္ရဖုိ႔ စိတ္အားထက္သန္ေနတယ္လို႔ နည္းျပ အမ္မရီက ျပီးခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာထုတ္ေဖာ္ ဝန္ခံထားျပီး တုိက္စစ္မွာကစားဖို႔ သူ႔ (အမ္မရီရဲ႕) ဆႏၵအေလ်ာက္ ေစခုိင္းထားတာျဖစ္တယ္လုိ႔ စပိန္လူမ်ိဳးနည္းျပက ဆိုထားပါတယ္။

အိုဝင္ကေတာ့ အမ္မရီရဲ႕ ဆံုးျဖတ္ခ်က္ကို ေထာက္ခံခဲ့ျပီး လက္ရွိမွာ ဂိုးသြင္းေျခစြမ္းျပသႏုိင္ေနတဲ့ မာတီနယ္လီကို အေထာင္တုိက္စစ္မွဴးေနရာမွာသာ ဆက္ကစားေစသင့္တယ္လုိ႔ တုိက္တြန္းေျပာဆိုခဲ့ပါတယ္။ သူ႔အတြက္လိုအပ္ေနတာ ပြဲကစားခ်ိန္နဲ႔ အေတြ႕အၾကံဳသာက်န္ေတာ့တယ္လို႔လည္း အိုဝင္က ဆိုခဲ့ပါေသးတယ္။

“ေကာင္းျပီ။ ေျပာရမယ္ဆိုရင္ အေတြ႕အၾကံဳေလးပဲလုိေတာ့တာ မဟုတ္ဘူးလား။ သူ႔မွာ အေထာင္တုိက္စစ္မွဴးေကာင္းတစ္ေယာက္ရဲ႕ ပင္ကိုယ္အသိစိတ္ရွိေနျပီးသားပါ။ ဘယ္လိုခ်ိတ္ဆက္ကစားရမလဲ၊ ဘယ္လိုအဆံုးသတ္ရမလဲဆိုတာကို အလိုအေလ်ာက္သိနားလည္ေနတာမ်ိဳးေပါ့။ ဒါေတြက ခုဆို အေတြ႕အၾကံဳေတြျဖစ္လာပါျပီ” လို႔ အိုဝင္က ေျပာဆိုပါတယ္။

ဒါ့အျပင္ အိုဝင္က သူ႔အေနနဲ႔ မာတီနယ္လီရဲ႕ ေျခစြမ္းကို ဘာေၾကာင့္ ႏွစ္သက္ရလဲဆိုတာကိုလည္း ရွင္းျပသြားခဲ့ပါေသးတယ္။ “သူ အႏၱရာယ္ဇံုထဲမွာ ေနရာယူေနတတ္တဲ့အေပၚမွာ ကၽြန္ေတာ့္စိတ္ထဲ ကသိကေအာက္မျဖစ္ပါဘူး။ တစ္ခ်ိဳ႕တိုက္စစ္မွဴးေတြက သြင္းဂိုးေတြကို စြဲလမ္းရူးသြပ္ေနတတ္တာပါ။ သူတို႔က ဧရိယာ ၂ ခု ၾကားထဲမွာ လြန္းထုိးကစားေနတတ္ၾကပါတယ္။ သူဆိုရင္လည္း ေျပးထြက္ဖို႔ အဆင္သင့္ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ သူ႔ကို ၾကိဳက္တာပါ” လို႔ အိုဝင္က ဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အသက္ ၁၈ ႏွစ္အရြယ္သာရွိေသးတဲ့ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ မာတီနယ္လီကို လက္ရွိရာသီအစမွာ ေပါင္ ၆ သန္းဝန္းက်င္နဲ႔ ေခၚယူထားခဲ့တာျဖစ္ျပီး ေနာက္ဆံုးကစားထားတဲ့ ပြဲစဥ္ ၂ ပြဲမွာ သြင္းဂိုး ၄ ဂိုးသြင္းယူကာ ၁ ဂိုးဖန္တီးေပးထားပါတယ္။
Ref: BT Sports, TBR



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!