အူနိုင်း အမ်မရီရဲ့ အနာဂတ်ဟာ အဆင့် ၄ အတွင်း ဝင်ခွင့်နဲ့ မသက်ဆိုင်ကြောင်း မီဒီယာများဖော်ပြ

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီရဲ့ အနာဂတ်ဟာ ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်မဝင်ဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘူးလို့ ဗြိတိန်ထိပ်တန်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

အမ်မရီရဲ့ ဦးဆောင်မှုအောက်က အာဆင်နယ်အသင်းဟာ လက်ရှိမှာ ရလဒ်တွေကောင်းမွန်နေပေမယ့် ခြေစွမ်းပိုင်း အားရဖွယ်မရှိသေးတာကြောင့် ပရိတ်သတ်တွေနဲ့ အသင်းဂန္တဝင်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ပရိတ်သတ်တွေကတော့ နည်းပြဖြစ်သူကို ထုတ်ပယ်ပေးဖို့ တောင်းဆိုမှုတွေရှိနေပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ လက်ရှိအနေအထားမပြောနဲ့ ရာသီကုန်မှာ အသင်း အဆင့် ၄ အတွင်း မဝင်ခဲ့ရင်တောင်မှာ အမ်မရီတစ်ယောက် ရာထူးလက်လွှတ်ရဖို့မရှိဘူးလို့ သုံးသပ်နေကြပါတယ်။

The Athletic သတင်းဌာနက ဒေးဗစ် အွန်းစတိန်းရဲ့ ဖော်ပြချက်အရဆိုရင် အာဆင်နယ်အသင်းနဲ့ အမ်မရီတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ မူလသတင်းတွေထွက်ပေါ်ခဲ့သလို ၂ နှစ် (+ ၁ နှစ်သက်တမ်းတိုးခွင့်) နဲ့ မဟုတ်ပဲ ၃ နှစ် အပြည့်ချုပ်ဆိုထားတာဖြစ်ပြီး အဆိုပါ ၃ နှစ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုဖလားအောင်မြင်မှု တစ်စုံတစ်ရာ ရယူပေးဖို့အချက်တွေသာပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အမ်မရီအနေနဲ့ လက်ရှိရာသီမှာ အမှားအယွင်းရှိခဲ့ရင်တောင်မှ အသင်းမှာ သေချာပေါက် ဆက်ရှိနေမှာဖြစ်တယ်လို့ အွန်းစတိန်းကဆိုခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အိုဝင်က “(အာဆင်နယ်အသင်းမှာ) ကောင်းမွန်တဲ့ လက္ခဏာတွေ ပြသနေပါပြီ။ ဥပမာ (လူငယ်ကြယ်ပွင့်တွေ ပေါ်ထွက်လာနေတာကြောင့်) ကစားသမားကောင်းတွေ ၂ သင်းစာနီးပါး ရှိလာနေတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးမှာ အပြောင်းအလဲကို မျှော်လင့်လို့မရပါဘူး” လို့ Premier League Productions ကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးတော့လည်း “ကီယန် တီယာနီဆိုရင် ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အရမ်းကောင်းတဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာတော့မှာပါ။ နောက်ပြီး ခြေစွမ်းထက်တဲ့ လူငယ်တွေလည်း အများအပြားပေါ်ထွက်လာနေပါတယ်။ ခုချိန်ဟာ အာဆင်နယ်အတွက် အရာရာ ကြည့်လိုကောင်းနေတဲ့အချိန်ပါ။ ဘုန်းမောက်သ်ဟာ မနှစ်ကလည်း ရာသီအစမှာ မာကျောတဲ့ကစားဟန်ပြခဲ့တယ်၊ ဒီနှစ်လည်း ဒီအတိုင်းပဲ။ အာဆင်နယ်က ဒီလို မလွယ်ကူတဲ့ ပွဲတစ်ပွဲကို နိုင်ခဲ့တယ်။ ဒါမျိုးက အရင်တုန်းကနဲ့ မတူတော့တဲ့အချက်ပါ” လို့ အိုဝင်ကဆိုခဲ့ပါတယ်။

“ကျွန်တော့်အထင် ခုချိန်မှာ စိုးရိမ်စရာဆိုလို့ တစ်ခုပဲရှိနေပါတယ်။ အူနိုင်း အမ်မရီပါ။ သူ့ကို လူတိုင်းက စေ့စေ့စပ်စပ်စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနာဂတ်ဟာ အဆင့် ၄ အတွင်း ဝင်မဝင်ဆိုတဲ့အချက်အပေါ် လုံးဝမူတည်နေတယ်လို့ ကျွန်တော်မထင်ပါဘူး” လို့ အိုဝင်က သုံးသပ်သွားခဲ့ပါတယ်။
Ref: The Athletic, Express, Premier League Productions

 

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပ အူႏိုင္း အမ္မရီရဲ႕ အနာဂတ္ဟာ ရာသီကုန္မွာ အဆင့္ ၄ အတြင္း ဝင္မဝင္ဆိုတာနဲ႔ တိုက္႐ိုက္သက္ဆိုင္ျခင္းမရွိဘူးလို႔ ၿဗိတိန္ထိပ္တန္းမီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

အမ္မရီရဲ႕ ဦးေဆာင္မႈေအာက္က အာဆင္နယ္အသင္းဟာ လက္ရွိမွာ ရလဒ္ေတြေကာင္းမြန္ေနေပမယ့္ ေျခစြမ္းပိုင္း အားရဖြယ္မရွိေသးတာေၾကာင့္ ပရိတ္သတ္ေတြနဲ႔ အသင္းဂႏၲဝင္ေတြရဲ႕ ေဝဖန္မႈေတြကို ခံေနရပါတယ္။ ပရိတ္သတ္ေတြကေတာ့ နည္းျပျဖစ္သူကို ထုတ္ပယ္ေပးဖို႔ ေတာင္းဆိုမႈေတြရွိေနေပမယ့္လည္း ကြၽမ္းက်င္သူေတြကေတာ့ လက္ရွိအေနအထားမေျပာနဲ႔ ရာသီကုန္မွာ အသင္း အဆင့္ ၄ အတြင္း မဝင္ခဲ့ရင္ေတာင္မွာ အမ္မရီတစ္ေယာက္ ရာထူးလက္လႊတ္ရဖို႔မရွိဘူးလို႔ သုံးသပ္ေနၾကပါတယ္။

The Athletic သတင္းဌာနက ေဒးဗစ္ အြန္းစတိန္းရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ အာဆင္နယ္အသင္းနဲ႔ အမ္မရီတို႔အၾကား ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ မူလသတင္းေတြထြက္ေပၚခဲ့သလို ၂ ႏွစ္ (+ ၁ ႏွစ္သက္တမ္းတိုးခြင့္) နဲ႔ မဟုတ္ပဲ ၃ ႏွစ္ အျပည့္ခ်ဳပ္ဆိုထားတာျဖစ္ၿပီး အဆိုပါ ၃ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ဆုဖလားေအာင္ျမင္မႈ တစ္စုံတစ္ရာ ရယူေပးဖို႔အခ်က္ေတြသာပါဝင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အမ္မရီအေနနဲ႔ လက္ရွိရာသီမွာ အမွားအယြင္းရွိခဲ့ရင္ေတာင္မွ အသင္းမွာ ေသခ်ာေပါက္ ဆက္ရွိေနမွာျဖစ္တယ္လို႔ အြန္းစတိန္းကဆိုခဲ့ပါတယ္။

ဒါနဲ႔ ပတ္သက္ၿပီး အိုဝင္က “(အာဆင္နယ္အသင္းမွာ) ေကာင္းမြန္တဲ့ လကၡဏာေတြ ျပသေနပါၿပီ။ ဥပမာ (လူငယ္ၾကယ္ပြင့္ေတြ ေပၚထြက္လာေနတာေၾကာင့္) ကစားသမားေကာင္းေတြ ၂ သင္းစာနီးပါး ရွိလာေနတာမ်ိဳးေပါ့။ ဒီလိုအေျခအေနမ်ိဳးမွာ အေျပာင္းအလဲကို ေမွ်ာ္လင့္လို႔မရပါဘူး” လို႔ Premier League Productions ကို ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိအသင္းရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ကီယန္ တီယာနီဆိုရင္ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာ အရမ္းေကာင္းတဲ့ ေျခစြမ္းမ်ိဳးျပသႏိုင္ခဲ့ပါတယ္။ ႀကံ့ခိုင္မႈအျပည့္နဲ႔ ျပန္လာေတာ့မွာပါ။ ေနာက္ၿပီး ေျခစြမ္းထက္တဲ့ လူငယ္ေတြလည္း အမ်ားအျပားေပၚထြက္လာေနပါတယ္။ ခုခ်ိန္ဟာ အာဆင္နယ္အတြက္ အရာရာ ၾကည့္လိုေကာင္းေနတဲ့အခ်ိန္ပါ။ ဘုန္းေမာက္သ္ဟာ မႏွစ္ကလည္း ရာသီအစမွာ မာေက်ာတဲ့ကစားဟန္ျပခဲ့တယ္၊ ဒီႏွစ္လည္း ဒီအတိုင္းပဲ။ အာဆင္နယ္က ဒီလို မလြယ္ကူတဲ့ ပြဲတစ္ပြဲကို ႏိုင္ခဲ့တယ္။ ဒါမ်ိဳးက အရင္တုန္းကနဲ႔ မတူေတာ့တဲ့အခ်က္ပါ” လို႔ အိုဝင္ကဆိုခဲ့ပါတယ္။

“ကြၽန္ေတာ့္အထင္ ခုခ်ိန္မွာ စိုးရိမ္စရာဆိုလို႔ တစ္ခုပဲရွိေနပါတယ္။ အူႏိုင္း အမ္မရီပါ။ သူ႔ကို လူတိုင္းက ေစ့ေစ့စပ္စပ္ေစာင့္ၾကည့္ေနၾကပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အနာဂတ္ဟာ အဆင့္ ၄ အတြင္း ဝင္မဝင္ဆိုတဲ့အခ်က္အေပၚ လုံးဝမူတည္ေနတယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး” လို႔ အိုဝင္က သုံးသပ္သြားခဲ့ပါတယ္။
Ref: The Athletic, Express, Premier League Productions



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!