အရေးပါတဲ့ အောင်မြင်မှုတွေ ရယူနိုင်တော့မယ်လို့ ယုံကြည်နေတဲ့ အမ်မရီ

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီက သူ့ရဲ့အသင်းဟာ လက်ရှိရာသီမှာ အရေးပါတဲ့ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အမ်မရီဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့နဲ့ ယူရိုပါလိဂ်ဖလား၊ ကာရာဘောင်းဖလား၊ FA ဖလားစတဲ့ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲအဆင့်နဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာတွေမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် ယခုရာသီသစ်မှာတော့ ဆန်လက်ဟီ၊ အီဒူးတို့ရဲ့ ပံ့ပိုးမှုတွေကြောင့် ယခင်ရာသီကထက် ပိုမိုမြင့်မားတဲ့ တိုးတက်မှုတွေကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်နေကြောင်း အမ်မရီက ဆိုခဲ့ပါတယ်။

“ရာအူးလ် (ဆန်လက်ဟီ) ၊ အီဒူးတို့နဲ့ နေ့တိုင်းနီးပါး ဆွေးနွေးဖြစ်ပါတယ်။ နောက်ပြီး ကစားသမားတွေနဲ့ရောပေါ့။ ကျွန်တော်တို့ တကယ်လုပ်ရမယ့်အလုပ်က စကားလုံးတွေထက်ပိုအရေးပါပါတယ်။ ခုဆို ကျွန်တော်အသင်းမှာ အရမ်းပျော်ရွှင်နေပါပြီ။ ကစားသမားတွေရောပေါ့။ ပြီးခဲ့တဲ့ ၃၊ ၄ ပတ်လောက်အတွင်းမှာ မီဆွတ် အိုဇေးလ်အပါအဝင် ကစားသမားတွေရဲ့ လုပ်ဆောင်ချက်တွေက ပိုပိုကောင်းမွန်လာနေပါတယ်” လို့ သူက ဆိုပါတယ်။

“ဒီအချက်က ဒီနှစ်မှာ ကျွန်တော်တို့အသင်း ဘာကြောင့် တိုးတက်လာနိုင်တယ်၊ ဒီနှစ်မှာ ကျွန်တော်တို့အသင်း အရေးပါတဲ့အောင်မြင်မှုတွေရယူနိုင်တယ်လို့ ယုံကြည်စေရတဲ့အချက်ပါပဲ။ ကျွန်တော်တို့ အားလုံးရဲ့ အတွေးအခေါ် အယူအဆတွေက တစ်ထပ်တည်းပါပဲ” လို့လည်း ၎င်းက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ယာယီရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ ဒီကနေ့ညမှာ ရှက်ဖီးလ်ဒ် ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရဖို့ရှိနေပြီး နိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင် မူလ အဆင့် ၃ နေရာကို ဆက်လက်ထိမ်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
Ref: Sky Sports

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ အူႏိုင္း အမ္မရီက သူ႔ရဲ႕အသင္းဟာ လက္ရွိရာသီမွာ အေရးပါတဲ့ ေအာင္ျမင္မႈေတြ ရယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနေၾကာင္း Sky Sports ရဲ႕ Monday Night Football အစီအစဥ္မွာ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

အမ္မရီဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္း ဝင္ေရာက္ႏိုင္ဖို႔နဲ႔ ယူ႐ိုပါလိဂ္ဖလား၊ ကာရာေဘာင္းဖလား၊ FA ဖလားစတဲ့ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီတုန္းက ယူ႐ိုပါလိဂ္မွာ ဗိုလ္လုပြဲအဆင့္နဲ႔ ပရီးမီးယားလိဂ္မွာ အဆင့္ ၅ ေနရာေတြမွာသာ ရပ္တည္ႏိုင္ခဲ့ေပမယ့္ ယခုရာသီသစ္မွာေတာ့ ဆန္လက္ဟီ၊ အီဒူးတို႔ရဲ႕ ပံ့ပိုးမႈေတြေၾကာင့္ ယခင္ရာသီကထက္ ပိုမိုျမင့္မားတဲ့ တိုးတက္မႈေတြကို ပိုင္ဆိုင္ႏိုင္မယ္လို႔ ယုံၾကည္ေနေၾကာင္း အမ္မရီက ဆိုခဲ့ပါတယ္။

“ရာအူးလ္ (ဆန္လက္ဟီ) ၊ အီဒူးတို႔နဲ႔ ေန႔တိုင္းနီးပါး ေဆြးေႏြးျဖစ္ပါတယ္။ ေနာက္ၿပီး ကစားသမားေတြနဲ႔ေရာေပါ့။ ကြၽန္ေတာ္တို႔ တကယ္လုပ္ရမယ့္အလုပ္က စကားလုံးေတြထက္ပိုအေရးပါပါတယ္။ ခုဆို ကြၽန္ေတာ္အသင္းမွာ အရမ္းေပ်ာ္႐ႊင္ေနပါၿပီ။ ကစားသမားေတြေရာေပါ့။ ၿပီးခဲ့တဲ့ ၃၊ ၄ ပတ္ေလာက္အတြင္းမွာ မီဆြတ္ အိုေဇးလ္အပါအဝင္ ကစားသမားေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြက ပိုပိုေကာင္းမြန္လာေနပါတယ္” လို႔ သူက ဆိုပါတယ္။

“ဒီအခ်က္က ဒီႏွစ္မွာ ကြၽန္ေတာ္တို႔အသင္း ဘာေၾကာင့္ တိုးတက္လာႏိုင္တယ္၊ ဒီႏွစ္မွာ ကြၽန္ေတာ္တို႔အသင္း အေရးပါတဲ့ေအာင္ျမင္မႈေတြရယူႏိုင္တယ္လို႔ ယုံၾကည္ေစရတဲ့အခ်က္ပါပဲ။ ကြၽန္ေတာ္တို႔ အားလုံးရဲ႕ အေတြးအေခၚ အယူအဆေတြက တစ္ထပ္တည္းပါပဲ” လို႔လည္း ၎က ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။

လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာမွာ ယာယီရပ္တည္ေနတဲ့ အာဆင္နယ္အသင္းဟာ ဒီကေန႔ညမွာ ရွက္ဖီးလ္ဒ္ ယူႏိုက္တက္အသင္းကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရဖို႔ရွိေနၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့မယ္ဆိုရင္ မူလ အဆင့္ ၃ ေနရာကို ဆက္လက္ထိမ္းသိမ္းထားႏိုင္မွာျဖစ္ပါတယ္။
Ref: Sky Sports



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!