မနှစ်ကထက် ခံစစ်စွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ပြောဆိုလိုက်တဲ့ အူနိုင်း အမ်မရီ

[ZAWGYI]

အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ကို ပရိတ်သတ်တွေ၊ ဂန္တဝင်တွေနဲ့ မီဒီယာတွေက ဝေဖန်ထောက်ပြမှုတွေ ပြုလုပ်နေပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီကတော့ အဆိုပါ ဝေဖန်မှုတွေကို ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

စပိန်လူမျိုးနည်းပြ အူနိုင်း အမ်မရီက သူတို့အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်ဟာ လူတွေထင်သလို ဆိုးရွားနေတာမဟုတ်ပဲ တိုးတက်နေတာသာဖြစ်တယ်လို့ ဗစ်တိုးရီးယားနဲ့ ပွဲမတိုင်ခင် အကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ခံစစ်ပိုင်းမှာ တိုးတက်လာနေပါတယ်။ ကျွန်တော်တို့ (မနှစ်ကထက်စာရင်) ပေးဂိုး ပိုနည်းလာပါတယ်။ ဒါက ကျွန်တော်တို့ တည်ဆောက်နေတဲ့ ကိစ္စတစ်ခုပါပဲ။ ကျွန်တော့်အနေနဲ့ ခံစစ်တစ်ခုတည်း အဆင်ပြေသွားစေမယ့် အဖြေမျိုး ဒါမှမဟုတ် ကစားသမား ၄ ယောက်ပဲ ခြေစွမ်းကွက်ပြနေတာမျိုးတွေကို မလိုချင်ပါဘူး။ ခုဆို ယူရိုပါလိဂ်မှာ မတူညီတဲ့ ကစားသမားတွေနဲ့ ကစားနေသလို ခံစစ်ပိုင်းကလည်း တိုးတက်မှုကို ပြသနေပါတယ်။ ဒါက ကစားသမားတိုင်းအတွက်ပါပဲ” လို့ အမ်မရီက ပြောဆိုခဲ့တာပါ။

“အားလုံးကို ခြုံပြောရမယ်ဆိုရင် ကျွန်တော်တို့က တိုက်စစ်အားသန်တဲ့အသင်းမျိုးဖြစ်ချင်တာပါ။ ခံစစ်မှာ တိုးတက်မှုတွေ လိုချင်ပေမယ့် တိုက်စစ်အားသန်အသင်းမျိုးပဲဖြစ်ချင်တာပါ။ စိတ်ဓာတ်ရေးရအရရောပေါ့။ ကျွန်တော်တို့ ဟန်ချက်မျှတတဲ့အသင်းမျိုးဖြစ်လာစေရမယ်လို့ ကျွန်တော် အာမခံပါတယ်။ တဖြည်းဖြည်းချင်းနဲ့ပေါ့” လို့လည်း သူက ဆိုခဲ့ပါတယ်။

“ခုဆို ကျွန်တော်တို့လည်း ပြိုင်ဘက်တွေလို ကောင်းမွန်လာနေပါပြီ။ ခံစစ်ပိုင်းမှာ ပိုကောင်းမွန်လာသလို တိုက်စစ်ပိုင်းမှာ ပိုကောင်းမွန်လာအောင် နောက်ထပ်ခြေလှမ်းသွားမှာပါ။ ကျွန်တော်တို့ ဒီလိုဖြစ်လာအောင် လုပ်နေပါတယ်။ တနင်္လာနေ့တုန်းက အခြေအနေတွေအတွက် စိတ်ပျက်နိုင်ပါတယ်။ ဒါပေမယ့် ၂၄ နာရီပါပဲ။ ခုဆို ကျွန်တော်တို့ နောက်ထပ် အခွင့်အရေးတစ်ခု စောင့်ကြိုနေပါပြီ။ ကျွန်တော်တို့ မတူညီတဲ့ ကစားသမားတွေနဲ့ စွမ်းဆောင်ရည်ကောင်းယူနိုင်တယ်ဆိုတာကို ပြသကြပါမယ်” လို့ သူက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရာသီအစကနေ အောက်တိုဘာ ၂၃ ရက်နေ့အထိ ကာလအတွင်း ပြိုင်ပွဲစုံ ၁၂ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၁၀ ပွဲ ရှုံးပွဲ ၂ ပွဲနဲ့ ရဂိုး ၃၂ ဂိုး၊ ပေးဂိုး ၁၄ ဂိုးရှိနေခဲ့ပြီး လက်ရှိရာသီမှာတော့ ပြိုင်ပွဲစဲု ၁၂ ပွဲကစားပြီးချိန်မှာ ၇ ပွဲနိုင် ၃ ပွဲ သရေ ၂ ပွဲရှုံးနဲ့ ရဂိုး ၂၅ ဂိုး ပေးဂိုး ၁၂ ဂိုး ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနှစ်ရာသီ ယခုလိုကာလမှာ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်အနိုင်ရလဒ်နဲ့ ပုံစံကောင်းပြသနေတာဖြစ်ပြီး လက်ရှိရာသီမှာတော့ နိုင်ပွဲရရှိဖို့ ရုံးကန်နေရတာဖြစ်ပါတယ်။
Ref: Arsenal, Football London

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ခံစစ္ပိုင္း စြမ္းေဆာင္ရည္ကို ပရိတ္သတ္ေတြ၊ ဂႏၲဝင္ေတြနဲ႔ မီဒီယာေတြက ေဝဖန္ေထာက္ျပမႈေတြ ျပဳလုပ္ေနေပမယ့္ အသင္းရဲ႕ နည္းျပျဖစ္သူ အူႏိုင္း အမ္မရီကေတာ့ အဆိုပါ ေဝဖန္မႈေတြကို ျပန္လည္တုန႔္ျပန္လိုက္ပါတယ္။

စပိန္လူမ်ိဳးနည္းျပ အူႏိုင္း အမ္မရီက သူတို႔အသင္းရဲ႕ ခံစစ္စြမ္းေဆာင္ရည္ဟာ လူေတြထင္သလို ဆိုး႐ြားေနတာမဟုတ္ပဲ တိုးတက္ေနတာသာျဖစ္တယ္လို႔ ဗစ္တိုးရီးယားနဲ႔ ပြဲမတိုင္ခင္ အႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ခံစစ္ပိုင္းမွာ တိုးတက္လာေနပါတယ္။ ကြၽန္ေတာ္တို႔ (မႏွစ္ကထက္စာရင္) ေပးဂိုး ပိုနည္းလာပါတယ္။ ဒါက ကြၽန္ေတာ္တို႔ တည္ေဆာက္ေနတဲ့ ကိစၥတစ္ခုပါပဲ။ ကြၽန္ေတာ့္အေနနဲ႔ ခံစစ္တစ္ခုတည္း အဆင္ေျပသြားေစမယ့္ အေျဖမ်ိဳး ဒါမွမဟုတ္ ကစားသမား ၄ ေယာက္ပဲ ေျခစြမ္းကြက္ျပေနတာမ်ိဳးေတြကို မလိုခ်င္ပါဘူး။ ခုဆို ယူ႐ိုပါလိဂ္မွာ မတူညီတဲ့ ကစားသမားေတြနဲ႔ ကစားေနသလို ခံစစ္ပိုင္းကလည္း တိုးတက္မႈကို ျပသေနပါတယ္။ ဒါက ကစားသမားတိုင္းအတြက္ပါပဲ” လို႔ အမ္မရီက ေျပာဆိုခဲ့တာပါ။

“အားလုံးကို ၿခဳံေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔က တိုက္စစ္အားသန္တဲ့အသင္းမ်ိဳးျဖစ္ခ်င္တာပါ။ ခံစစ္မွာ တိုးတက္မႈေတြ လိုခ်င္ေပမယ့္ တိုက္စစ္အားသန္အသင္းမ်ိဳးပဲျဖစ္ခ်င္တာပါ။ စိတ္ဓာတ္ေရးရအရေရာေပါ့။ ကြၽန္ေတာ္တို႔ ဟန္ခ်က္မွ်တတဲ့အသင္းမ်ိဳးျဖစ္လာေစရမယ္လို႔ ကြၽန္ေတာ္ အာမခံပါတယ္။ တျဖည္းျဖည္းခ်င္းနဲ႔ေပါ့” လို႔လည္း သူက ဆိုခဲ့ပါတယ္။

“ခုဆို ကြၽန္ေတာ္တို႔လည္း ၿပိဳင္ဘက္ေတြလို ေကာင္းမြန္လာေနပါၿပီ။ ခံစစ္ပိုင္းမွာ ပိုေကာင္းမြန္လာသလို တိုက္စစ္ပိုင္းမွာ ပိုေကာင္းမြန္လာေအာင္ ေနာက္ထပ္ေျခလွမ္းသြားမွာပါ။ ကြၽန္ေတာ္တို႔ ဒီလိုျဖစ္လာေအာင္ လုပ္ေနပါတယ္။ တနလၤာေန႔တုန္းက အေျခအေနေတြအတြက္ စိတ္ပ်က္ႏိုင္ပါတယ္။ ဒါေပမယ့္ ၂၄ နာရီပါပဲ။ ခုဆို ကြၽန္ေတာ္တို႔ ေနာက္ထပ္ အခြင့္အေရးတစ္ခု ေစာင့္ႀကိဳေနပါၿပီ။ ကြၽန္ေတာ္တို႔ မတူညီတဲ့ ကစားသမားေတြနဲ႔ စြမ္းေဆာင္ရည္ေကာင္းယူႏိုင္တယ္ဆိုတာကို ျပသၾကပါမယ္” လို႔ သူက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ရာသီအစကေန ေအာက္တိုဘာ ၂၃ ရက္ေန႔အထိ ကာလအတြင္း ၿပိဳင္ပြဲစုံ ၁၂ ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲ ၁၀ ပြဲ ရႈံးပြဲ ၂ ပြဲနဲ႔ ရဂိုး ၃၂ ဂိုး၊ ေပးဂိုး ၁၄ ဂိုးရွိေနခဲ့ၿပီး လက္ရွိရာသီမွာေတာ့ ၿပိဳင္ပြဲစဲု ၁၂ ပြဲကစားၿပီးခ်ိန္မွာ ၇ ပြဲႏိုင္ ၃ ပြဲ သေရ ၂ ပြဲရႈံးနဲ႔ ရဂိုး ၂၅ ဂိုး ေပးဂိုး ၁၂ ဂိုး ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မႏွစ္ရာသီ ယခုလိုကာလမွာ အာဆင္နယ္အသင္းဟာ ျပိဳင္ပြဲစံု ၁၀ ပြဲဆက္အႏုိင္ရလဒ္နဲ႔ ပံုစံေကာင္းျပသေနတာျဖစ္ျပီး လက္ရွိရာသီမွာေတာ့ ႏုိင္ပြဲရရွိဖို႔ ရံုးကန္ေနရတာျဖစ္ပါတယ္။
Ref: Arsenal, Football London



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!