ပပ်ပေတစ်ယောက် လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီလို့ သုံးသပ်လိုက်တဲ့ ဗန်ပါစီနဲ့ ကီယွန်

[UNICODE]

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဟောင်းတွေဖြစ်ကြတဲ့ ရော်ဘင် ဗန်ပါစီနဲ့ မာတင် ကီယွန်တို့က အသင်းက စံချိန်တင် ပြောင်းရွှေ့ကြေးရှင် နီကိုလပ်စ် ပပ်ပေအနေနဲ့ ခြေစွမ်းပြဖို့ ရုံးကန်နေရတဲ့ ကာလတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သုံးသပ်ချီးမွမ်းလိုက်ကြပါတယ်။

လက်ရှိရာသီအစမှာ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ နီကိုလပ်စ် ပပ်ပေဟာ အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်မှာ ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုံးကန်နေခဲ့ရသူပါ။ ဒါပေမယ့်လည်း ပပ်ပေဟာ ဒီကနေ့မနက်မှာ ကစားသွားတဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတော့ ပွဲပြီးဆုံးခါနီး မိနစ် ၂၀ ဝန်းကျင်သာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် အသင်းအတွက် လိုအပ်နေတဲ့ ခြေပဂိုးနဲ့ အနိုင်ဂိုးကို သွင်းယူပေးကာ အနိုင် ၃ မှတ် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

မာတင် ကီယွန်ကတော့ ပပ်ပေရဲ့ဟာ ကစားသမားသစ်တိုင်း မဖြစ်မနေ ကြုံတွေ့ရဖို့ လိုအပ်တဲ့ အလှည့်အပြောင်း အခိုက်အတန့်ကို ကြုံတွေ့သွားရပြီဖြစ်ပြီးတော့ လာမယ့်ပွဲစဉ်တွေမှာ ပုံမှန်ခြေစွမ်းပြန်လည်ပြသနိုင်တော့မယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကစားသမားတိုင်းမှာ အလှည့်အပြောင်း အခိုက်အတန့်ဆိုတာ လိုအပ်ပါတယ်။ ဘားကမ့်ပ်၊ အွန်နရီနဲ့ ဗန်ပါစီတို့လိုကစားသမားမျိုးတွေဖြစ်နေရင်တောင်မှာပေါ့။ အသင်းတစ်သင်းမှ အထိုင်ကျဖို့ ဒီအချက်က လိုကိုလိုအပ်ပါတယ်။ ခုချိန်မှာ အာဆင်နယ်အသင်း ဘာကြောင့် သူ့ကို ဒီလိုတန်ကြေးမျိုးပေးခဲ့တယ်ဆိုတာကို သိမြင်နိုင်ပြီလို့ ယူဆပါတယ်။ ဒါပေမယ့်လည်း ဒီညမတိုင်ခင်အထိတုန်းကတော့ သူ့ရဲ့ တန်ကြေး ပေါင် ၇၂ သန်းက မထိုက်တန်ဘူးလို့ လူတွေ ထင်မြင်နေခဲ့ကြတာပါ” လို့ ကီယွန်ကဆိုခဲ့ပါတယ်။

တိုက်စစ်မှူးဟောင်း ဗန်ပါစီကလည်း ပပ်ပေတစ်ယောက် ခုလို ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီ သူဟာ အာဆင်နယ်မှာ ပျော်ရွှင်တက်ကြွစွာ ရှင်သန်လာခဲ့ပြီ လို့ တင်စားပြောဆိုသွားခဲ့ပါတယ်။ “သူ့အတွက် အရမ်းဝမ်းသာရပါတယ်။ ပထမတစ်ကြိမ် ပြစ်ဒါဏ်ဘောကန်သွင်းပြီးချိန်မှာတင် သူဘာလုပ်နိုင်လဲ ခင်ဗျားတို့မြင်ပြီမဟုတ်လား။ သူ ပျော်ရွှင်တက်ကြွနေတာကို လူတိုင်းမြင်နိုင်ပါတယ်။ ပြောင်းရွှေ့ကြေး ဘယ်လောက်ဆိုတာ အရေးကြီးတဲ့အရာမဟုတ်ပါဘူး။ ပေါင် ၅ သန်းပဲဖြစ်ဖြစ် ပေါင် ၇၂ သန်းပဲဖြစ်ဖြစ် တကယ်လိုအပ်တာက အာဆင်နယ် ပရိတ်သတ်တွေ မြင်ချင်တာကို ပြသနိုင်ဖို့ပါပဲ” လို့ ဗန်ပါစီက ပြောဆိုသွားခဲ့ပါတယ်။

နီကိုလပ်စ် ပပ်ပေဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၂ ပွဲပါဝင်ကစားပေးထားပြီး ၃ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးပေးထားပါတယ်။
REF: BT Sport, The Mirror

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္ေဟာင္းေတြျဖစ္ၾကတဲ့ ေရာ္ဘင္ ဗန္ပါစီနဲ႔ မာတင္ ကီယြန္တို႔က အသင္းက စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ နီကိုလပ္စ္ ပပ္ေပအေနနဲ႔ ေျခစြမ္းျပဖို႔ ႐ုံးကန္ေနရတဲ့ ကာလေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ သုံးသပ္ခ်ီးမြမ္းလိုက္ၾကပါတယ္။

လက္ရွိရာသီအစမွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ အာဆင္နယ္အသင္းထံ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ နီကိုလပ္စ္ ပပ္ေပဟာ အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးတဲ့ေနာက္မွာ ေျခစြမ္းေကာင္းျပသႏိုင္ဖို႔ ႐ုံးကန္ေနခဲ့ရသူပါ။ ဒါေပမယ့္လည္း ပပ္ေပဟာ ဒီကေန႔မနက္မွာ ကစားသြားတဲ့ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာေတာ့ ပြဲၿပီးဆုံးခါနီး မိနစ္ ၂၀ ဝန္းက်င္သာ ပါဝင္ကစားခြင့္ရခဲ့ေပမယ့္ အသင္းအတြက္ လိုအပ္ေနတဲ့ ေျခပဂိုးနဲ႔ အႏိုင္ဂိုးကို သြင္းယူေပးကာ အႏိုင္ ၃ မွတ္ ရွာေဖြေပးႏိုင္ခဲ့ပါတယ္။

မာတင္ ကီယြန္ကေတာ့ ပပ္ေပရဲ႕ဟာ ကစားသမားသစ္တိုင္း မျဖစ္မေန ႀကဳံေတြ႕ရဖို႔ လိုအပ္တဲ့ အလွည့္အေျပာင္း အခိုက္အတန႔္ကို ႀကဳံေတြ႕သြားရၿပီျဖစ္ၿပီးေတာ့ လာမယ့္ပြဲစဥ္ေတြမွာ ပုံမွန္ေျခစြမ္းျပန္လည္ျပသႏိုင္ေတာ့မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ကစားသမားတိုင္းမွာ အလွည့္အေျပာင္း အခိုက္အတန႔္ဆိုတာ လိုအပ္ပါတယ္။ ဘားကမ့္ပ္၊ အြန္နရီနဲ႔ ဗန္ပါစီတို႔လိုကစားသမားမ်ိဳးေတြျဖစ္ေနရင္ေတာင္မွာေပါ့။ အသင္းတစ္သင္းမွ အထိုင္က်ဖို႔ ဒီအခ်က္က လိုကိုလိုအပ္ပါတယ္။ ခုခ်ိန္မွာ အာဆင္နယ္အသင္း ဘာေၾကာင့္ သူ႔ကို ဒီလိုတန္ေၾကးမ်ိဳးေပးခဲ့တယ္ဆိုတာကို သိျမင္ႏိုင္ၿပီလို႔ ယူဆပါတယ္။ ဒါေပမယ့္လည္း ဒီညမတိုင္ခင္အထိတုန္းကေတာ့ သူ႔ရဲ႕ တန္ေၾကး ေပါင္ ၇၂ သန္းက မထိုက္တန္ဘူးလို႔ လူေတြ ထင္ျမင္ေနခဲ့ၾကတာပါ” လို႔ ကီယြန္ကဆိုခဲ့ပါတယ္။

တိုက္စစ္မႉးေဟာင္း ဗန္ပါစီကလည္း ပပ္ေပတစ္ေယာက္ ခုလို ေျခစြမ္းျပ ဂိုးသြင္းယူႏိုင္ခဲ့တဲ့အတြက္ ဝမ္းသာေက်နပ္မိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီ သူဟာ အာဆင္နယ္မွာ ေပ်ာ္႐ႊင္တက္ႂကြစြာ ရွင္သန္လာခဲ့ၿပီ လို႔ တင္စားေျပာဆိုသြားခဲ့ပါတယ္။ “သူ႔အတြက္ အရမ္းဝမ္းသာရပါတယ္။ ပထမတစ္ႀကိမ္ ျပစ္ဒါဏ္ေဘာကန္သြင္းၿပီးခ်ိန္မွာတင္ သူဘာလုပ္ႏိုင္လဲ ခင္ဗ်ားတို႔ျမင္ၿပီမဟုတ္လား။ သူ ေပ်ာ္႐ႊင္တက္ႂကြေနတာကို လူတိုင္းျမင္ႏိုင္ပါတယ္။ ေျပာင္းေ႐ႊ႕ေၾကး ဘယ္ေလာက္ဆိုတာ အေရးႀကီးတဲ့အရာမဟုတ္ပါဘူး။ ေပါင္ ၅ သန္းပဲျဖစ္ျဖစ္ ေပါင္ ၇၂ သန္းပဲျဖစ္ျဖစ္ တကယ္လိုအပ္တာက အာဆင္နယ္ ပရိတ္သတ္ေတြ ျမင္ခ်င္တာကို ျပသႏိုင္ဖို႔ပါပဲ” လို႔ ဗန္ပါစီက ေျပာဆိုသြားခဲ့ပါတယ္။

နီကိုလပ္စ္ ပပ္ေပဟာ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၁၂ ပြဲပါဝင္ကစားေပးထားၿပီး ၃ ဂိုးသြင္းယူကာ ၃ ဂိုးဖန္တီးေပးထားပါတယ္။
REF: BT Sport, The Mirror



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!