21-Sep-2020 Tea-Break သတင်းတိုများ

[UNICODE]

⚽ အီတလီမှလာတဲ့ သတင်းများအရ ဂျူဗင်တပ်စ်အသင်းဟာ ရီးရဲလ်မက်ဒရစ် ဝါရင့်နောက်ခံအစွန်လူ မာဆယ်လိုကို ခေါ်ယူဖို့ မျက်စိကျနေပြီး ရော်နယ်ဒိုနဲ့ တူရင်မြေမှာ ပြန်လည်ပေါင်းစည်းပေးလိုနေကြောင်း သိရပါတယ်။

⚽ အာဆင်နယ်အသင်းရဲ့ အသက်(၂၈)နှစ်အရွယ် ဂျာမနီနောက်ခံလူ မူစတာဖီကို ခေါ်ယူဖို့ စီးရီးအေကလပ်များဖြစ်တဲ့ လာဇီယိုနဲ့ နာပိုလီအသင်းတို့က အသီးသီး စိတ်ဝင်စားနေကြပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းများ ထွက်ပေါ်နေတဲ့ ပေါ်တိုနောက်ခံလူ တဲလက်စ်ဟာ လက်ရှိမှာ ပေါ်တိုအတွက်ပဲ အာရုံစိုက်ကစားပေးဖို့ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

IMAGE – Goal.com

⚽ စပါးအသင်းရဲ့ပစ်မှတ်တစ်ခုဖြစ်ပြီး တရုတ်ကလပ်မှာ ကစားနေတဲ့ အသက်(၂၃)နှစ်အရွယ် တောင်ကိုရီးယားနောက်ခံလူ ကင်မင်ဂျေးကို လက်စတာအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

⚽ လိဒ်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ဖို့အတွက် အတ္တလန်တာကွင်းလယ်လူ မာလီနော့စကီးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

⚽ မန်ယူတိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက လက်ရှိမန်ယူအသင်းအနေနဲ့ ဆုဖလားများ ဆွတ်ခူးလိုပါက နည်းပြဆိုးလ်ရှားနေရာမှာ လိဒ်ယူနိုက်တက်နည်းပြကြီး ဘီယယ်ဆာကို အစားထိုးသင့်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

⚽ အာဆင်နယ်အသင်းဟာ အက်သလက်တီကို ကွင်းလယ်ခံစစ် ကစားသမား သောမတ်စ်ပါတေးကို ခေါ်ယူနိုင်ဖို့အတွက် တော်ရဲရားနဲ့ အလိုက်ပေးကမ်းလှမ်းလိုက်ပြီး တီကိုအနေနဲ့လည်း တော်ရဲရားကို အလိုရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ် ရှိနေပါတယ်။

IMAGE: GOAL

⚽ လီဗာပူးအသင်းရဲ့ အသက်(၂၀)အရွယ် တိုက်စစ်မှူး ဘရူးစတားကို ခေါ်ယူဖို့အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းက ထိပ်ဆုံးကနေဦးဆောင်နေပြီး ရှက်ဖီးယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းအသင်းတို့ကလည်း အသီးသီး စောင့်ကြည့်နေကြပါတယ်။

[ZAWGYI]

⚽ အီတလီမွလာတဲ့ သတင္းမ်ားအရ ဂ်ဴဗင္တပ္စ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ ဝါရင့္ေနာက္ခံအစြန္လူ မာဆယ္လိုကို ေခၚယူဖို႔ မ်က္စိက်ေနၿပီး ေရာ္နယ္ဒိုနဲ႔ တူရင္ေျမမွာ ျပန္လည္ေပါင္းစည္းေပးလိုေနေၾကာင္း သိရပါတယ္။

⚽ အာဆင္နယ္အသင္းရဲ႕ အသက္(၂၈)ႏွစ္အ႐ြယ္ ဂ်ာမနီေနာက္ခံလူ မူစတာဖီကို ေခၚယူဖို႔ စီးရီးေအကလပ္မ်ားျဖစ္တဲ့ လာဇီယိုနဲ႔ နာပိုလီအသင္းတို႔က အသီးသီး စိတ္ဝင္စားေနၾကပါတယ္။

⚽ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သတင္းမ်ား ထြက္ေပၚေနတဲ့ ေပၚတိုေနာက္ခံလူ တဲလက္စ္ဟာ လက္ရွိမွာ ေပၚတိုအတြက္ပဲ အာ႐ုံစိုက္ကစားေပးဖို႔ရွိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

IMAGE – Goal.com

⚽ စပါးအသင္းရဲ႕ပစ္မွတ္တစ္ခုျဖစ္ၿပီး တ႐ုတ္ကလပ္မွာ ကစားေနတဲ့ အသက္(၂၃)ႏွစ္အ႐ြယ္ ေတာင္ကိုရီးယားေနာက္ခံလူ ကင္မင္ေဂ်းကို လက္စတာအသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားလာပါတယ္။

⚽ လိဒ္ယူႏိုက္တက္အသင္းဟာ ကြင္းလယ္ပိုင္းကို ထပ္မံအားျဖည့္ဖို႔အတြက္ အတၱလန္တာကြင္းလယ္လူ မာလီေနာ့စကီးကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။

⚽ မန္ယူတိုက္စစ္မႉးေဟာင္း ကက္စ္ကာရီႏိုက လက္ရွိမန္ယူအသင္းအေနနဲ႔ ဆုဖလားမ်ား ဆြတ္ခူးလိုပါက နည္းျပဆိုးလ္ရွားေနရာမွာ လိဒ္ယူႏိုက္တက္နည္းျပႀကီး ဘီယယ္ဆာကို အစားထိုးသင့္တယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။

⚽ အာဆင္နယ္အသင္းဟာ အက္သလက္တီကို ကြင္းလယ္ခံစစ္ ကစားသမား ေသာမတ္စ္ပါေတးကို ေခၚယူႏိုင္ဖို႔အတြက္ ေတာ္ရဲရားနဲ႔ အလိုက္ေပးကမ္းလွမ္းလိုက္ၿပီး တီကိုအေနနဲ႔လည္း ေတာ္ရဲရားကို အလိုရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ဖြယ္ ရွိေနပါတယ္။

IMAGE: GOAL

⚽ လီဗာပူးအသင္းရဲ႕ အသက္(၂၀)အ႐ြယ္ တိုက္စစ္မႉး ဘ႐ူးစတားကို ေခၚယူဖို႔အတြက္ ခရစၥတယ္ပဲေလ့စ္အသင္းက ထိပ္ဆုံးကေနဦးေဆာင္ေနၿပီး ရွက္ဖီးယူႏိုက္တက္နဲ႔ ဝက္စ္ဘ႐ြန္းအသင္းတို႔ကလည္း အသီးသီး ေစာင့္ၾကည့္ေနၾကပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!