21-Sep-2020 ခ်ဲလ္ဆီးသတင္းတုိမ်ား

[UNICODE]

antonio-rudiger-chelsea-2020-21-1v1krs1bum4tl1rr3k185icedn
IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ လီဗာပူးနဲ့ပွဲစဉ်မှာ နောက်ခံလူ ရူဒီဂါကို ချန်လှပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး အသင်းမှာ ဗဟိုနောက်ခံလူ ၅ ယောက်အထိ ရှိနေလို့ဖြစ်ကြောင်း၊ ဒါကြောင့် နောက်ခံလူ ၃ ယောက်ကို အရန်ခုံမှာ ထိုင်ခိုင်းထားလို့ မဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Ei-X73-Wg-XYAk-Cck6
IMAGE: GOAL

⚽ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကတော့ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံပင်နယ်တီ ၉ ကြိမ် ကန်သွင်းခဲ့ရာမှာ လီဗာပူးနဲ့ပွဲက ပထမဆုံးအကြိမ် လွဲချော်ခဲ့တာပါ။ ဒါပေမဲ့ တခြားတစ်ဘက်မှာ အယ်လစ်ဆန်ကတော့ လီဗာပူးအတွက် ပထမဆုံးအကြိမ် ပင်နယ်တီကာကွယ်ခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ ၁၉၉၉ ခုနှစ် ဘလက်ဘန်းအသင်းနဲ့ ပွဲစဉ်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ ကစားသမားအထုတ်ခံရပြီး ပင်နယ်တီလွဲခဲ့တာ ပထမဆုံး အကြိမ်ဖြစ်ခဲ့ပါတယ်။

fernando-torres-kepa-arrizabalaga-andriy-shevchenko-19s0kb8yk6khd10vavd0ncvi1r
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ခရစ်ဆပ်တန်က ဂိုးသမားကီပါမှာ ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက ်အဆိုးရွားဆုံး ခေါ်ယူမှုဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။ “တောရက်စ်၊ ရှက်ချင်တို့ထက်တောင် ကီပါရဲ့ အခြေအနေက တော်တော်လေး ဆိုးပါတယ်”လို့ ဆပ်တန်က ဝေဖန်ခဲ့ပါတယ်။

LONDON-ENGLAND-JULY-07-Frank-Lampard-Manager-of-Chelsea-looks-on-whilst-leaving-the-pitch-following
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ နောက်ခံလူခရစ္စတန်ဆန်ရဲ့ အနီကတ်က အရာအားလုံးကို ပြောင်းလဲပစ်လိုက်တာဖြစ်ကြောင်း၊ သူတို့အသင်းဟာ ပထမပိုင်းမှာ ကစားပုံကောင်းမွန်ခဲ့တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ဆိုခဲ့ပါတယ်။

⚽ ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ သတင်းထွက်ပေါ်နေတဲ့ တိုက်စစ်ကစားသမား အိုဒွိုင်းနဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မသိကြောင်း၊ ပွဲထွက်ခွင့်မရရင် ကစားသမားတွေဟာ စိတ်ပျက်မှာဖြစ်ကြောင်း ဖွင်ဟသွားခဲ့ပါတယ်။

jurgen-klopp-liverpool-2020-21-1x7qmcwpspdex1j8aas6u7n3p3
IMAGE: GOAL

⚽ လီဗာပူးနည်းပြကလော့ကတော့ ခဲျလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်အထုတ်ခံရချိန်မှာ အောင်ပွဲခံခဲ့တဲ့ လီဗာပူးကစားသမားတွေကို ကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။ “မင်းတို့ရူးနေလား။ ငါတို့က ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး”လို့ ကလော့က ဆိုခဲ့တာပါ။

timo-werner-chelsea-2020-21-tbz0xx9sjq0k12r89ytlbd4lm
IMAGE: GOAL

⚽ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာက သူ့အနေနဲ့ လီဗာပူးကို ငြင်းပယ်ခဲ့တဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရကြောင်း၊ ချဲလ်ဆီးကို စိတ်ခိုင်မာစွာနဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ “လီဗာပူးကို ငြင်းခဲ့တဲ့အတွက် လုံးဝနောင်တ မရပါဘူး”လို့ ဝါနာက ဆိုခဲ့ပါတယ်။

[ZAWGYI]

antonio-rudiger-chelsea-2020-21-1v1krs1bum4tl1rr3k185icedn
IMAGE: GOAL

⚽ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ကေတာ့ လီဗာပူးနဲ႔ပြဲစဥ္မွာ ေနာက္ခံလူ ရူဒီဂါကို ခ်န္လွပ္ခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး အသင္းမွာ ဗဟိုေနာက္ခံလူ ၅ ေယာက္အထိ ရွိေနလို႔ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ေနာက္ခံလူ ၃ ေယာက္ကို အရန္ခံုမွာ ထုိင္ခိုင္းထားလို႔ မျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Ei-X73-Wg-XYAk-Cck6
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲစံုပင္နယ္တီ ၉ ႀကိမ္ ကန္သြင္းခဲ့ရာမွာ လီဗာပူးနဲ႔ပြဲက ပထမဆံုးအႀကိမ္ လြဲေခ်ာ္ခဲ့တာပါ။ ဒါေပမဲ့ တျခားတစ္ဘက္မွာ အယ္လစ္ဆန္ကေတာ့ လီဗာပူးအတြက္ ပထမဆံုးအႀကိမ္ ပင္နယ္တီကာကြယ္ျခင္းအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းဟာ ၁၉၉၉ ခုႏွစ္ ဘလက္ဘန္းအသင္းနဲ႔ ပြဲစဥ္ေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွာ ကစားသမားအထုတ္ခံရၿပီး ပင္နယ္တီလြဲခဲ့တာ ပထမဆံုး အႀကိမ္ျဖစ္ခဲ့ပါတယ္။

fernando-torres-kepa-arrizabalaga-andriy-shevchenko-19s0kb8yk6khd10vavd0ncvi1r
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးတုိက္စစ္မွဴးေဟာင္း ခရစ္ဆပ္တန္က ဂိုးသမားကီပါမွာ ခ်ဲလ္ဆီးအသင္းသမုိင္းတစ္ေလွ်ာက ္အဆုိးရြားဆံုး ေခၚယူမႈျဖစ္ေၾကာင္း ေ၀ဖန္သြားခဲ့ပါတယ္။ “ေတာရက္စ္၊ ရွက္ခ်င္တုိ႔ထက္ေတာင္ ကီပါရဲ႕ အေျခအေနက ေတာ္ေတာ္ေလး ဆုိးပါတယ္”လုိ႔ ဆပ္တန္က ေ၀ဖန္ခဲ့ပါတယ္။

LONDON-ENGLAND-JULY-07-Frank-Lampard-Manager-of-Chelsea-looks-on-whilst-leaving-the-pitch-following
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ခ်န္ပီယံလီဗာပူးနဲ႔ ရင္ဆုိင္ရတဲ့ပြဲစဥ္မွာ ေနာက္ခံလူခရစၥတန္ဆန္ရဲ႕ အနီကတ္က အရာအားလံုးကို ေျပာင္းလဲပစ္လုိက္တာျဖစ္ေၾကာင္း၊ သူတုိ႔အသင္းဟာ ပထမပိုင္းမွာ ကစားပံုေကာင္းမြန္ခဲ့တယ္လုိ႔ ခ်ဲဲလ္ဆီးနည္းျပ လမ္းပတ္က ဆုိခဲ့ပါတယ္။

⚽ ခ်ဲလ္ဆီးနည္းျပ လမး္ပတ္ကေတာ့ ဘို္င္ယန္ျမဴးနစ္နဲ႔ သတင္းထြက္ေပၚေနတဲ့ တုိက္စစ္ကစားသမား အုိဒိြဳင္းနဲ႔ အနာဂတ္နဲ႔ ပတ္သက္ၿပီး သူ႔အေနနဲ႔ မသိေၾကာင္း၊ ပြဲထြက္ခြင့္မရရင္ ကစားသမားေတြဟာ စိတ္ပ်က္မွာျဖစ္ေၾကာင္း ဖြင္ဟသြားခဲ့ပါတယ္။

jurgen-klopp-liverpool-2020-21-1x7qmcwpspdex1j8aas6u7n3p3
IMAGE: GOAL

⚽ လီဗာပူးနည္းျပကေလာ့ကေတာ့ ခဲ်လ္ဆီးေနာက္ခံလူ ခရစၥတန္ဆန္အထုတ္ခံရခ်ိိန္မွာ ေအာင္ပြဲခံခဲ့တဲ့ လီဗာပူးကစားသမားေတြကို ႀကိမ္းေမာင္းခဲ့တယ္လုိ႔ သိရပါတယ္။ “မင္းတို႔ရူးေနလား။ ငါတုိ႔က ဒီလိုမ်ိဳး ဘယ္ေတာ့မွ မလုပ္ဘူး”လုိ႔ ကေလာ့က ဆုိခဲ့တာပါ။

timo-werner-chelsea-2020-21-tbz0xx9sjq0k12r89ytlbd4lm
IMAGE: GOAL

⚽ ခ်ဲလ္ဆီးတုိက္စစ္မွဴး တီမို၀ါနာက သူ႔အေနနဲ႔ လီဗာပူးကို ျငင္းပယ္ခဲ့တဲ့ဆံုးျဖတ္ခ်က္အတြက္ ေနာင္တမရေၾကာင္း၊ ခ်ဲလ္ဆီးကို စိတ္ခိုင္မာစြာနဲ႔ ေျပာင္းေရႊ႕ဖုိ႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ “လီဗာပူးကို ျငင္းခဲ့တဲ့အတြက္ လံုး၀ေနာင္တ မရပါဘူး”လုိ႔ ၀ါနာက ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!