21-Sep-2020 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

မန်ယူဂန္ထဝင်ကြီး ဘရိုင်ယန်ရော်ဆင်ကတော့ ဖာနန်ဒက်စ်ဟာ ပေါ့ဂ်ဘာကို ပုံစံကောင်းတွေ ရရှိအောင် ကူညီပေးနိုင်မယ့်သူဖြစ်ကြောင်း၊ ဖာနနန်ဒက်စ် ရောက်လာပြီးကတည်းက ပေါ့ဂ်ဘာရဲ့ပုံစံကို တွေ့မြင်ရတာ ကျေနပ်စရာ ကောင်းကြောင်း ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ နောက်ခံလူ တဲလက်စ်အနေနဲ့ အသင်းကနေ ထွက်သွားနိုင်တယ်လို့ ‌ပေါ်တိုနည်းပြချုပ် ကွန်ဆီကာယိုက ဝန်ခံသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ယူနဲ့အပြောင်းအရွှေ့များ ထွက်ပေါ်နေပေမယ့် ပေါ်တိုနောက်ခံလူ တဲလက်စ်ကတော့ လက်ရှိမှာ ပေါ်တိုအတွက်ပဲ အာရုံစိုက်ကစားပေးဖို့ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်း ဂစ်ဘ်ကတော့ ပဲလေ့စ်နဲ့ပွဲစဉ်က သူ့အသင်းဟောင်းနဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်ပြီး စိတ်ပျက်လျက်ရှိနေပါတယ်။ အဲဒီပွဲစဉ်မှာ ပဲလေ့စ်က ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တယ်လို့ ဂစ်ဘ်က ဝေဖန်ခဲ့ပါတယ်။

စပါးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် မရှေးမနှောင်းမှာပဲ မန်ယူကွင်းလယ်ကစားသမား ဂျီဆီလင်ဂတ်ကို ရုရှားကလပ် ဇင်းနစ်အသင်းကပါ မျက်စိကျနေပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက လက်ရှိမန်ယူအသင်းအနေနဲ့ ဆုဖလားများ ဆွတ်ခူးလိုပါက နည်းပြဆိုးလ်ရှားနေရာမှာ လိဒ်ယူနိုက်တက်နည်းပြကြီး ဘီယယ်ဆာကို အစားထိုးသင့်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူသစ် ဗန်ဒီဘတ်ချ်က သူ့အနေနဲ့ အဖွင့်ပွဲစဉ်မှာပဲ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ကျေနပ်မှုမရှိကြောင်း၊ ၃-၁ နဲ့ ရှုံးနိမ့်မှုကို စိတ်ပျက်နေပြီး ဒါက အလွန်ဆိုးရွားတဲ့အရာဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောကတော့ ပဲလေ့စ်ကိုအရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ သူတို့အသင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။ “ကျွန်တော်တို့လူစာရင်းက တောင့်တင်းပေမယ့် ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်နေပါတယ်”လို့ လုခ်ရှောက ဆိုခဲ့တာပါ။

[ZAWGYI]

မန္ယူဂႏၴဝင္ႀကီး ဘ႐ိုင္ယန္ေရာ္ဆင္ကေတာ့ ဖာနန္ဒက္စ္ဟာ ေပါ့ဂ္ဘာကို ပုံစံေကာင္းေတြ ရရွိေအာင္ ကူညီေပးႏိုင္မယ့္သူျဖစ္ေၾကာင္း၊ ဖာနနန္ဒက္စ္ ေရာက္လာၿပီးကတည္းက ေပါ့ဂ္ဘာရဲ႕ပုံစံကို ေတြ႕ျမင္ရတာ ေက်နပ္စရာ ေကာင္းေၾကာင္း ဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ သေဘာတူညီမႈ ရရွိသြားၿပီလို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ေနာက္ခံလူ တဲလက္စ္အေနနဲ႔ အသင္းကေန ထြက္သြားႏိုင္တယ္လို႔ ‌ေပၚတိုနည္းျပခ်ဳပ္ ကြန္ဆီကာယိုက ဝန္ခံသြားခဲ့ပါတယ္။

ဒါေပမယ့္လည္း မန္ယူနဲ႔အေျပာင္းအေ႐ႊ႕မ်ား ထြက္ေပၚေနေပမယ့္ ေပၚတိုေနာက္ခံလူ တဲလက္စ္ကေတာ့ လက္ရွိမွာ ေပၚတိုအတြက္ပဲ အာ႐ုံစိုက္ကစားေပးဖို႔ရွိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ယူႏိုက္တက္ကစားသမားေဟာင္း ဂစ္ဘ္ကေတာ့ ပဲေလ့စ္နဲ႔ပြဲစဥ္က သူ႔အသင္းေဟာင္းနဲ႔ ေျခစြမ္း၊ စိတ္ဓာတ္ပိုင္းနဲ႔ပတ္သက္ၿပီး စိတ္ပ်က္လ်က္ရွိေနပါတယ္။ အဲဒီပြဲစဥ္မွာ ပဲေလ့စ္က ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တယ္လို႔ ဂစ္ဘ္က ေဝဖန္ခဲ့ပါတယ္။

စပါးအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ မေရွးမေႏွာင္းမွာပဲ မန္ယူကြင္းလယ္ကစားသမား ဂ်ီဆီလင္ဂတ္ကို ႐ုရွားကလပ္ ဇင္းနစ္အသင္းကပါ မ်က္စိက်ေနပါတယ္။

မန္ယူတိုက္စစ္မႉးေဟာင္း ကက္စ္ကာရီႏိုက လက္ရွိမန္ယူအသင္းအေနနဲ႔ ဆုဖလားမ်ား ဆြတ္ခူးလိုပါက နည္းျပဆိုးလ္ရွားေနရာမွာ လိဒ္ယူႏိုက္တက္နည္းျပႀကီး ဘီယယ္ဆာကို အစားထိုးသင့္တယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူသစ္ ဗန္ဒီဘတ္ခ်္က သူ႔အေနနဲ႔ အဖြင့္ပြဲစဥ္မွာပဲ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ေက်နပ္မႈမရွိေၾကာင္း၊ ၃-၁ နဲ႔ ရႈံးနိမ့္မႈကို စိတ္ပ်က္ေနၿပီး ဒါက အလြန္ဆိုး႐ြားတဲ့အရာျဖစ္ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ လုခ္ေရွာကေတာ့ ပဲေလ့စ္ကိုအေရးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာ သူတို႔အသင္းအေနနဲ႔ ကစားသမားသစ္ေတြ ေခၚယူဖို႔ လိုအပ္ေၾကာင္း ဆိုခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔လူစာရင္းက ေတာင့္တင္းေပမယ့္ ကစားသမားသစ္ေတြ ေခၚယူဖို႔ လိုအပ္ေနပါတယ္”လို႔ လုခ္ေရွာက ဆိုခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!