21-Sep-2020 ညနေခင်းသတင်းတိုများ

[UNICODE]

မန်စီးတီးအသင်းရဲ့ ဂျာမနီကွင်းလယ်ကစားသမား ဂွန်ဒိုဂန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း အသင်းက အတည်ပြု ကြေငြာခဲ့ပါတယ်။ အနည်းဆုံး(၁၀)ရက် သီးသန့်နေထိုင်ရမယ့်အတွက် ဂွန်ဒိုဂန်ဟာ မန်စီးတီးကစားမယ့် ပွဲစဉ်(၃)ပွဲခန့် လွဲချော်သွားတော့မှာပါ။

ချယ်ဆီးနည်းပြ လမ်းပတ်က လီဗာပူးနဲ့ပွဲမှာ အမှားများခဲ့တဲ့ ဂိုးသမားကီပါကို တည်ငြိမ်မှုရရှိအောင် မိမိတို့အနေနဲ့ အကောင်းဆုံး အကူအညီ ပေးသွားရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

လက်စတာအသင်းဟာ ပြင်သစ်ကလပ် စိန့်အက်တီယန်အသင်းရဲ့ အသက်(၁၉)နှစ်အရွယ် နောက်ခံလူ ဖိုဖာနာကို ခေါ်ယူဖို့ ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ဘန်ဇီမာနဲ့တွဲဖက်ပေးဖို့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်လိုအပ်နေပြီး ဒီပြဿနာကို ကာဗာနီက ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ စပိန်သတင်းထောက်တစ်ဦးမှ သုံးသပ်သွားခဲ့ပါတယ်။

လီဗာပူးနဲ့ချယ်ဆီးတို့မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က အဆိုပါ ၂သင်းပေါင်း အကောင်းဆုံး(၁၁)ယောက် စာရင်းကို ရွေးချယ်ခဲ့ရာမှာ အီဒင်ဟာဇက် ပါဝင်လာခဲ့ခြင်း မရှိဘဲ တိုက်စစ်မှာ ဒရော့ဘာ ၊ ဒါ့တ်ကုချ် ၊ ဘီနာယောင်နဲ့ ကွင်းလယ်မှာ လမ်းပတ် ၊ ဂျာရတ် ၊ အလွန်ဆိုတို့ကို ရွေးချယ်သွားခဲ့ပါတယ်။

စပါးနည်းပြ မော်ရင်ဟိုဟာ ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲမှာ ၄ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ၁ဂိုးသွင်း ၄ဂိုးဖန်တီးပေးခဲ့တဲ့ ဟာရီကိန်းသာ man of the match ရသင့်ကြောင်း နောက်ပြောင်သွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး မိုရာတာကို တစ်ရာသီအငှားနဲ့ တူရင်မြေကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ ဟီဂူအင်ထွက်ခွာသွားလို့ တိုက်စစ်မှူးသစ် ရှာဖွေနေတာပါ။

အသက်(၂၄)နှစ်အရွယ် လီဗာပူး တောင်ပံကစားသမား ဂျော်ဒန်အိုင်ဘီဟာ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားခဲ့ပြီး ၂နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

[ZAWGYI]

မန္စီးတီးအသင္းရဲ႕ ဂ်ာမနီကြင္းလယ္ကစားသမား ဂြန္ဒိုဂန္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရေၾကာင္း အသင္းက အတည္ျပဳ ေၾကျငာခဲ့ပါတယ္။ အနည္းဆုံး(၁၀)ရက္ သီးသန႔္ေနထိုင္ရမယ့္အတြက္ ဂြန္ဒိုဂန္ဟာ မန္စီးတီးကစားမယ့္ ပြဲစဥ္(၃)ပြဲခန႔္ လြဲေခ်ာ္သြားေတာ့မွာပါ။

ခ်ယ္ဆီးနည္းျပ လမ္းပတ္က လီဗာပူးနဲ႔ပြဲမွာ အမွားမ်ားခဲ့တဲ့ ဂိုးသမားကီပါကို တည္ၿငိမ္မႈရရွိေအာင္ မိမိတို႔အေနနဲ႔ အေကာင္းဆုံး အကူအညီ ေပးသြားရမယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။

လက္စတာအသင္းဟာ ျပင္သစ္ကလပ္ စိန႔္အက္တီယန္အသင္းရဲ႕ အသက္(၁၉)ႏွစ္အ႐ြယ္ ေနာက္ခံလူ ဖိုဖာနာကို ေခၚယူဖို႔ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ တိုက္စစ္မွာ ဘန္ဇီမာနဲ႔တြဲဖက္ေပးဖို႔ ထိပ္တန္းတိုက္စစ္မႉးတစ္ေယာက္လိုအပ္ေနၿပီး ဒီျပႆနာကို ကာဗာနီက ေျဖရွင္းေပးႏိုင္လိမ့္မယ္လို႔ စပိန္သတင္းေထာက္တစ္ဦးမွ သုံးသပ္သြားခဲ့ပါတယ္။

လီဗာပူးနဲ႔ခ်ယ္ဆီးတို႔မွာ ကစားခဲ့ဖူးတဲ့ တိုက္စစ္မႉး ဖာနန္ဒိုေတာရက္စ္က အဆိုပါ ၂သင္းေပါင္း အေကာင္းဆုံး(၁၁)ေယာက္ စာရင္းကို ေ႐ြးခ်ယ္ခဲ့ရာမွာ အီဒင္ဟာဇက္ ပါဝင္လာခဲ့ျခင္း မရွိဘဲ တိုက္စစ္မွာ ဒေရာ့ဘာ ၊ ဒါ့တ္ကုခ်္ ၊ ဘီနာေယာင္နဲ႔ ကြင္းလယ္မွာ လမ္းပတ္ ၊ ဂ်ာရတ္ ၊ အလြန္ဆိုတို႔ကို ေ႐ြးခ်ယ္သြားခဲ့ပါတယ္။

စပါးနည္းျပ ေမာ္ရင္ဟိုဟာ ေဆာက္သမ္တန္ကို အႏိုင္ရတဲ့ပြဲမွာ ၄ဂိုးသြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး ဆြန္ေဟာင္မင္ကို ၁ဂိုးသြင္း ၄ဂိုးဖန္တီးေပးခဲ့တဲ့ ဟာရီကိန္းသာ man of the match ရသင့္ေၾကာင္း ေနာက္ေျပာင္သြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ တိုက္စစ္မႉး မိုရာတာကို တစ္ရာသီအငွားနဲ႔ တူရင္ေျမကို ျပန္လည္ေခၚယူဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ ဟီဂူအင္ထြက္ခြာသြားလို႔ တိုက္စစ္မႉးသစ္ ရွာေဖြေနတာပါ။

အသက္(၂၄)ႏွစ္အ႐ြယ္ လီဗာပူး ေတာင္ပံကစားသမား ေဂ်ာ္ဒန္အိုင္ဘီဟာ ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေရာက္ရွိသြားခဲ့ၿပီး ၂ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!