22-Sep-2020 နံနက္ခင္းသတင္းတုိမ်ား

[UNICODE] ဝုဖ် ၁-၃ မန်စီးတီး

Untitled
IMAGE: GOAL

မန်စီးတီးကတော့ ပြီးခဲ့တဲ့နှစ်က ဒုက္ခပေးခဲ့တဲ့ ဝုဖ်ကို ပြတ်ပြတ်သားသားပဲ အနိုင်ယူခဲ့ပါတယ်။ ဗလန်စီယာက ခေါ်ယူထားတဲ့ ဖာရန်တောရက်စ်ကို အရန်ခုံမှာပဲထားခဲ့ပြီး တိုက်စစ်ပိုင်းမှာ ဒီဘရိုင်း၊ စတာလင်၊ ဂျီးဆပ်စ်၊ ဖိုဒန်တို့နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီးအတွက်ဂိုးတွေကိုတော့ ဒီဘရိုင်း(ပင်)၊ ဖိုဒန်နဲ့ ဂျီးဆပ်စ်တို့က သွင်းခဲ့တာပါ။

2889826-59504528-2560-1440
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက လူငယ်ကြယ်ပွင့် Riqui Puig က သူ့အစီအစဉ်ထဲမှာ ပါဝင်ခြင်း မရှိဘူးဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ကြောင်း၊ လူငယ်တွေအားလုံး သူ့ရဲ့အစီအစဉ်ထဲမှာ ပါဝင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Alex-Runarsson-2020
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း မာတီနက်ဇ်နေရာကို အစားထိုးဖို့ အိုက်စလန်ဂိုးသမား ရူနာဆန်ကို ယူရို ၁.၁ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပါပြီ။ ရူနာဆန်ဟာ လီနိုရဲ့ အရန်အဖြစ် ရှိနေမှာ ဖြစ်ပါတယ်။

cristiano-ronaldo-portugal-q5pbq2bgqojy1e0xdy8zl7tjb
IMAGE: GOAL

⚽ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ ကစားသမားဟောင်း စီရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့အကယ်ဒမီကို Academia Cristiano Ronaldo ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ကစားသမားဘဝကို စပို့တင်းမှာ စတင်ခဲ့တာပါ။

jadon-sancho-borussia-dortmund-2020-21-1g4s54oulf645z4vhkenngses
IMAGE: GOAL

⚽ ဒေါ့မွန်ဒါရိုက်တာခန်းကတော့ သူတို့ရဲ့ အဓိကကြယ်ပွင့်ဆန်ချိုမှာ တစ်နေ့ကျရင် အသင်းကနေ ထွက်ခွာသွားနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းမှာ ပျော်ရွှင်နေကြောင်း၊ ယူနိုက်တက်ကို ပြောင်းရွှေ့မှာ မဟုတ်သေးကြောင်း ပြောဆိုသွားခဲ့ပါတယ်။

mini-2020-08-08-BARCELONA-NAPOLES-61-scaled
IMAGE: GOAL

⚽ ဘာစီလိုနာနဲ့ တိုက်စစ်မှူးဆွာရက်ဇ်တို့ဟာ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဆွာရက်ဇ်ဟာ လက်ကျန်လစာတွေကို ယူတော့မှာမဟုတ်ဘဲ သူ့စိတ်ကြိုက်အသင်းပြောင်းရွှေ့ခွင့် ရရှိတော့မှာပါ။

rakitic-32-beeindigt-per-direct-interlandcarriere-bij-kroatie
IMAGE: GOAL

⚽ ဆီဗီးလ်ကို ပြန်လည်ပြောင်းရွှွေ့သွားခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ ရာကီတစ်ဟာ ခရိုအေးရှားလက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ရာကီတစ်ဟာ ခရိုအေးရှားအသင်းမှာ ၁၀၆ ပွဲပါဝင်ကစားပြီး ၁၅ ဂိုးသွင်းယူထားခဲ့တာဖြစ်ပါတယ်။

yannick-ferreira-carrasco-atletico-madrid-2017-1tsmecfxisk4r15gurwiz81rap
IMAGE: GOAL

⚽ စီးရီးအေထိပ်သီး ဂျူဗင်တပ်ဟာ အက်သလက်တောင်ပံကစားသမား ကာရက်ကိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Calcio Mercato က ဖော်ပြထားပါတယ်။ အက်သလက်ဟာ ကာရက်ကိုကို အခုနှစ်နွေရာသီကမှ အပြီးသတ် ခေါ်ယူထားခဲ့တာပါ။

[ZAWGYI] ၀ုဖ္ ၁-၃ မန္စီးတီး

Untitled
IMAGE: GOAL

မန္စီးတီးကေတာ့ ၿပီးခဲ့တဲ့ႏွစ္က ဒုကၡေပးခဲ့တဲ့ ၀ုဖ္ကို ျပတ္ျပတ္သားသားပဲ အႏိုင္ယူခဲ့ပါတယ္။ ဗလန္စီယာက ေခၚယူထားတဲ့ ဖာရန္ေတာရက္စ္ကို အရန္ခံုမွာပဲထားခဲ့ၿပီး တုိက္စစ္ပိုင္းမွာ ဒီဘရိုင္း၊ စတာလင္၊ ဂ်ီးဆပ္စ္၊ ဖုိဒန္တုိ႔နဲ႔ပဲ ပြဲထြက္လာခဲ့ပါတယ္။ မန္စီးတီးအတြက္ဂိုးေတြကိုေတာ့ ဒီဘရိုင္း(ပင္)၊ ဖုိဒန္နဲ႔ ဂ်ီးဆပ္စ္တုိ႔က သြင္းခဲ့တာပါ။

2889826-59504528-2560-1440
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက လူငယ္ၾကယ္ပြင့္ Riqui Puig က သူ႔အစီအစဥ္ထဲမွာ ပါ၀င္ျခင္း မရွိဘူးဆိုတဲ့သတင္းေတြဟာ မဟုတ္မွန္ေၾကာင္း၊ လူငယ္ေတြအားလံုး သူ႔ရဲ႕အစီအစဥ္ထဲမွာ ပါ၀င္တယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။

Alex-Runarsson-2020
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းဟာ သတင္းေတြ ထြက္ေပၚေနတဲ့အတုိင္း မာတီနက္ဇ္ေနရာကို အစားထိုးဖုိ႔ အိုက္စလန္ဂိုးသမား ရူနာဆန္ကို ယူရို ၁.၁ သန္းနဲ႔ အၿပီးသတ္ ေခၚယူခဲ့ပါၿပီ။ ရူနာဆန္ဟာ လီႏိုရဲ႕ အရန္အျဖစ္ ရွိေနမွာ ျဖစ္ပါတယ္။

cristiano-ronaldo-portugal-q5pbq2bgqojy1e0xdy8zl7tjb
IMAGE: GOAL

⚽ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းအသင္းဟာ ကစားသမားေဟာင္း စီေရာ္နယ္ဒုိကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ သူတုိ႔ရဲ႕အကယ္ဒမီကို Academia Cristiano Ronaldo ဆုိၿပီး နာမည္ေပးခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ကစားသမားဘ၀ကို စပို႔တင္းမွာ စတင္ခဲ့တာပါ။

jadon-sancho-borussia-dortmund-2020-21-1g4s54oulf645z4vhkenngses
IMAGE: GOAL

⚽ ေဒါ့မြန္ဒါရိုက္တာခန္းကေတာ့ သူတုိ႔ရဲ႕ အဓိကၾကယ္ပြင့္ဆန္ခ်ိဳမွာ တစ္ေန႔က်ရင္ အသင္းကေန ထြက္ခြာသြားႏုိင္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အသင္းမွာ ေပ်ာ္ရႊင္ေနေၾကာင္း၊ ယူႏုိက္တက္ကို ေျပာင္းေရႊ႕မွာ မဟုတ္ေသးေၾကာင္း ေျပာဆုိသြားခဲ့ပါတယ္။

mini-2020-08-08-BARCELONA-NAPOLES-61-scaled
IMAGE: GOAL

⚽ ဘာစီလိုနာနဲ႔ တုိက္စစ္မွဴးဆြာရက္ဇ္တုိ႔ဟာ စာခ်ဳပ္ဖ်က္သိမ္းဖုိ႔ သေဘာတူညီမႈ ရရွိခဲ့ပါၿပီ။ ဆြာရက္ဇ္ဟာ လက္က်န္လစာေတြကို ယူေတာ့မွာမဟုတ္ဘဲ သူ႔စိတ္ႀကိဳက္အသင္းေျပာင္းေရႊ႕ခြင့္ ရရွိေတာ့မွာပါ။

rakitic-32-beeindigt-per-direct-interlandcarriere-bij-kroatie
IMAGE: GOAL

⚽ ဆီဗီးလ္ကို ျပန္လည္ေျပာင္းေရႊြ႕သြားခဲ့တဲ့ ၀ါရင့္ကြင္းလယ္လူ ရာကီတစ္ဟာ ခရုိေအးရွားလက္ေရြးစင္အသင္းကေန အနားယူသြားခဲ့ၿပီ ျဖစ္ပါတယ္။ ရာကီတစ္ဟာ ခရိုေအးရွားအသင္းမွာ ၁၀၆ ပြဲပါ၀င္ကစားၿပီး ၁၅ ဂိုးသြင္းယူထားခဲ့တာျဖစ္ပါတယ္။

yannick-ferreira-carrasco-atletico-madrid-2017-1tsmecfxisk4r15gurwiz81rap
IMAGE: GOAL

⚽ စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္ဟာ အက္သလက္ေတာင္ပံကစားသမား ကာရက္ကိုကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ Calcio Mercato က ေဖာ္ျပထားပါတယ္။ အက္သလက္ဟာ ကာရက္ကိုကို အခုႏွစ္ေႏြရာသီကမွ အၿပီးသတ္ ေခၚယူထားခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!