17-Oct-2020 Breakfast သတင္းတုိမ်ား
[UNCIODE]
cristiano-ronaldo-juventus-79hrtdp4mm221rycmkvdccd6q
IMAGE: GOAL
⚽ ဂျူဗင်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ သူ့အနေနဲ့ ကိုဗစ်စည်းမျဥ်းတွေကို ချိုးဖျက်ခဲ့ခြင်း မရှိကြောင်း အီတလီအားကစားဝန်ကြီးရဲ့ စွပ်စွဲမှုကို ပြန်တုံ့ပြန်သွားခဲ့ပါတယ်။ “သူတို့က ကျွန်တော်အနေနဲ့ အီတလီဥပေဒတွေကို ချိုးဖျက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေအားလုံးက အလိမ်အညာတွေပါပဲ”လို့ စီရော်နယ်ဒိုက တုံ့ပြန်ခဲ့ပါတယ်။
garethbale-cropped-garethbale-cropped-tiwqowwghvhb1f5dp1l0nwz0r
IMAGE: GOAL
⚽ စပါးနည်းပြ မော်ရင်ဟိုကတော့ ဂါရတ်ဘေးလ်ဟာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပါဝင်လာနိုင်ချေရှိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ “သူက ပါဝင်ကစားချင်နေပါတယ်။ သူက ပါဝင်ကစားနိုင်ဖို့ လက်ရှိမှာ အကောင်းဆုံး လုပ်ဆောင်နေပါတယ်”လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။
Getty-Images-1280580514
IMAGE: GOAL
⚽ စပါးအသင်းဟာ ပြည်တွင်း အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပစ်မှတ်ထားနေတဲ့ ဆွမ်ဆီးနောက်ခံလူ ရိုဒွန်ကို ပေါင် ၁၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါယ်။ စပါးဟာ ရိုဒွန်ကို ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စပါးကို ပြောင်းရွှေ့ရတဲ့အတွက် စိတ်လှုပ်ရှားမိကြောင်း ရိုဒွန်က ဖွင့်ဟခဲ့ပါတယ်။
lukajoviccropped-lukajoviccropped-yncs4z633w7t10dhujbrjyaxz
IMAGE: GOAL
⚽ ရီးရဲနည်းပြ ဇီဒန်းကတော့ ရိုးမားကို ပြောင်းသွားတဲ့ မာယိုရယ်ရဲ့ သူက ဂျိူဗစ်ကို အလိုမရှိတော့ဘူးဆိုတဲ့ ပြောစကားကို ငြင်းဆန်သွားခဲ့ပါတယ်။ ဂျိုဗစ်က သူ့ရဲ့ အစီအစဉ်ထဲမှာ ပါဝင်ကြောင်း၊ သူနဲ့ ဂျိုဗစ်အကြား ဘာပြဿနာမှ မရှိကြောင်း ဇီဒန်းက ဖွင့်ဟခဲ့ပါတယ်။
ole-gunnar-solskjaer-eof41xj5hqc21sdzvng33ymw3
IMAGE: GOAL
⚽ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့အနေနဲ့ လက်ရှိရလဒ်ဆိုးတွေအတွက် တာဝန်ယူကြောင်း ပြောကြားသွားခဲ့ပါတယ်။ “ဒီအခြေအနေက ကျွန်တော်နဲ့ပဲ သက်ဆိုင်တာပါ။ ကျွန်တော်က နည်းပြဖြစ်တဲ့အတွက် တာဝန်ယူပါတယ်။ ဒီအခြေအနေကို ဖြေရှင်းသွားမှာပါ”လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။
pablo-zabaleta-pablo-zabaleta-1gidbx67fmqit153fjjn71ozj3
IMAGE: GOAL
⚽ မန်စီးတီးကစားသမားဟောင်း ဇာဘလက်တာဟာ အသက် ၃၅ နှစ်အရွယ်မှာပဲ ဘောလုံးလောကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ဇာဘလက်တာဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ဝက်စ်ဟမ်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး အခုလို အနားယူခဲ့တာပါ။
said-benrahma-west-ham-161020a
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ နောက်ဆုံးမှာ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း ဘရန်ဖို့ဒ် တိုက်စစ်ကစားသမား ဘန်ရာမာကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါပြီ။ ရာသီကုန်ရင် ပေါင် ၂၅ သန်းနဲ့ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်။
zlatan-ibrahimovic-zlatan-ibrahimovic-3hdvikwe4k7y1xo8pzmm1b9hn
IMAGE: GOAL
⚽ အေစီမီလန်နည်းပြ ပီအိုလီကတော့ ကိုရိုနာဗိုင်းရပ်စ် ပြန်လည် သက်သာလာပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ်ဟာ အင်တာနဲ့ ကစားမယ့် မီလန်ဒါဘီပွဲစဉ်မှာ ပါဝင်လာမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။
[ZAWGYI]
cristiano-ronaldo-juventus-79hrtdp4mm221rycmkvdccd6q
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
⚽ အေစီမီလန်နည်းပြ ပီအိုလီကတော့ ကိုရိုနာဗိုင်းရပ်စ် ပြန်လည် သက်သာလာပြီဖြစ်တဲ့ ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ အင်တာနဲ့ ကစားမယ့် မီလန်ဒါဘီပွဲစဉ်မှာ ပါဝင်လာမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!