22-Sep-2020 အပြောင်းအရွှေ့သတင်းတိုများ
[UNICODE]
IMAGE: GOAL
⚽ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကတော့ ဂါရတ်ဘေးလ်ဟာ မန်ယူထက် ချန်ပီယံလိဂ်ဖလားပိုရယူပြီး အောင်မြင်မှုတွေကို ဆာလောင်နေဆဲလို့ ဆိုခဲ့ပါတယ်။ “ဂါရတ်ဘေးလ်ဟာ မန်ချက်စတာယူနိုက်တက်ထက် ချန်ပီယံလိဂ်ဖလားပိုရခဲ့ပါတယ်။ သူရဲ့ နိုင်လိုစိတ်နဲ့ပတ်သက်ပြီး ကျွန်တော် မစိုးရိမ်ပါဘူး”လို့ ခရော့ချ်က ဖွင့်ဟခဲ့ပါတယ်။
Getty-Images-1228158436-bd19
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ချဲလ်ဆီးအသင်းဟာ မန်ဒီကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း လျင်လျင်မြန်မြန် ကြေညာသွားဖို့ ရှိနေတယ်လို့ RMC Sport က ဖော်ပြထားပါတယ။် မန်ဒီဟာ အင်္ဂါနေ့မှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာပါ။
giovanni-reyna-borussia-dortmund-2020-1ia5396l8c621pere83s3qkrd
IMAGE: GOAL
⚽ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ဟာ ဥရောပထိပ်သီးတွေပစ်မှတ်ထားလာပြီဖြစ်တဲ့ သူတို့ရဲ့လူငယ်ကြယ်ပွင့် ရေနာကို စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုဖို့ ကြိုးစားနေပြီလို့ Sport1 က ဖော်ပြထားပါတယ်။ ရေနာက လက်ရှိဒေါ့မွန်မှာ ပုံစံကောင်း ပြသနေပါတယ်။
image
IMAGE: GOAL
⚽ ဝုဖ်နည်းပြ နူနိုဆန်တိုစ်ကတော့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းအနေနဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ပြဿနာကို ဒီနေ့မှာ မြင်တွေ့ခဲ့ရပါတယ်။ ကစားသမားသစ်တွခေါ်ဖို့ လိုပါတယ်”လို့ ဆန်တိုက ဖွင့်ဟခဲ့ပါတယ်။
kylian-mbappe-psg-real-madrid-liverpool-il3t8eq9yhsu1wmsi7zgy3jej
IMAGE: GOAL
⚽ ရီးရဲမက်ဒရစ်နဲ့ လီဗာပူးတို့ဟာ ပြင်သစ်ပထမတန်းထိပ်သီးကလပ် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း l’Equipe က ဖော်ပြထားပါတယ်။ အမ်ဘတ်ပီက သူ့အနေနဲ့ အခုနှစ်ရာသီကုန်ရင် အသင်းကနေ ထွက်ခွာလိုကြောင်း အသင်းကို ပြောကြားထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
luis-suarez-villarreal-vs-barcelona-la-liga-2019-20-6667l7uwwns11q07mcboohst2
IMAGE: GOAL
⚽ အက်သလက်တီကိုအသင်းဟာ ဘာစီလိုနာနဲ့ စာချုပ်ဖျက်သိမ်းတော့မယ့် တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။ နည်းပြဆီမြွန်နီက ဆွာရက်ဇ်ကို အကြိုက်တွေ့နေတာပါ။
nathan-ake-manchester-city-gfx-1pg87ynaa3pd61uzdehjndmw36
IMAGE: GOAL
⚽ မန်စီးတီးနောက်ခံလူသစ် အကီကတော့ သူ့အနေနဲ့ မန်စီးတီးရဲ့ပြိုင်ဘက်အသင်းတွေကို ငြင်းဆန်ပြီး မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကြောင်း၊ မန်စီးတီးမှာ တိုးတက်ဖို့အတွက်များစွာ သင်ယူနိုင်မယ်လို့ ထင်မှတ်မိတာကြောင့် ပြောင်းရွှေ့ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
patrice-evra-1kksom9bpojli1jkph2gnc723m
IMAGE: GOAL
⚽ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း အီဗရာကတော့ မန်ယူရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် အားမရဖြစ်နေကာ ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်က လူတချို့ဟာ စီးပွားရေးကိုပဲ ကြည့်နေကြကြောင်း အီဗရာက ဆိုခဲ့တာပါ။
[ZAWGYI]
gareth-bale-real-madrid-champions-league-trophy-10lsj39jh5s2f19flq5ysa0n0y
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
image
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!