22-Sep-2020 ပရီးမီးယားလိဂ္သတင္းတုိမ်ား

[UNICODE]

david-silva-kevin-de-bruyne-2019-20-ln264ctvsrn11azd8hyhuro9y
IMAGE: GOAL

⚽ မန်စီးတီးကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်းကတော့ သူ့အနေနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားရဲ့ တာဝန်ကို ဆက်ခံရတဲ့အတွက် ဖိအားမရှိကြောင်း၊ သူ့အနေနဲ့ ဆေးဗစ်ဆေးလ်ဗားလုပ်သလို လိုက်လုပ်နိုင်မှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

james-rodriguez-everton-2020-1pxiw8c2fk1nc1ubwxrfeefiyc
IMAGE: GOAL

⚽ဂျိမ်းရိုဒရီဂွတ်ဇ်ရဲ့ ပထွေးဖြစ်သူက သူ့သားဟာ အရင်ကတည်းက အန်ဆယ်လော့တီရဲ့လက်အောက်မှာ အလုပ်လုပ်ချင်ခဲ့တာဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်မှာ ကစားရတာ ဂျိမ်းစ်အတွက် သက်သောင့်သက်သာဖြစ်ပြီး ကျေနပ်နေကြောင်း ဆိုခဲ့ပါတယ်။

john-stones-kalidou-koulibaly-yk53je5zoicx1upa0s8236hda
IMAGE: GOAL

⚽ တကယ်လို့ မန်စီးတီးအနေနဲ့ နာပိုလီနောက်ခံလူ ကူလီဘာယီကို ခေါ်ယူလိုက်ရင်တောင် ဂျွန်စတုန်းအနေနဲ့ အသင်းမှာ ဆက်နေသင့်တယ်လို့ လက်စ်ကော့က အကြံပေးသွားခဲ့ပါတယ်။ ဂျွန်စတုန်းဟာ ၂၆ နှစ်ပဲရှိသေးပြီး ကောင်းမွန်တဲ့ အနာဂတ်သူလို့ လက်စ်ကော့က ဆိုခဲ့တာပါ။

jules-kounde-sevilla-dfsaqhl6b4bh1jdhmc78xkbu6
IMAGE: GOAL

⚽ လာလီဂါကလပ် ဆီဗီးလ်အားကစားဒါရိုက်တမွန်ချီက သူ့တို့အနေနဲ့ နောက်ခံလူကွန်ဒီအတွက် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ မွန်ဒီကို ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီလို့သတင်းထွက်နေတာပါ။

paul-pogba-jadon-sancho-bruno-fernandes-1nzpfw1rh0b5y1b6q8b8wf06ye
IMAGE: GOAL

⚽ ဆန်ချိုနဲ့ ဝက်ဖို့ဒ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြလန်ကက်စတာက ဆန်ချိုမှာ မန်ယူအသင်းမှာ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့နဲ့ လိုက်ဖက်အောင် ကစားနိုင်မှာဖြစ်ကြောင်း၊ ဆန်ချိုအနေနဲ့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့သင့်ကြောင်း ဆိုခဲ့ပါတယ်။

rhian-brewster-liverpool-2020-21-1loykuv01vtmk16oqhj91ck1a0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်ဥက္ကဋ္ဌပါရက်ကတော့ သူတို့အနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို လီဗာပူးလူငယ်ကြယ်ပွင့် ဘရူစတာကို ခေါ်ယူမှုာ မဟုတ်ကြောင်း ငြင်းဆန်သွားခဲ့ပါတယ်။ ပဲလေ့စ်ဟာ ဘရူစတာကို ပေါင် ၁၉ သန်းနဲ့ခေါ်မယ်ဆိုပြီး သတင်းတွေ ထွက်နေတာပါ။

sadio-mane-liverpool-2020-21-135e419djt0on1v7m9awpiclf2
IMAGE: GOAL

⚽ လီဗာပူးနောက်ခံလူဟောင်း ဂျင်မီကာရေဂါကတော့ တိုက်စစ်ကစားသမား မာနေးဟာ လီဗာပူးမှာ ဂျွန်ဘားနက်စ်လို God ဖြစ်လာဖို့ ရှိနေကြောင်း ချီးကျူးသွားခဲ့ပါတယ်။ “မာနေးက လီဗာပူးရဲ့ အကောင်းဆုံးကစားသမားလို့ ထင်ပါတယ်”လို့ ကာရေဂါက ဆိုခဲ့တာပါ။

tahith-chong-arjen-robben-147dkp4jbdnjb146e80mx243gk
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါမှာ အငှားသွားကစားနေတဲ့ ယူနိုက်တက်ကြယ်ပွင့် တာဟစ်ချောင်က သူ့ကို နယ်သာလန်ဂန္ထဝင် အာဂျန်ရော်ဘင်နဲ့ ခိုင်းနှိုင်းနေမှုတွေကို ရင်ခုန်မိကြောင်း၊ ဒါဟာ သူ့အတွက်တော့ အောင်မြင်မှုကြီးတစ်ခုဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

david-silva-kevin-de-bruyne-2019-20-ln264ctvsrn11azd8hyhuro9y
IMAGE: GOAL

⚽ မန္စီးတီးကြင္းလယ္ဖန္တီးရွင္ ကီဗင္ဒီဘရိုင္းကေတာ့ သူ႔အေနနဲ႔ အသင္းကေန ထြက္ခြာသြားခဲ့တဲ့ ၀ါရင့္ကြင္းလယ္လူ ေဒးဗစ္ေဆးလ္ဗားရဲ႕ တာ၀န္ကို ဆက္ခံရတဲ့အတြက္ ဖိအားမရွိေၾကာင္း၊ သူ႔အေနနဲ႔ ေဆးဗစ္ေဆးလ္ဗားလုပ္သလို လုိက္လုပ္ႏုိင္မွာ မဟုတ္ေၾကာင္း ဆုိခဲ့ပါတယ္။

james-rodriguez-everton-2020-1pxiw8c2fk1nc1ubwxrfeefiyc
IMAGE: GOAL

⚽ဂ်ိမ္းရုိဒရီဂြတ္ဇ္ရဲ႕ ပေထြးျဖစ္သူက သူ႔သားဟာ အရင္ကတည္းက အန္ဆယ္ေလာ့တီရဲ႕လက္ေအာက္မွာ အလုပ္လုပ္ခ်င္ခဲ့တာျဖစ္ေၾကာင္း၊ ပရီးမီးယားလိဂ္မွာ ကစားရတာ ဂ်ိမ္းစ္အတြက္ သက္ေသာင့္သက္သာျဖစ္ၿပီး ေက်နပ္ေနေၾကာင္း ဆုိခဲ့ပါတယ္။

john-stones-kalidou-koulibaly-yk53je5zoicx1upa0s8236hda
IMAGE: GOAL

⚽ တကယ္လို႔ မန္စီးတီးအေနနဲ႔ နာပိုလီေနာက္ခံလူ ကူလီဘာယီကို ေခၚယူလိုက္ရင္ေတာင္ ဂၽြန္စတုန္းအေနနဲ႔ အသင္းမွာ ဆက္ေနသင့္တယ္လုိ႔ လက္စ္ေကာ့က အႀကံေပးသြားခဲ့ပါတယ္။ ဂၽြန္စတုန္းဟာ ၂၆ ႏွစ္ပဲရွိေသးၿပီး ေကာင္းမြန္တဲ့ အနာဂတ္သူလို႔ လက္စ္ေကာ့က ဆိုခဲ့တာပါ။

jules-kounde-sevilla-dfsaqhl6b4bh1jdhmc78xkbu6
IMAGE: GOAL

⚽ လာလီဂါကလပ္ ဆီဗီးလ္အားကစားဒါရိုက္တမြန္ခ်ီက သူ႔တို႔အေနနဲ႔ ေနာက္ခံလူကြန္ဒီအတြက္ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လုိ႔ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။ မန္စီးတီးဟာ မြန္ဒီကို ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီမႈ ရရွိထားၿပီလို႔သတင္းထြက္ေနတာပါ။

paul-pogba-jadon-sancho-bruno-fernandes-1nzpfw1rh0b5y1b6q8b8wf06ye
IMAGE: GOAL

⚽ ဆန္ခိ်ဳနဲ႔ ၀က္ဖို႔ဒ္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပလန္ကက္စတာက ဆန္ခ်ိဳမွာ မန္ယူအသင္းမွာ ေပါ့ဂ္ဘာ၊ ဖာနန္ဒက္စ္တုိ႔နဲ႔ လိုက္ဖက္ေအာင္ ကစားႏုိင္မွာျဖစ္ေၾကာင္း၊ ဆန္ခ်ိဳအေနနဲ႔ မန္ယူႏုိက္တက္ကို ေျပာင္းေရႊ႕သင့္ေၾကာင္း ဆုိခဲ့ပါတယ္။

rhian-brewster-liverpool-2020-21-1loykuv01vtmk16oqhj91ck1a0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ပဲေလ့စ္ဥကၠ႒ပါရက္ကေတာ့ သူတုိ႔အေနနဲ႔ သတင္းေတြ ထြက္ေပၚေနသလို လီဗာပူးလူငယ္ၾကယ္ပြင့္ ဘရူစတာကို ေခၚယူမွုာ မဟုတ္ေၾကာင္း ျငင္းဆန္သြားခဲ့ပါတယ္။ ပဲေလ့စ္ဟာ ဘရူစတာကို ေပါင္ ၁၉ သန္းနဲ႔ေခၚမယ္ဆုိၿပီး သတင္းေတြ ထြက္ေနတာပါ။

sadio-mane-liverpool-2020-21-135e419djt0on1v7m9awpiclf2
IMAGE: GOAL

⚽ လီဗာပူးေနာက္ခံလူေဟာင္း ဂ်င္မီကာေရဂါကေတာ့ တုိက္စစ္ကစားသမား မာေနးဟာ လီဗာပူးမွာ ဂၽြန္ဘားနက္စ္လို God ျဖစ္လာဖုိ႔ ရွိေနေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ “မာေနးက လီဗာပူးရဲ႕ အေကာင္းဆံုးကစားသမားလို႔ ထင္ပါတယ္”လုိ႔ ကာေရဂါက ဆုိခဲ့တာပါ။

tahith-chong-arjen-robben-147dkp4jbdnjb146e80mx243gk
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါမွာ အငွားသြားကစားေနတဲ့ ယူႏုိက္တက္ၾကယ္ပြင့္ တာဟစ္ေခ်ာင္က သူ႔ကို နယ္သာလန္ဂႏၳ၀င္ အာဂ်န္ေရာ္ဘင္နဲ႔ ခိုင္းႏိႈင္းေနမႈေတြကို ရင္ခုန္မိေၾကာင္း၊ ဒါဟာ သူ႔အတြက္ေတာ့ ေအာင္ျမင္မႈႀကီးတစ္ခုျဖစ္တယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!