22-Sep-2020 ေန႔လည္ခင္းသတင္းတုိမ်ား

[UNICODE]

club-atletico-de-madrid-v-valencia-cf-la-liga-scaled
IMAGE: GOAL

⚽ အက်သလက်တီကိုအားကစားဒါရိုက်တာ ဘာတာက သူတို့ရဲ့ ညာနောက်ခံလူ အာရီရက်စ်ကို အဲဗာတန်၊ ရိုးမားနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေကြောင်း ဆိုခဲ့ပါတယ်။ “ရိုးမား၊ အဲဗာတန်၊ ပီအက်စ်ဂျီတို့နဲ့ ဆွေးနွေးနေပါတယ်”လို့ အာရီရက်စ်က ဆိုခဲ့တာပါ။

edinson-cavani-psg-2019-20-19buvomts0ytx1qve16o7dvhz1
IMAGE: GOAL

⚽ လာလီဂါကလပ် ရီးရဲမက်ဒရစ်ဟာ အသင်းကနေ ထွက်ခွာဖို့ ဟန်ပြင်နေတဲ့ တိုက်စစ်မှူး လူကာဂျိုဗစ်ရဲ့နေရာကို အစားထိုးဖို့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီကို ပစ်မှတ်ထားနေပါတယ်။ ကာဗာနီဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး ဘင်ဖီကာ၊ ဘာစီလိုနာနဲ့ ညှိနှိုင်းနေပါတယ်။

IMAGE: GOAL

⚽ စပါးနည်းပြမော်ရင်ဟိုကတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂါရတ်ဘေးလ်အနေနဲ့ သတ်မှတ်ထားတဲ့အချိန်ထက် စောစီးစွာ ပြန်လည်သက်သာလာနိုင်ကြောင်း ဆိုခဲ့ပါတယ်။ “ဂါရတ်ဘေးလ်ဟာ တော်တော်လေးစိတ်ဓာတ်ခွန်အားကောင်းနေပြီး ပျော်ရွှင်နေပါတယ်”လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။

lauren-arsenal-real-madrid-gfx-bmm8vbpa4zy61svf20b5ugmcl
IMAGE: GOAL

⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း လော်ရန်က သူ့အနေနဲ့ လာလီဂါထိပ်သီး ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ၁၀ ကြိမ်လောက် ငြင်းဆန်ပြီး အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့ အဲဒီဆုံးဖြတ်ချက်အတွက် နောင်တမရကြောင်း ဆိုခဲ့ပါတယ်။

lionel-messi-ivan-rakitic-barcelona-2018-19-1ruh7qo1pi4bp15wlz4s122410-1
IMAGE: GOAL

⚽ ဘာစီလိုနာကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူရာကီတစ်ကတော့ သူ့အနေနဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ဘယ်တုန်းကမှ နီးနီးစပ်စပ်မဖြစ်ခဲ့ဖူးကြောင်း၊ ဘာစီလိုနာမှာ တာစတီဂျန်၊ အင်နီယေစတာ၊ ပရင့်ဘိုတန်၊ ဖာပိုတို့နဲ့ပဲ ရင်းနှီးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ole-gunnar-solskjaer-man-utd-2019-20-uu9m5wydibyo1w810a9f6v35h
IMAGE: GOAL

⚽ ယူနိုက်တက်လက်ထောက်နည်းပြဟောင်း မက္ကာလာရင်က ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့မှုနဲ့ ပတ်သက်ပြီး နည်းပြဆိုးလ်ရှားဘက်ကနေ ကာကွယ်သွားခဲ့ပါတယ်။ “ဒါက ပထမဆုံးပွဲစဉ်ပါ။ ဖာဂူဆန်ဆိုရင် စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာတို့မှာ နိုင်ဖို့ခက်ခဲကြောင်း ပြောလေ့ရှိပါတယ်”လို့ မက္ကာလာရင်က ဆိုခဲ့ပါတယ်။

pepguardiola-cropped-182zbjnbc19u319d5c41jqzep7
IMAGE: GOAL

⚽ လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါက မန်စီးတီးအနေနဲ့ ဝုဖ်ကို ရှုံးနိမ့်မယ်လို့ တွေးထင်မိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “မန်စီးတီးအနေနဲ့ ဝုဖ်ကို ရှုံးနိမ့်ခဲ့မယ်လို့ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပါတယ်”လို့ ကာရေဂါက ဆိုခဲ့ပါတယ်။

thiago-silva-brazil-czech-republic-friendly-26032019-137lj015b4bdt1mi1yutr32s5y
IMAGE: GOAL

⚽ချဲလ်ဆီးနောက်ခံလူသစ် သီယာဂိုဆေးလ်ဗားကတော့ သူ့အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလက်ရွေးစင်မှာ ရွေးချယ်ခံရဖို့ မျှော်လင့်လျက် ရှိနေပါတယ်။ “အဲဒီအချိန်ရောက်ရင် ကျွန်တော့်က အသက် ၃၈ နှစ်ပေမယ့် ပုံစံကောင်းမှာ ရှိနေဦးမှာပါ”လို့ သီယာဂိုဆေးလ်ဗားက ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

club-atletico-de-madrid-v-valencia-cf-la-liga-scaled
IMAGE: GOAL

⚽ အက္သလက္တီကိုအားကစားဒါရိုက္တာ ဘာတာက သူတုိ႔ရဲ႕ ညာေနာက္ခံလူ အာရီရက္စ္ကို အဲဗာတန္၊ ရိုးမားနဲ႔ ပီအက္စ္ဂ်ီတုိ႔က စိတ္၀င္စားေနေၾကာင္း ဆုိခဲ့ပါတယ္။ “ရိုးမား၊ အဲဗာတန္၊ ပီအက္စ္ဂ်ီတုိ႔နဲ႔ ေဆြးေႏြးေနပါတယ္”လို႔ အာရီရက္စ္က ဆုိခဲ့တာပါ။

edinson-cavani-psg-2019-20-19buvomts0ytx1qve16o7dvhz1
IMAGE: GOAL

⚽ လာလီဂါကလပ္ ရီးရဲမက္ဒရစ္ဟာ အသင္းကေန ထြက္ခြာဖုိ႔ ဟန္ျပင္ေနတဲ့ တုိက္စစ္မွဴး လူကာဂ်ိဳဗစ္ရဲ႕ေနရာကို အစားထုိးဖုိ႔ ပီအက္စ္ဂ်ီတုိက္စစ္မွဴးေဟာင္း ကာဗာနီကို ပစ္မွတ္ထားေနပါတယ္။ ကာဗာနီဟာ လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနၿပီး ဘင္ဖီကာ၊ ဘာစီလုိနာနဲ႔ ညွိႏႈိင္းေနပါတယ္။

IMAGE: GOAL

⚽ စပါးနည္းျပေမာ္ရင္ဟိုကေတာ့ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဂါရတ္ေဘးလ္အေနနဲ႔ သတ္မွတ္ထားတဲ့အခ်ိန္ထက္ ေစာစီးစြာ ျပန္လည္သက္သာလာႏုိင္ေၾကာင္း ဆုိခဲ့ပါတယ္။ “ဂါရတ္ေဘးလ္ဟာ ေတာ္ေတာ္ေလးစိတ္ဓာတ္ခြန္အားေကာင္းေနၿပီး ေပ်ာ္ရႊင္ေနပါတယ္”လို႔ ေမာ္ရင္ဟိုက ဆုိခဲ့ပါတယ္။

lauren-arsenal-real-madrid-gfx-bmm8vbpa4zy61svf20b5ugmcl
IMAGE: GOAL

⚽ အာဆင္နယ္ဂႏၳ၀င္ေဟာင္း ေလာ္ရန္က သူ႔အေနနဲ႔ လာလီဂါထိပ္သီး ရီးရဲမက္ဒရစ္ကို ေျပာင္းေရႊ႕ဖုိ႔ ၁၀ ႀကိမ္ေလာက္ ျငင္းဆန္ၿပီး အာဆင္နယ္ကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ေၾကာင္း၊ သူ႔အေနနဲ႔ အဲဒီဆံုးျဖတ္ခ်က္အတြက္ ေနာင္တမရေၾကာင္း ဆိုခဲ့ပါတယ္။

lionel-messi-ivan-rakitic-barcelona-2018-19-1ruh7qo1pi4bp15wlz4s122410-1
IMAGE: GOAL

⚽ ဘာစီလုိနာကေန ထြက္ခြာသြားခဲ့ၿပီျဖစ္တဲ့ ကြင္းလယ္လူရာကီတစ္ကေတာ့ သူ႔အေနနဲ႔ မက္ဆီ၊ ဆြာရက္ဇ္တို႔နဲ႔ ဘယ္တုန္းကမွ နီးနီးစပ္စပ္မျဖစ္ခဲ့ဖူးေၾကာင္း၊ ဘာစီလိုနာမွာ တာစတီဂ်န္၊ အင္နီေယစတာ၊ ပရင့္ဘိုတန္၊ ဖာပိုတုိ႔နဲ႔ပဲ ရင္းႏွီးခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ole-gunnar-solskjaer-man-utd-2019-20-uu9m5wydibyo1w810a9f6v35h
IMAGE: GOAL

⚽ ယူႏုိက္တက္လက္ေထာက္နည္းျပေဟာင္း မကၠာလာရင္က ပဲေလ့စ္ကို ရႈံးနိမ့္ခဲ့မႈနဲ႔ ပတ္သက္ၿပီး နည္းျပဆုိးလ္ရွားဘက္ကေန ကာကြယ္သြားခဲ့ပါတယ္။ “ဒါက ပထမဆံုးပြဲစဥ္ပါ။ ဖာဂူဆန္ဆိုရင္ စက္တင္ဘာ၊ ေအာက္တိုဘာနဲ႔ ႏို၀င္ဘာတုိ႔မွာ ႏုိင္ဖုိ႔ခက္ခဲေၾကာင္း ေျပာေလ့ရွိပါတယ္”လုိ႔ မကၠာလာရင္က ဆုိခဲ့ပါတယ္။

pepguardiola-cropped-182zbjnbc19u319d5c41jqzep7
IMAGE: GOAL

⚽ လီဗာပူးဂႏၳ၀င္ေဟာင္း ကာေရဂါက မန္စီးတီးအေနနဲ႔ ၀ုဖ္ကို ရႈံးနိမ့္မယ္လုိ႔ ေတြးထင္မိခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “မန္စီးတီးအေနနဲ႔ ၀ုဖ္ကို ရႈံးနိမ့္ခဲ့မယ္လို႔ ေတြးမိခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔က စြမ္းေဆာင္ရည္ေကာင္းကို ျပသႏုိင္ခဲ့ပါတယ္”လုိ႔ ကာေရဂါက ဆုိခဲ့ပါတယ္။

thiago-silva-brazil-czech-republic-friendly-26032019-137lj015b4bdt1mi1yutr32s5y
IMAGE: GOAL

⚽ခ်ဲလ္ဆီးေနာက္ခံလူသစ္ သီယာဂိုေဆးလ္ဗားကေတာ့ သူ႔အေနနဲ႔ ၂၀၂၂ ကမာၻ႕ဖလားမွာ ဘရာဇီးလက္ေရြးစင္မွာ ေရြးခ်ယ္ခံရဖုိ႔ ေမွ်ာ္လင့္လ်က္ ရွိေနပါတယ္။ “အဲဒီအခ်ိန္ေရာက္ရင္ ကၽြန္ေတာ့္က အသက္ ၃၈ ႏွစ္ေပမယ့္ ပံုစံေကာင္းမွာ ရွိေနဦးမွာပါ”လို႔ သီယာဂိုေဆးလ္ဗားက ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!