22-Sep-2020 အာဆင္နယ္သတင္းတိုမ်ား

[UNICODE]

0-Getty-Images-1247234648
IMAGE: GOAL

⚽ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒိုဇီကို လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးက အံ့အားသင့်ဖွယ်စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ ဂွမ်ဒိုဇီနဲ့ အိုဒွိုင်းကို အလဲအထပ်လုပ်ဖု့ိ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။

lucas-torreira
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို ခေါ်ယူဖို့အတွက် ကစားသမားရောင်းချမှု အရင်ဆုံးပြုလုပ်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

maxresdefault
IMAGE: GOAL

⚽ ဘာစီလိုနာတိုက်စစ်မူှး မက်ဆီရဲ့အေးဂျင့်ဟောင်းဖြစ်သူ ဆိုဒီနီကတော့ အာဆင်နယ်ဟာ မက်ဆီကို ခေါ်ယူဖို့ စည်းရုံးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “အာဆင်နယ်က မက်ဆီကို စည်းရုံးခဲ့ပါတယ်။ ဖာဘရီဂတ်စ်ထွက်တဲ့အချိန်မှာ မက်ဆီကလည်း အသင်းပြောင်းဖို့ တောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာ ဆက်နေဖြစ်ခဲ့တယ်”လို့ ဆိုဒီနီက ဖွင့်ဟခဲ့ပါတယ်။

pierre-emerick-aubameyang-eddie-nketiah-arsenal-west-ham-2020-21-plzuharmzhvp11pmb56ioxzbp
IMAGE: GOAL

⚽ အာဆင်နယ်လူငယ်ကြယ်ပွင့် အန်ကီတက်ချ်က အသင်းခေါင်းဆောင် အူဘာမီယန်းက သူ့ကို ထိပ်တန်းအဆင့်တိုက်စစ်မှူးဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ကြားပေးနေကြောင်း၊ အူဘာမီယန်းနဲ့ တွဲကစားခွင့်ရတာ သူ့အတွက် အလွန်တန်ဖိုးရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

runar-runarsson-training
IMAGE: GOAL

⚽ မာတီနက်ဇ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ဂိုးသမားသစ်ရူနာဆန်က အာဆင်နယ်က ကမ္ဘာပေါ်မှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်ကြောင်း၊ ဒီအပြောင်းအရွှေ့ဟာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေကြောင်း ဖွင့်ဟခဲ့ပါတယ်။

⚽ အာဆင်နယ်နောက်ခံလူသစ် ဆာလီဘာဟာ ဘရိုက်တန်ယူ-၂၃ နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ယူ-၂၃ အသင်းအတွက် ပါဝင်ကစားခဲ့ရာမှာတော့ သူ့ရဲ့ခြေစွမ်းကို ပရိသတ်တွေက သဘောကျခဲ့ကြပါတယ်။ အာတီတာကတော့ ဆာလီဘာဟာ သူတို့ရဲ့ကစားပုံနဲ့ အံ့ဝင်ဖို့ အချိန်ယူရမယ်လို့ ဆိုထားပါတယ်။

sport-preview-pen-save
IMAGE: GOAL

⚽ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ အာဆင်နယ်ဂိုးသမားဟောင်း မာတီနက်ဇ်ဟာ ဗီလာအတွက်ပွဲထွက်ခဲ့ပြီး ပင်နယ်တီကာကွယ်ခဲ့ပါတယ်။ ဒါကြောင့် မာတီနက်ဇ်နဲ့ ပတ်သက်ပြီး အာဆင်နယ်ပရိသတ်တွေကတော့ နှမြောလျက် ရှိနေကြပါတယ်။

⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း လော်ရန်က သူ့အနေနဲ့ လာလီဂါထိပ်သီး ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ၁၀ ကြိမ်လောက် ငြင်းဆန်ပြီး အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့ အဲဒီဆုံးဖြတ်ချက်အတွက် နောင်တမရကြောင်း ဆိုခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1247234648
IMAGE: GOAL

⚽ အာဆင္နယ္ကြင္းလယ္လူ ဂြမ္ဒိုဇီကို လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးက အံ့အားသင့္ဖြယ္စိတ္၀င္စားလာတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတုိ႔ဟာ ဂြမ္ဒိုဇီနဲ႔ အိုဒိြဳင္းကို အလဲအထပ္လုပ္ဖု႔ိ စီစဥ္ေနၾကတယ္လုိ႔လည္း သိရပါတယ္။

lucas-torreira
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ အက္သလက္တီကိုအသင္းဟာ အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားကို ေခၚယူဖို႔အတြက္ ကစားသမားေရာင္းခ်မႈ အရင္ဆံုးျပဳလုပ္သြားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

maxresdefault
IMAGE: GOAL

⚽ ဘာစီလုိနာတုိက္စစ္မဴွး မက္ဆီရဲ႕ေအးဂ်င့္ေဟာင္းျဖစ္သူ ဆိုဒီနီကေတာ့ အာဆင္နယ္ဟာ မက္ဆီကို ေခၚယူဖို႔ စည္းရုံးခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “အာဆင္နယ္က မက္ဆီကို စည္းရုံးခဲ့ပါတယ္။ ဖာဘရီဂတ္စ္ထြက္တဲ့အခ်ိန္မွာ မက္ဆီကလည္း အသင္းေျပာင္းဖို႔ ေတာင္းဆုိခဲ့ေပမယ့္ ေနာက္ဆံုးမွာ ဆက္ေနျဖစ္ခဲ့တယ္”လို႔ ဆုိဒီနီက ဖြင့္ဟခဲ့ပါတယ္။

pierre-emerick-aubameyang-eddie-nketiah-arsenal-west-ham-2020-21-plzuharmzhvp11pmb56ioxzbp
IMAGE: GOAL

⚽ အာဆင္နယ္လူငယ္ၾကယ္ပြင့္ အန္ကီတက္ခ်္က အသင္းေခါင္းေဆာင္ အူဘာမီယန္းက သူ႔ကို ထိပ္တန္းအဆင့္တုိက္စစ္မွဴးျဖစ္လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ သင္ၾကားေပးေနေၾကာင္း၊ အူဘာမီယန္းနဲ႔ တြဲကစားခြင့္ရတာ သူ႔အတြက္ အလြန္တန္ဖိုးရွိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

runar-runarsson-training
IMAGE: GOAL

⚽ မာတီနက္ဇ္ရဲ႕ေနရာမွာ အစားထုိး၀င္ေရာက္လာတဲ့ ဂိုးသမားသစ္ရူနာဆန္က အာဆင္နယ္က ကမာၻေပၚမွာ ထိပ္တန္းအသင္းတစ္သင္းျဖစ္ေၾကာငး္၊ ဒီအေျပာင္းအေရႊ႕ဟာ ႏွစ္ဦးႏွစ္ဖက္စလံုးအတြက္ အက်ိဳးရွိေစေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

⚽ အာဆင္နယ္ေနာက္ခံလူသစ္ ဆာလီဘာဟာ ဘရိုက္တန္ယူ-၂၃ နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ အာဆင္နယ္ယူ-၂၃ အသင္းအတြက္ ပါ၀င္ကစားခဲ့ရာမွာေတာ့ သူ႔ရဲ႕ေျခစြမ္းကို ပရိသတ္ေတြက သေဘာက်ခဲ့ၾကပါတယ္။ အာတီတာကေတာ့ ဆာလီဘာဟာ သူတုိ႔ရဲ႕ကစားပံုနဲ႔ အံ့၀င္ဖုိ႔ အခ်ိန္ယူရမယ္လုိ႔ ဆုိထားပါတယ္။

sport-preview-pen-save
IMAGE: GOAL

⚽ ရွက္ဖီးယူႏုိက္တက္နဲ႔ပြဲစဥ္မွာ အာဆင္နယ္ဂိုးသမားေဟာင္း မာတီနက္ဇ္ဟာ ဗီလာအတြက္ပြဲထြက္ခဲ့ၿပီး ပင္နယ္တီကာကြယ္ခဲ့ပါတယ္။ ဒါေၾကာင့္ မာတီနက္ဇ္နဲ႔ ပတ္သက္ၿပီး အာဆင္နယ္ပရိသတ္ေတြကေတာ့ ႏွေျမာလ်က္ ရွိေနၾကပါတယ္။

⚽ အာဆင္နယ္ဂႏၳ၀င္ေဟာင္း ေလာ္ရန္က သူ႔အေနနဲ႔ လာလီဂါထိပ္သီး ရီးရဲမက္ဒရစ္ကို ေျပာင္းေရႊ႕ဖုိ႔ ၁၀ ႀကိမ္ေလာက္ ျငင္းဆန္ၿပီး အာဆင္နယ္ကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ေၾကာင္း၊ သူ႔အေနနဲ႔ အဲဒီဆံုးျဖတ္ခ်က္အတြက္ ေနာင္တမရေၾကာင္း ဆိုခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!