31-Oct-2020 Tea-Break သတင်းတိုများ

[UNICODE]

16x9

⚽ လက်ရှိ PSG မှာ အငှားထွက်ကစားနေပြီး ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူထားနိုင်တဲ့ အသက်(၂၀)အရွယ် တိုက်စစ်မှူး မွိုက်စ်ကင်းက လာမယ့်ရာသီမှာတော့ အဲဗာတန်နဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ကြောင်း နည်းပြအန်ဆယ်လော့တီက ဆိုပါတယ်။

16x9-1

⚽ လီဗာပူးနည်းပြ ကလော့ပ်က လက်ရှိအသင်းရဲ့ ခံစစ်ပိုင်း ဒဏ်ရာပြဿနာများကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားဟောင်း မာရှေယာနိုကဲ့သို့ ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူအားဖြည့်ဖို့ စဉ်းစားနေပါတယ်။

NINTCHDBPICT000615098072-e1603042808505

⚽ စပါးတောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ မွေးရပ်မြေမှာ ရှိတဲ့ စားနပ်ရိက္ခာချို့တဲ့သူ အယောက်(၃၀၀)ကို ကျွေးမွေးဖို့အတွက် ပေါင်(၁၅၀၀၀) လှူဒါန်းသွားခဲ့ပါတယ်။

2853277-58811568-2560-1440

⚽ အာဆင်နယ်နည်းပြ အာတီတာက မိမိအနေနဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်တစ်ယောက် အသင်းမှာပါဝင်နိုင်ဖို့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးပမ်းခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

306357726e414f44ac743ce1a6db3afd500x500-2x

⚽ အာဆင်နယ်ဂန္တဝင်ကစားသမားဟောင်း ရောဘတ်ပီရက်စ်က PSG တိုက်စစ်မှူး အမ်ဘက်ပီအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားသင့်ကြောင်း အကြံပြုတိုက်တွန်း သွားခဲ့ပါတယ်။

karim-benzema-vinicius-jpg-554688468

⚽ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ဥမင်လှိုင်ခေါင်းအတွင်း ဘန်ဇီမာတစ်ယောက် ဗင်းနီးစီးယပ်ထံ ဘောလုံးမပေးဖို့ ညွှန်ကြားခဲ့ခြင်းမှာ နိုင်လိုစိတ်ပြင်းတဲ့ ကစားသမားတွေမှာသာ တွေ့ရှိရပြီး အသင်းအတွက် ကောင်းတဲ့အရာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

0-Manchester-United-vs-RB-Leipzig-United-Kingdom-28-Oct-2020

⚽ မန်ယူနောက်ခံကစားသမား လုခ်ရှောကို အင်္ဂလန်လက်ရွေးစင်အသင်းကြီးက လာမယ့်အပတ်မှာ ပြန်လည်ဆင့်ခေါ်ဖို့ လျာထားနေပါတယ်။ လုခ်ရှောဟာ လက်ရွေးစင်မှာ ရွေးချယ်ခြင်းမခံရတာ ၂၆လတိုင် ကြာမြင့်နေခဲ့တာပါ။

jurgen-klopp-pep-guardiola-liverpool-man-city-1rl2kfsk6udy41c9qfsm7qs98s

⚽ လီဗာပူးနည်းပြ ကလော့ပ်နဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာတို့က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားသမား ၅ဦး လဲလှယ်ခွင့်အား အသုံးပြုဖို့ ငြင်းဆန်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်အပေါ် အသီးသီး ပြစ်တင်ဝေဖန် သွားကြပါတယ်။

[ZAWGYI]

16x9


16x9-1
















အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!