31-Oct-2020 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

IMAGE: BR

⚽ ဆိုးရှားကတော့ ပရီးမီးယားလိဂ် ကလပ်တွေ လူစားလဲခွင့် ၅ ကြိမ်ကို ငြင်းပယ်ခဲ့လည်း ဆိုတာ ဘာကြောင့်လည်း ဆိုတာ စဉ်းစားမရကြောင်း ဒီလုပ်ရပ်က မှားယွင်းကြောင်း ဝေဖန် လိုက်ပါတယ်။ သြဂုတ်လမှာ မဲပေးဆုံးဖြတ်ပြီး လူစားလဲမှုကို ၅ ကြိမ်ကနေ ၃ ကြိမ်သာ ပရီးမီးယားလိဂ်မှာ လျှော့ချခဲ့ပေမယ့် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်မှာ ၅ ကြိမ် အထိ ခွင့်ပြုထားဆဲဖြစ်ပါတယ်။

FC-Internazionale-v-AC-Milan-Serie-A-d2bad8a7611c2d0b2b2728084d72d443

⚽ အေစီမီလန်ကွင်းလယ်လူ ကယ်ဟာနိုဂလူးဟာ စီးရီးအေပြိုင်ဘက် ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ ပိုမိုအားကောင်းလာပြီလို့ မီဒီယာတွေကတော့ ဖော်ပြနေကြပါတယ်။

e5d8cf95-37d0-4536-b315-0f9d3a6c3787

⚽ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အေစီမီလန်ကို အငှားချထားတဲ့ ဒါလော့ရဲ့အနေအထားကို စောင့်ကြည့်နေပါတယ်။ တကယ်လို့ ဒါလော့အနေနဲ့ လက်ရှိပုံစံကောင်းကို ဆက်ထိန်းနိုင်ပါက အသင်းကို ပြန်လည်ခေါ်ဆောင်သွားဖွယ် ရှိနေပါတယ်။

2925372-60101408-2560-1440

⚽ မန်ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ စပါးကို ၆-၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့တုံ့ပြန်မှုကို ပျော်ရွှင်လျက်ရှိနေပါတယ်။ “၆-၁ ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်းမှာ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ လိုပါတယ်။ ဒါက ကျွန်တော်တို့အတွက် အလှည့်အပြောင်းလဲဖြစ်ခဲ့တာပါ”လို့ ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

SPORT-PREVIEW-Scholes-Upamecano

⚽ မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်က လိုက်ပဇစ်နောက်ခံလူ အူပါမီကာနိုဟာ မန်ယူကို ဂိုးပြတ်ရှုံးတဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် မန်ယူအနေနဲ့ လာမယ့်ဇန်နဝါရီမှာ ဒီလိုအရည်အသွေးမြင့် နောက်ခံလူကို ခေါ်ယူဖို့ တွန့်ဆုတ်မနေသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

luke-shaw-man-united-2020-21-season-rb-leipzig-678x381

⚽ မန်ယူနောက်ခံကစားသမား လုခ်ရှောကို အင်္ဂလန်လက်ရွေးစင်အသင်းကြီးက လာမယ့်အပတ်မှာ ပြန်လည်ဆင့်ခေါ်ဖို့ လျာထားနေပါတယ်။ လုခ်ရှောဟာ လက်ရွေးစင်မှာ ရွေးချယ်ခြင်းမခံရတာ ၂၆လတိုင် ကြာမြင့်နေခဲ့တာပါ။

0-BANNER-Merson-Rashford

⚽ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က မန်ယူအသင်းအနေနဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ဟက်ထရစ်ဟီးရိုး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အရန်ခုံမှာ ထိုင်ခိုင်းထားဖွယ်ရှိကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Michael-Owen-makes-predictions-for-Man-Utd-vs-Arsenal-plus-758x418

⚽ မန်ယူအသင်းနဲ့ အာဆင်နယ်တို့ မနက်ဖြန် အိုးထရက်ဖို့ဒ်မှာ ကစာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လတ်တလော မန်ယူအသင်းက ခြေစွမ်းတက်နေပေမယ့် အာဆင်နယ်တို့ သရေတစ်မှတ်တော့ ရသွားလိမ့်မယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပါတယ်။

[ZAWGYI]

IMAGE: BR


















အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!