31-Oct-2020 ချယ်ဆီးသတင်းတိုများ

[UNICODE]

3-I-1604073213

⚽ ယနေ့ည (၉:၃၀)မှာတော့ ချယ်ဆီးအသင်းဟာ ဘန်လေအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ကစားရတော့မှာပါ။ ချန်ပီယံလိဂ်ဂိုးပြတ်နိုင်ပွဲကြောင့် စိတ်ဓာတ်တက်ကြွနေတဲ့ ချယ်ဆီးတို့ ဘန်လေကို အနိုင်ရဖို့ မခက်ပေမယ့် ဂိုးပြတ်ဖို့တော့ စောင့်ကြည့်ရပါမယ်။ ခန့်မှန်းရလဒ် ဘန်လေ ၁-၂ ချယ်ဆီး

krache

⚽ နည်းပြလမ်းပတ်ကတော့ ဘန်လေနဲ့ရင်ဆိုင်ရမယ့်ပွဲမှာ နာမည်ကြီး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဇီယက်ချ် ၊ ပူလီဆစ်အပြင် အိုဒွိုင်းကိုပါ ပွဲထွက်ကစားသမားစာရင်းမှာ ထုတ်သုံးဖို့ စဉ်းစားနေသလို ခရန်နိုဒါကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲက လူစာရင်းကိုလည်း အပြောင်းအလဲများ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

skysports-billy-gilmour-chelsea-5034865-1

⚽ ချဲလ်ဆီး ကြယ်ပွင့် ကစားသမားဖြစ်တဲ့ ဘီလီ ဂီမောလ် ကတော့ တစ်ကယ်လို့ သူသာ သရဲခြောက်တဲ့ အိမ်မှာ ၁ ညတာ မဖြစ်မနေ နေရမယ်ဆိုရင်တော့ သူ့ အသင်းဖော်တွေ ဖြစ်တဲ့ ဘန်ချီဝဲလ်၊ မင်ဒီ နဲ့ တိုမိုရီတို့နဲ့ တူတူ ဖြတ်သန်းချင်တယ်လို့ Chelsea FC ကို ပြောကြားလိုက်ပါတယ်။

1354195-1

⚽ ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ သူ့အနေနဲ့ ကစားသမားသစ်ဇီးယက်ချ်ရဲ့ပုံစံကို သဘောကျကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ဇီးယက်ချ်နဲ့ အစောဆုံး စကားစပြောကတည်းက သူ့အပေါ် ယုံကြည်ချက်ရှိခဲ့ကြောင်း ၊ ဟာဇက်ကဲ့သို့ ချယ်ဆီးမှာ တောက်ပလာမယ့်သူဖြစ်ကြောင်း လမ်းပတ်က ဆိုခဲ့ပါတယ်။

skysports-thiago-silva-chelsea-5152119

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ ဘန်လေနဲ့ပွဲမှာ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားပြန်လည်ပါဝင်မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ခရန်နိုဒါနဲ့ ပွဲစဉ်မှာ ဆေးလ်ဗားကို တမင်အနားပေးခဲ့တာလို့ လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။

Arsenal-news-Chelsea-transfers-Sergej-Milinkovic-Savic-791506

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်ကို ခေါ်ယူနိုင်ခြင်း မရှိပါက လာဇီယိုကွင်းလယ်လူ ဆာဗစ်ဘက် မြားဦးလှည့်သွားမယ်လို့ သိရပါတယ်။ ဆာဗစ်ကို ဂျူဗင်တပ်၊ မန်ယူတို့ကလည်း စိတ်ဝင်စားနေတာပါ။

New-Project-2020-10-29-T081110-334

⚽ အက်စတွန်ဗီလာ လက်ထောက်နည်းပြအဖြစ် ‌ဆောင်ရွက်နေတဲ့ ချယ်ဆီးကစားသမားဟောင်း ဂျွန်တယ်ရီက ချယ်ဆီးရဲ့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကျဆင်းပြီး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ မစ်ဆန်မောင့်ကို အားပေးစကား ပြောကြားလိုက်ပါတယ်။

QVNIMTE3-Mjc2-ODMy

⚽ ရှက်ဖီးလ်ယူနိုက်တက်မှာ အငှားသွားရောက်ကစားနေတဲ့ ချယ်ဆီးကွင်းလယ်ကစားသမား အမ်ပါဒူဟာ နည်းစနစ်ပိုင်း အရည်အသွေး အလွန်ကြွယ်ဝတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ရှက်ဖီးလ်နည်းပြ ခရစ်ဝိုင်ဒါက ချီးကျူးသွားခဲ့ပါတယ်။

[ZAWGYI]

3-I-1604073213


krache

⚽ နည်းပြလမ်းပတ်ကတော့ ဘန်လေနဲ့ရင်ဆိုင်ရမယ့်ပွဲမှာ နာမည်ကြီး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဇီယက်ခ်ျ ၊ ပူလီဆစ်အပြင် အိုဒွိုင်းကိုပါ ပွဲထွက်ကစားသမားစာရင်းမှာ ထုတ်သုံးဖို့ စဉ်းစားနေသလို ခရန်နိုဒါကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲက လူစာရင်းကိုလည်း အပြောင်းအလဲများ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။



1354195-1

⚽ ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ သူ့အနေနဲ့ ကစားသမားသစ်ဇီးယက်ခ်ျရဲ့ပုံစံကို သဘောကျကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ဇီးယက်ခ်ျနဲ့ အစောဆုံး စကားစပြောကတည်းက သူ့အပေါ် ယုံကြည်ချက်ရှိခဲ့ကြောင်း ၊ ဟာဇက်ကဲ့သို့ ချယ်ဆီးမှာ တောက်ပလာမယ့်သူဖြစ်ကြောင်း လမ်းပတ်က ဆိုခဲ့ပါတယ်။







QVNIMTE3-Mjc2-ODMy




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!