31-Oct-2020 ညနေခင်းသတင်းတိုများ

[UNICODE]

Romagnoli-Donnarumma-880x607

⚽ အေစီမီလန်အသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာနဲ့ နောက်ခံလူ ရိုမာနော့ဂ်လီတို့ကို စာချုပ်သက်တမ်းတိုးဖို့အတွက် အေးဂျင့်ရိုင်အိုလာဟာ အသင်းနဲ့ ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

Tuchel-1

⚽ PSG နည်းပြ တူချယ်လ်က ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြင်သစ်မှာ နောက်တစ်ခေါက်ပြန်ပြီး lockdown ဖြစ်မှာကို စိုးရိမ်မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

0-Getty-Images-1229308107

⚽ ဟာသာဘာလင်မှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား ဂွမ်ဒိုဇီက မိမိယခုလို ဘွန်ဒက်စ်လီဂါကို အငှားသွားကစားနိုင်ဖို့ အသင်းဖော်ကွင်းလယ်လူ အိုဇေးလ်က အစစအရာရာ ကူညီပေးခဲ့ကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

0-Getty-Images-1074596630

⚽ မန်ယူနည်းပြ ဆိုးလ်ရှားက အာဆင်နယ်နဲ့ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲဟာ မိမိရဲ့ မန်ယူနည်းပြဘဝ ပွဲ(၁၀၀)ပြည့်မှာဖြစ်ပြီး အဲ့ဒီ့အတွက် အနိုင်ရဖို့ အထူးကြိုးစားပြီး ပြင်ဆင်နေပြီဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

skysports-wes-morgan-leicester-4481373

⚽ လက်စတာဝါရင့်နောက်ခံလူ ဝက်စ်မော်ဂန်ဟာ ရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ထားပြီး အဲ့ဒီ့နောက်မှာ အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်လာဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

IMAGE – Goal.com

⚽ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက လက်ရှိအသင်းမှာ ပျော်ရွှင်နေပြီး ဒီရာသီ ရလဒ်ကောင်းတွေသာ ရမယ်ဆိုရင် အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိကြောင်း ပြောကြားလိုက်ပါတယ်။

huss-fahmy-758x398

⚽ အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်ပြီး ကစားသမားများရဲ့ စာချုပ်သက်တမ်းညှိနှိုင်းမှုကို အဓိကဆောင်ရွက်နေတဲ့ ဟက်စ်မာဖီဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းစာမှာ ဖော်ပြသွားခဲ့ပါတယ်။

richarlison-ancelotti

⚽ အဲဗာတန်နည်းပြ အန်ဆယ်လော့တီက မိမိတို့အသင်းအနေနဲ့ တိုက်စစ်မှူး ရစ်ချာလီဆန် မပါဝင်နိုင်လည်း နိုင်ပွဲရအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြရမယ်လို့ အသင်းသားများကို တိုက်တွန်းသွားခဲ့ပါတယ်။

[ZAWGYI]

Romagnoli-Donnarumma-880x607


Tuchel-1








IMAGE – Goal.com


huss-fahmy-758x398






အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!