31-Oct-2020 အာဆင္နယ္သတင္းတိုမ်ား

[UNICODE]

960
IMAGE: GOAL

⚽ ဘောလုံးပွဲစဉ်တွေ ခန့်မှန်းရာမှာ နာမည်ကျော်တဲ့ အင်္ဂလန်တိုက်စစ်မှူဟောင်း မိုက်ကယ်အိုဝင်ကတော့ မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်ကို သရေကျမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ မန်ယူက ယုံကြည်မှုမြင့်မားနေပေမဲ့ အာဆင်နယ်က ဒီပုံစံကို ဆက်ထိန်းထားနိုင်ရင် တစ်မှတ်ရမယ်ုလိ့ အိုဝင်က ဆိုခဲ့တာပါ။

gabriel2
IMAGE: GOAL

⚽ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ကတော့ သူ့အနေနဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်နဲ့ မန်စီးတီးတိုက်စစ်မှူးအဂူရိုတို့ကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်နိုင်ခဲ့တာကို ကျေနပ်လျက်ရှိနေပါတယ်။ သူတို့နဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ သူ့အနေန့ များစွာ သင်ယူနိုင်ခဲ့ကြောင်း ဂါဘရီရယ်က ဆိုပါတယ်။

https-cdn-cnn-com-cnnnext-dam-assets-200617081038-marcus-rashford
IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်ကတော့ မန်ုယူနည်းပြဆိုးလ်ရှားအနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ ရက်ဖို့ဒ်ကို အရန်ခုံမှာထားပြီး Super Sub အနေနဲ့ အသုံးပြုသင့်ကြောင်း၊ ရက်ဖို့ဒ်ဟာ လူစားဝင်ရင် ပိုမိုခြေစွမ်းပြတတ်ကြောင်း အကြံပြုသွားခဲ့ပါတယ်။

mikel-arteta-arsenal-2020-21-2icjgewqhlb71ozgz6domcejp
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာတော့ အိုးထရက်ဖို့ဒ်မှာ (၁၄) နှစ်ဆက်တိုက် နိုင်ပွဲမရရှိတဲ့ မှတ်တမ်းဆိုးကို ချိုးဖျက်သွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။ “အာဆင်နယ်က အိုးထရက်ဖို့ဒ်မှာ အနိုင်မရတာ ၁၄ နှစ်လောက်ရှိပြီလို့ ထင်ပါတယ်။ အဲဒီဟာကို ချိုးဖျက်နိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ အာတီတာက ဆိုခဲ့တာပါ။

⚽ အာဆင်နယ်ကစားသမားဟောင်း ဝင်တာဘန်းကတော့ အာဆင်နယ်ဟာ ရမှတ်များစွာ ဆုံးရှုံးမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။ “ပထမအဖွင့် (၁၀)ပွဲရလဒ်ကိုကြည့်ပြီး အာဆင်နယ်ဘယ်အဆင့် ရပ်တည်နိုင်မလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ အာဆင်နယ်ဟာ ဒီပုံစံနဲ့ ရမှတ်တွေများစွာ ဆုံးရှုံးပါလိမ့်မယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ် မထင်ပါဘူး”လို့ ဝင်တကြောင်း ဖွင့်ဟခဲ့ပါတယ်။

NINTCHDBPICT000585302218-e1594801974342
IMAGE: GOAL

⚽ အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့အနေနဲ့ အိုဇေးလ်ကို လူစာရင်းကနေ မထုတ်ပယ်ခင် အစွမ်းကုန် ကြိုးစားခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ “ကျွန်တော် ပြောနိုင်တာကတော့ သူ့အတွက် အခွင့်အရေးရအောင် လုပ်နိုင်သမျှ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်”လို့ အာတီတာက ဆိုခဲ့ပါတယ်။

Thomas-Partey-Arsenal-2
IMAGE: GOAL

⚽ ကွင်းလယ်လူ သောမတ်ပါတေးက ပြီးခဲ့တဲ့အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အာဆင်နယ်က သူ့ကိုအရခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အလွန်အံ့အားသင့်မိကြောင်း၊ သူ့အနေနဲ့ အဲဒီလိုဖြစ်လာမယ်လို့ မတွေးထားခဲ့မိဘူးလို့ ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။ “ကျွန်တော် ဘာမှမတွေးမိထားပါဘူး။ ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းနေခဲ့ပြီး အေးဂျင့်က ဖုန်းဆက်ခေါ်ခဲ့ပါတယ်”လို့ ပါတေးက ဆိုခဲ့ပါတယ်။

⚽ လီဗာပးူဂန္ထဝင်ကစားသမား ဂျွန်ဘားနက်စ်က သောမတ်ပါတေးဟာ အာဆင်နယ်ကို ဟန်ချက်ညီအောင်ပြုလုပ်နိုင်ပေးမဲ့သူလို့ ဖွင့်ဟသွားခဲ့ပါတယ်။ “အာဆင်နယ်က အာတီတာလက်ထက်မှာ တည်ဆောက်ပုံကောင်းပြီးအများကြီးတိုးတက်လာတဲ့အသင်းပါ။ အထူးသဖြင့် ပါတေးရောက်လာတာ သူတို့ရဲ့ ခံစစ်ကို ပြီးခဲ့တဲ့နှစ်တွေကထက် အားကောင်းစေပါတယ်”လို့ ဘားနက်စ်က ဆိုခဲ့တာပါ။

[ZAWGYI]

960
IMAGE: GOAL

⚽ ေဘာလံုးပြဲစဥ္ေတြ ခန္႔မွန္းရာမွာ နာမည္ေက်ာ္တဲ့ အဂၤလန္တိုက္စစ္မွဴေဟာင္း မိုက္ကယ္အုိ၀င္ကေတာ့ မန္ယူနဲ႔ အာဆင္နယ္တုိ႔ရဲ႕ပြဲစဥ္ကို သေရက်မယ္လုိ႔ ခန္႔မွန္းသြားခဲ့ပါတယ္။ မန္ယူက ယံုၾကည္မႈျမင့္မားေနေပမဲ့ အာဆင္နယ္က ဒီပံုစံကို ဆက္ထိန္းထားနုိင္ရင္ တစ္မွတ္ရမယ္ုလိ႔ အို၀င္က ဆုိခဲ့တာပါ။

gabriel2
IMAGE: GOAL

⚽ အာဆင္နယ္ေနာက္ခံလူ ဂါဘရီရယ္ကေတာ့ သူ႔အေနနဲ႔ လီဗာပူးေနာက္ခံလူ ဗန္ဒုိက္ခ်္နဲ႔ မန္စီးတီးတိုက္စစ္မွဴးအဂူရိုတုိ႔ကို ၿပိဳင္ဘက္အျဖစ္ ယွဥ္ၿပိဳင္ႏုိင္ခဲ့တာကို ေက်နပ္လ်က္ရွိေနပါတယ္။ သူတိုိ႔နဲ႔ ရင္ဆုိင္ရတဲ့ပြဲေတြမွာ သူ႔အေနန႔ မ်ားစြာ သင္ယူနုိင္ခဲ့ေၾကာင္း ဂါဘရီရယ္က ဆုိပါတယ္။

https-cdn-cnn-com-cnnnext-dam-assets-200617081038-marcus-rashford
IMAGE: GOAL

⚽ အာဆင္နယ္ကစားသမားေဟာင္း ေပါလ္မာဆင္ကေတာ့ မန္ုယူနည္းျပဆုိးလ္ရွားအေနနဲ႔ အာဆင္နယ္နဲ႔ပြဲမွာ ရက္ဖုိ႔ဒ္ကို အရန္ခံုမွာထားၿပီး Super Sub အေနနဲ႔ အသံုးျပဳသင့္ေၾကာင္း၊ ရက္ဖုိ႔ဒ္ဟာ လူစား၀င္ရင္ ပိုမိုေျခစြမ္းျပတတ္ေၾကာင္း အႀကံျပဳသြားခဲ့ပါတယ္။

mikel-arteta-arsenal-2020-21-2icjgewqhlb71ozgz6domcejp
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နည္းျပ အာတီတာေတာ့ အုိးထရက္ဖုိ႔ဒ္မွာ (၁၄) ႏွစ္ဆက္တိုက္ ႏုိင္ပြဲမရရွိတဲ့ မွတ္တမ္းဆုိးကို ခ်ိဳးဖ်က္သြားမယ္လုိ႔ ႀကံဳး၀ါးသြားခဲ့ပါတယ္။ “အာဆင္နယ္က အိုးထရက္ဖုိ႔ဒ္မွာ အႏိုင္မရတာ ၁၄ ႏွစ္ေလာက္ရွိၿပီလို႔ ထင္ပါတယ္။ အဲဒီဟာကို ခိ်ဳးဖ်က္ႏုိင္ဖုိ႔ ႀကိဳးစားသြားမွာပါ”လုိ႔ အာတီတာက ဆုိခဲ့တာပါ။

⚽ အာဆင္နယ္ကစားသမားေဟာင္း ၀င္တာဘန္းကေတာ့ အာဆင္နယ္ဟာ ရမွတ္မ်ားစြာ ဆံုးရႈံုးမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔ မျဖစ္ႏုိင္ဘူးလို႔ သံုးသပ္သြားခဲ့ပါတယ္။ “ပထမအဖြင့္ (၁၀)ပြဲရလဒ္ကိုၾကည့္ၿပီး အာဆင္နယ္ဘယ္အဆင့္ ရပ္တည္ႏုိင္မလဲဆုိတာ ခန္႔မွန္းလို႔ရပါတယ္။ အာဆင္နယ္ဟာ ဒီပံုစံနဲ႔ ရမွတ္ေတြမ်ားစြာ ဆံုးရႈံးပါလိမ့္မယ္။ ခ်န္ပီယံလိဂ္၀င္ခြင့္ရမယ္ မထင္ပါဘူး”လို႔ ၀င္တေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

NINTCHDBPICT000585302218-e1594801974342
IMAGE: GOAL

⚽ အာဆင္နယ္နည္းျပ အာတီတာကေတာ့ သူ႔အေနနဲ႔ အိုေဇးလ္ကို လူစာရင္းကေန မထုတ္ပယ္ခင္ အစြမ္းကုန္ ႀကိဳးစားခဲ့ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ “ကၽြန္ေတာ္ ေျပာႏုိင္တာကေတာ့ သူ႔အတြက္ အခြင့္အေရးရေအာင္ လုပ္ႏုိင္သမွ် အစြမ္းကုန္ႀကိဳးစားခဲ့ပါတယ္”လို႔ အာတီတာက ဆုိခဲ့ပါတယ္။

Thomas-Partey-Arsenal-2
IMAGE: GOAL

⚽ ကြင္းလယ္လူ ေသာမတ္ပါေတးက ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ အာဆင္နယ္က သူ႔ကိုအရေခၚခဲ့တာနဲ႔ ပတ္သက္ၿပီး အလြန္အံ့အားသင့္မိေၾကာင္း၊ သူ႔အေနနဲ႔ အဲဒီလိုျဖစ္လာမယ္လို႔ မေတြးထားခဲ့မိဘူးလို႔ ဖြင့္ဟ၀န္ခံသြားခဲ့ပါတယ္။ “ကၽြန္ေတာ္ ဘာမွမေတြးမိထားပါဘူး။ ပံုမွန္အတုိင္း ေလ့က်င့္ခန္းဆင္းေနခဲ့ၿပီး ေအးဂ်င့္က ဖုန္းဆက္ေခၚခဲ့ပါတယ္”လုိ႔ ပါေတးက ဆုိခဲ့ပါတယ္။

⚽ လီဗာပးူဂႏၳ၀င္ကစားသမား ဂၽြန္ဘားနက္စ္က ေသာမတ္ပါေတးဟာ အာဆင္နယ္ကို ဟန္ခ်က္ညီေအာင္ျပဳလုပ္ႏုိင္ေပးမဲ့သူလို႔ ဖြင့္ဟသြားခဲ့ပါတယ္။ “အာဆင္နယ္က အာတီတာလက္ထက္မွာ တည္ေဆာက္ပံုေကာင္းၿပီးအမ်ားႀကီးတုိးတက္လာတဲ့အသင္းပါ။ အထူးသျဖင့္ ပါေတးေရာက္လာတာ သူတုိ႔ရဲ႕ ခံစစ္ကို ၿပီးခဲ့တဲ့ႏွစ္ေတြကထက္ အားေကာင္းေစပါတယ္”လုိ႔ ဘားနက္စ္က ဆုိခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!