
[UNICODE]⚽ အမ်ဘာပေ ကတော့ ဒီရာသီကုန်ရင် PSG အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုလိုက်ပြီလို့ ပြင်သစ်သတင်းစာ OK Diario က ဖော်ပြလိုက်ပါတယ်။ အမ်ဘာပေက PSG အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလိုခြင်း မရှိတာကြောင့် အသင်း ပြောင်းရွှေ့ကြေးရအောင် တောင်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။ သူက ရီးရဲလ် နဲ့ သတင်းထွက်နေတာဖြစ်ပါတယ်။

⚽ အာဆင်နယ် နည်းပြ အာတီတာ ကတော့ မန်ယူအသင်းက တစ်ကယ့်ကို ကောင်းမွန်တဲ့ တိုက်စစ် အတွဲကို ပိုင်ဆိုင်ထားတာဖြစ်ပေမယ့် သူ့ အသင်း က အကောင်းဆုံး ပြင်ဆင် သွားမှာ ဖြစ်ကြောင်း အာဆင်နယ်အသင်း အိုးထရက်ဖိုဒ့်မှာ အနိူင်ကန်မယ် ဆိုတဲ့ စိတ်ဓာတ် နဲ့ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

⚽ ဘာစီလိုနာ အသင်းက လက်ရှိမှာ ဘဏ္ဍာရေး အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး သူတို့က ကစားသမားတွေ လစာ ယူရို သန်း ၁၉၀ ပေးချေရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ ဘာစီလိုနာအသင်းက ကစားသမားတွေက လစာ ၃၀% လျှော့ မယူဘူးခဲ့ဘူးဆိုရင် ဘာစီလိုနာ အသင်းက လာမယ့် ဇန်နဝါရီလမှာ ဒေဝါလီ ခံရဖွယ်ရှိတယ်လို့ RAC1 က ဖော်ပြလိုက်ပါတယ်။ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မက်ဆီကို စာချုပ် ထပ်တိုးချင်ရင် ဘာကာ အသင်း အနေနဲ့ ဘောနပ်စ် များစွာ ထပ်မံ ပေးချေရမှာကြောင့် ခေါင်းခဲနေတယ်လို့လည်း သိရပါတယ်။

⚽ လီဗာပူး တိုက်စစ်မှူး ဖြစ်တဲ့ အော်ရီဂီ က နောက်လာမယ့် ရာသီကျရင် လီဗာပူး အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသင်းကို ဂျိုတာ ရောက်လာပြီး ခြေစွမ်း ပြသတာကြောင့် သူက နောက်ဆုံးမှာ ရောက်သွားခဲ့တာဖြစ်ပြီး ယူရို ၂၀၂၁ မှာ ပါဝင်ချင်လို့ အသင်းပြောင်းချင်တယ်လို့ သိရပါတယ်။

⚽ ချဲလ်ဆီးအသင်းက ဂျာမနီ လက်ရွေးစင် ကစားသမား ဖြစ်တဲ့ မက်သီးယပ်က် ဂျင်းတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Kicker က ဖော်ပြလိုက်ပါတယ်။ အသက် ၂၆ နှစ် ရှိပြီ ဖြစ်တဲ့ မိုချန်ဂလာဘတ် နောက်ခံ လူ အတွက် ပေါင် ၃၅ သန်း ပေးချေရဖွယ်ရှိတယ်လို့ဆိုပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း ကိုင်ဟားဗတ် နဲ့ တီမို ဝါနာ တို့နဲ့ ပူးပေါင်းချင်တယ်တဲ့။

⚽ အသက် ၂၀ သာ ရှိသေးတဲ့ ဆေလ်ဘတ် ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဒေါမနစ် ဆိုးဘောစ့်ဇလိုင်း ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Express က ဖော်ပြလိုက်ပါတယ်။ ဂန်းနားတို့က ဒီကွင်းလယ် ဖန်တီးရှင်ကို အိုဇေလ်း နေရာကို အစားထိုးချင်နေတာဖြစ်ပါတယ်။

⚽ ဂျူဗီ အသင်းက အခုချိန်ထိ အသင်းက ကစားသမား ဖြစ်တဲ့ ဒိုင်ဘာလာ ကို စာချုပ်သက်တမ်းတိုးဖို့ အဆင် မပြေသေးဘူးလို့ဆိုပါတယ်။ ကစားသမား က ၂၀၂၂ မှာ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဒိုင်ဘာလာက ၁ နှစ်ကို ယူရို ၁၅ သန်း တောင်းဆို ထားပေမယ့် ဂျူဗီ က ယူရို ၁၀ သန်းသာ ပေးချေလိုတယ်လို့ ကယ်ဆီယို မာကာတာ က ဖော်ပြလိုက်ပါတယ်။

⚽ ရီးရဲလ် အသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ် သက်တမ်း ကုန်ဆုံးတော့ မှာ ဖြစ်ပါတယ်။ ရာမိုစ့် က ရီးရဲလ် အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်တိုးလိုပေမယ့် ရီးရဲလ်ကတော့ ၁ နှစ်သာ တိုးချင်တယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။ ရာမိုစ့် အခြေအနေကို PSG နဲ့ အင်တာက အခွင့်ကောင်းယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။

⚽ အင်တာမီလန် အသင်းက လက်ရှိမှာ ကစားသမားဖြစ်တဲ့ လော်တာရို ကိုပဲ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပေမယ့် နောက်ခံလူ ဒီဗရီဂျီ ရဲ့ အေးဂျင့် ဖြစ်တဲ့ မီနိူ ရိုင်အိုလာ ကတော့ ကလပ် အသင်း ကို သူ့ ကစားသမား စာချုပ်တိုးဖို့အတွက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီကစားသမား စာချုပ်က ၂၀၂၃ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမား လစာ ကို လူကာကူ၊ ဆန်းချက် နဲ့ အဲရစ်ဆင်တို့ နီးပါး ရဖို့ တောင်းဆိုသွားမယ်တဲ့။

[ZAWGYi]⚽ အမ္ဘာေပ ကေတာ့ ဒီရာသီကုန္ရင္ PSG အသင္းကေန ထြက္ခြာဖို႔ ေတာင္းဆိုလိုက္ၿပီလို႔ ျပင္သစ္သတင္းစာ OK Diario က ေဖာ္ျပလိုက္ပါတယ္။ အမ္ဘာေပက PSG အသင္းက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းလိုျခင္း မရွိတာေၾကာင့္ အသင္း ေျပာင္းေ႐ႊ႕ေၾကးရေအာင္ ေတာင္းဆိုလိုက္တယ္လို႔လည္း သိရပါတယ္။ သူက ရီးရဲလ္ နဲ႔ သတင္းထြက္ေနတာျဖစ္ပါတယ္။

⚽ အာဆင္နယ္ နည္းျပ အာတီတာ ကေတာ့ မန္ယူအသင္းက တစ္ကယ့္ကို ေကာင္းမြန္တဲ့ တိုက္စစ္ အတြဲကို ပိုင္ဆိုင္ထားတာျဖစ္ေပမယ့္ သူ့ အသင္း က အေကာင္းဆုံး ျပင္ဆင္ သြားမွာ ျဖစ္ေၾကာင္း အာဆင္နယ္အသင္း အိုးထရက္ဖိုဒ့္မွာ အႏိူင္ကန္မယ္ ဆိုတဲ့ စိတ္ဓာတ္ နဲ ့ ရင္ဆိုင္သြားမွာ ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

⚽ ဘာစီလိုနာ အသင္းက လက္ရွိမွာ ဘ႑ာေရး အခက္အခဲနဲ ့ ရင္ဆိုင္ေနရတာ ျဖစ္ျပီး သူတို ့က ကစားသမားေတြ လစာ ယူရုိ သန္း ၁၉၀ ေပးေခ်ရမွာျဖစ္ပါတယ္။ တစ္ကယ္လို ့ ဘာစီလိုနာအသင္းက ကစားသမားေတြက လစာ ၃၀% ေလွ်ာ့ မယူဘူးခဲ့ဘူးဆိုရင္ ဘာစီလိုနာ အသင္းက လာမယ့္ ဇန္န၀ါရီလမွာ ေဒ၀ါလီ ခံရဖြယ္ရွိတယ္လို ့ RAC1 က ေဖာ္ျပလိုက္ပါတယ္။ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ မက္ဆီကို စာခ်ဳပ္ ထပ္တုိးခ်င္ရင္ ဘာကာ အသင္း အေနနဲ့ ေဘာနပ္စ္ မ်ားစြာ ထပ္မံ ေပးေခ်ရမွာေၾကာင့္ ေခါင္းခဲေနတယ္လို ့လည္း သိရပါတယ္။

⚽ လီဗာပူး တိုက္စစ္မွဴး ျဖစ္တဲ့ ေအာ္ရီဂီ က ေနာက္လာမယ့္ ရာသီက်ရင္ လီဗာပူး အသင္းကေန ထြက္ခြာဖို ့ ျပင္ဆင္ေနတယ္လို ့ သိရပါတယ္။ အသင္းကို ဂ်ိုတာ ေရာက္လာျပီး ေျခစြမ္း ျပသတာေၾကာင့္ သူက ေနာက္ဆုံးမွာ ေရာက္သြားခဲ့တာျဖစ္ျပီး ယူရို ၂၀၂၁ မွာ ပါ၀င္ခ်င္လို ့ အသင္းေျပာင္းခ်င္တယ္လုိ ့ သိရပါတယ္။

⚽ ခ်ဲလ္ဆီးအသင္းက ဂ်ာမနီ လက္ေရြးစင္ ကစားသမား ျဖစ္တဲ့ မက္သီးယပ္က္ ဂ်င္းတာကို ေခၚယူဖို ့ စိတ္၀င္စားေနတယ္လုိ ့ Kicker က ေဖာ္ျပလိုက္ပါတယ္။ အသက္ ၂၆ ႏွစ္ ရွိျပီ ျဖစ္တဲ့ မိုခ်န္ဂလာဘတ္ ေနာက္ခံ လူ အတြက္ ေပါင္ ၃၅ သန္း ေပးေခ်ရဖြယ္ရွိတယ္လို ့ဆိုပါတယ္။ ကစားသမား ကိုယ္တိုင္ကလည္း ကိုင္ဟားဗတ္ နဲ ့ တီမို ၀ါနာ တို ့နဲ ့ ပူးေပါင္းခ်င္တယ္တဲ့။

⚽ အသက္ ၂၀ သာ ရွိေသးတဲ့ ေဆလ္ဘတ္ ကြင္းလယ္ ကစားသမား ျဖစ္တဲ့ ေဒါမနစ္ ဆိုးေဘာစ့္ဇလိုင္း ကို ေခၚယူဖို ့ စိတ္၀င္စားေနတယ္လို ့ The Express က ေဖာ္ျပလိုက္ပါတယ္။ ဂန္းနားတို ့က ဒီကြင္းလယ္ ဖန္တီးရွင္ကို အိုေဇလ္း ေနရာကို အစားထိုးခ်င္ေနတာျဖစ္ပါတယ္။

⚽ ဂ်ဴဗီ အသင္းက အခုခ်ိန္ထိ အသင္းက ကစားသမား ျဖစ္တဲ့ ဒိုင္ဘာလာ ကို စာခ်ဳပ္သက္တမ္းတိုးဖို ့ အဆင္ မေျပေသးဘူးလို ့ဆိုပါတယ္။ ကစားသမား က ၂၀၂၂ မွာ စာခ်ဳပ္ ကုန္ဆုံးေတာ့မွာ ျဖစ္ျပီး ဒိုင္ဘာလာက ၁ ႏွစ္ကို ယူရို ၁၅ သန္း ေတာင္းဆို ထားေပမယ့္ ဂ်ဴဗီ က ယူရို ၁၀ သန္းသာ ေပးေခ်လိုတယ္လို ့ ကယ္ဆီယို မာကာတာ က ေဖာ္ျပလိုက္ပါတယ္။

⚽ ရီးရဲလ္ အသင္းနဲ ့ ဒီရာသီကုန္ရင္ စာခ်ဳပ္ သက္တမ္း ကုန္ဆုံးေတာ့ မွာ ျဖစ္ပါတယ္။ ရာမိုစ့္ က ရီးရဲလ္ အသင္းနဲ ့ စာခ်ဳပ္သက္တမ္း ၂ ႏွစ္တိုးလုိေပမယ့္ ရီးရဲလ္ကေတာ့ ၁ ႏွစ္သာ တိုးခ်င္တယ္လို ့ The Sun က ေဖာ္ျပလိုက္ပါတယ္။ ရာမိုစ့္ အေျခအေနကို PSG နဲ ့ အင္တာက အခြင့္ေကာင္းယူဖို ့ ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

⚽ အင္တာမီလန္ အသင္းက လက္ရွိမွာ ကစားသမားျဖစ္တဲ့ ေလာ္တာရို ကိုပဲ စာခ်ဳပ္သက္တမ္းတိုးဖို ့ ျပင္ဆင္ေနေပမယ့္ ေနာက္ခံလူ ဒီဗရီဂ်ီ ရဲ့ ေအးဂ်င့္ ျဖစ္တဲ့ မီႏိူ ရိုင္အိုလာ ကေတာ့ ကလပ္ အသင္း ကို သူ ့ ကစားသမား စာခ်ဳပ္တိုးဖို ့အတြက္ ေတာင္းဆိုခဲ့တယ္လို ့ သိရပါတယ္။ ဒီကစားသမား စာခ်ဳပ္က ၂၀၂၃ မွာ ကုန္ဆုံးမွာျဖစ္ျပီး ကစားသမား လစာ ကို လူကာကူ၊ ဆန္းခ်က္ နဲ့ အဲရစ္ဆင္တို ့ နီးပါး ရဖို ့ ေတာင္းဆိုသြားမယ္တဲ့။