24-Nov-2020 Tea-Break သတင်းတိုများ

[UNICODE]

jack-grealish-with-man-city-logo-2019-20-1sxw2hyxm5jrr1lw1ixf41n12d

⚽ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက် အသင်းကို ပြန်လည်တည်ဆောက်ရာမှာ အက်စတွန်ဗီလာကွင်းလယ်လူ ဂရေးလစ်ရှ်က အဓိကပစ်မှတ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

IMAGE: BR

⚽ ချယ်ဆီးတိုက်စစ်မှူး ဂျရူးဟာ ပြင်သစ်မှာ အရွေးချယ်ခံရဖို့အတွက် ဇန်နဝါရီမှာ အသင်းပြောင်းဖွယ်ရှိနေပေမယ့် ချယ်ဆီးကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို အသင်းမှာပဲ အရန်ကစားသမားအဖြစ် ဆက်ရှိစေလိုနေပါတယ်။

NINTCHDBPICT000621623509-e1606067229277

⚽ အာဆင်နယ်အသင်းရဲ့ အသက်(၂၅)နှစ်အရွယ် အိုင်ဗရီကို့စ် တောင်ပံကစားသမား နီကိုလပ်စ် ပေပေဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ တိုက်ရိုက် အနီကဒ်အတွက် အနူးအညွတ် တောင်းပန်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

0-Getty-Images-1199747261

⚽ မန်ယူနည်းပြ ဆိုးလ်ရှားက မိမိတိုက်စစ်မှူး အန်တိုနီမာရှယ်လ်ဟာ ရာသီအစတည်းက အခုထိတိုင် ပွဲစဉ်တွေ တောက်လျှောက်ကစားခဲ့ရပြီး နားရက်သေသေချာချာ မရခဲ့တာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

36015564-8978949-image-a-13-1606156787683

⚽ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းဟာ ဘာစီလိုနာနဲ့ အေစီမီလန် ကွင်းလယ်ကစားသမားဟောင်း ဟာလီလိုဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း ကြေငြာသွားခဲ့ပါတယ်။

2927687-60147708-2560-1440

⚽ ဘာစီလိုနာ ဥက္ကဌလောင်း ဗစ်တာဖွန့်က လာမယ့်အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းအနေနဲ့ မိမိတို့ရဲ့ အဓိကတိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့ ကိစ္စအား မေ့ထားသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

cc175961-c58e-4dd3-bf61-76c753f936a0
>

⚽ ဝက်စ်ဟမ်းအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမာ မာရီယာနိုဒီးယက်ဇ်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

35942158-0-image-a-34-1605966554490

⚽ မန်ယူကစားသမားဟောင်း ဝိန်းရူနီက မိမိ မန်ယူအသင်းအတွက် ကစားပေးနေစဉ်က ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်တဲ့ အခြေအနေကို ရောက်ရှိခဲ့ဖူးကြောင်း ဝန်ခံသွားခဲ့ပါတယ်။

[ZAWGYI]

jack-grealish-with-man-city-logo-2019-20-1sxw2hyxm5jrr1lw1ixf41n12d


IMAGE: BR










>






အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!