24-Nov-2020 ချယ်ဆီးသတင်းတိုများ

[UNICODE]

9726e9dc8ba98fe47901de2256ee216e-754x

⚽ ယနေ့ညမှာတော့ ချယ်ဆီးအသင်းဟာ ရိန်းနက်စ်အသင်းရဲ့ အိမ်ကွင်းမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် သွားရောက်ကစားရတော့မှာပါ။ ရိန်းနက်စ်ရဲ့ အခြေအနေ တော်တော်လေး ဆိုးရွားနေပြီး အားရစရာတစ်ကွက်မှ မရှိပါဘူး။ ရိန်းနက်စ်တို့ ဒီအခြေအနေနဲ့ ချဲလ်ဆီးကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘဲ အနိုင်ရလဒ်က ချယ်ဆီးအတွက်ပဲလို့ ဆိုရပါမယ်။ ဖြစ်နိုင်ဖွယ်ရလဒ်:ရိန်းနက်စ် ဝ-၂ ချဲလ်ဆီး

⚽ ချယ်ဆီးကစားသမားဟောင်း အလန်ဟော့ဆန်ကတော့ တိုက်စစ်မှူးတီမိုဝါနာဟာ ပရီးမီးယားလိဂ်ဂိုးသွင်းရွှေဖိနပ်ဆုကို စိန်ခေါ်နိုင်မှာဖြစ်ကြောင်း၊ ဝါနာဟာ ဂိုးသွင်းတာပါးနပ်တဲ့ ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

IMAGE: BR

⚽ နည်းပြလမ်းပတ်ကတော့ သူ့အနေနဲ့ တိုက်စစ်မှူး ဂျရူးနဲ့ ပတ်သက်ပြီး အစီအစဉ်ရှိကြောင်း၊ ဂျရူးဟာ သူတို့အတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဂျရူးဟာ ပွဲကစားခွင့် ပုံမှန်မရပါက ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာမှာပါ။

⚽ ရိန်းနက်စ်နည်းပြ ဂျူလီယန်စတီဖန်ကတော့ ချယ်ဆီးတိုက်စစ်မှူး ဂျရူးရဲ့ စိတ်နေစိတ်ထားဟာ ပရော်ဖက်ရှင်နယ်ဆန်လွန်းပြီး ကစားသမားတွေ အတုယူသင့်သူဖြစ်ကြောင်း၊ ဂျရူးဟာ ထိပ်တန်းအဆင့် ကစားသမားဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

IMAGE – Goal.com

⚽ ချယ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်ကတော့ သူတို့ရဲ့အဓိက ရည်မှန်းချက်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးလို့ ကြုံးဝါးသွားခဲ့ပါတယ်။ “ကျွန်တော်တို့က အမြဲတမ်း ရည်မှန်းထားတာက ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ပါ”လို့ မစ်ဆန်မောင့်က ဆိုခဲ့ပါတယ်။

NINTCHDBPICT000337362013

⚽ မန်ယူကစားသမားဟောင်း ဝိန်းရူနီက မိမိ မန်ယူအသင်းအတွက် ကစားပေးနေစဉ်က ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်တဲ့ အခြေအနေကို ရောက်ရှိခဲ့ဖူးကြောင်း ဝန်ခံသွားခဲ့ပါတယ်။

1277744593-jpg-0

⚽ ချယ်ဆီးအသင်းဟာ လက်ရှိခံစစ်မှာ သီယာဂိုဆေးလ်ဗား ၊ ဇူးမား ၊ ရူဒီဂါနဲ့ ခရစ်စတီယန်ဆန်တို့ ရှိနေတာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ခံလူ တိုမိုရီကို အငှားစေလွှတ် ကစားသွားဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။

tammy-abraham-and-timo-werner-chelsea-gxy9x15l7s5j1127hgjdfnkdh

⚽ မန်ယူကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က ချယ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ တိုက်စစ်မှာ တီမိုဝါနဲ့ အေဘရာဟမ်ကို တွဲဖက်ပေးရင် ကစားပုံပိုကောင်းတာကြောင့် ပုံမှန် ပွဲထုတ်ပေးသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။

[ZAWGYI]

9726e9dc8ba98fe47901de2256ee216e-754x

⚽ ယေန႔ညမွာေတာ့ ခ်ယ္ဆီးအသင္းဟာ ရိန္းနက္စ္အသင္းရဲ႕ အိမ္ကြင္းမွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ သြားေရာက္ကစားရေတာ့မွာပါ။ ရိန္းနက္စ္ရဲ႕ အေျခအေန ေတာ္ေတာ္ေလး ဆိုး႐ြားေနၿပီး အားရစရာတစ္ကြက္မွ မရွိပါဘူး။ ရိန္းနက္စ္တို႔ ဒီအေျခအေနနဲ႔ ခ်ဲလ္ဆီးကို ရင္ဆိုင္ႏိုင္မွာ မဟုတ္ဘဲ အႏိုင္ရလဒ္က ခ်ယ္ဆီးအတြက္ပဲလို႔ ဆိုရပါမယ္။ ျဖစ္ႏိုင္ဖြယ္ရလဒ္:ရိန္းနက္စ္ ဝ-၂ ခ်ဲလ္ဆီး

⚽ ခ်ယ္ဆီးကစားသမားေဟာင္း အလန္ေဟာ့ဆန္ကေတာ့ တိုက္စစ္မႉးတီမိုဝါနာဟာ ပရီးမီးယားလိဂ္ဂိုးသြင္းေ႐ႊဖိနပ္ဆုကို စိန္ေခၚႏိုင္မွာျဖစ္ေၾကာင္း၊ ဝါနာဟာ ဂိုးသြင္းတာပါးနပ္တဲ့ ကစားသမားလို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။

IMAGE: BR

⚽ နည္းျပလမ္းပတ္ကေတာ့ သူ႔အေနနဲ႔ တိုက္စစ္မႉး ဂ်႐ူးနဲ႔ ပတ္သက္ၿပီး အစီအစဥ္ရွိေၾကာင္း၊ ဂ်႐ူးဟာ သူတို႔အတြက္ အလြန္အေရးပါတဲ့ ကစားသမားျဖစ္ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။ ဂ်႐ူးဟာ ပြဲကစားခြင့္ ပုံမွန္မရပါက ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာမွာပါ။

⚽ ရိန္းနက္စ္နည္းျပ ဂ်ဴလီယန္စတီဖန္ကေတာ့ ခ်ယ္ဆီးတိုက္စစ္မႉး ဂ်႐ူးရဲ႕ စိတ္ေနစိတ္ထားဟာ ပေရာ္ဖက္ရွင္နယ္ဆန္လြန္းၿပီး ကစားသမားေတြ အတုယူသင့္သူျဖစ္ေၾကာင္း၊ ဂ်႐ူးဟာ ထိပ္တန္းအဆင့္ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။

IMAGE – Goal.com

⚽ ခ်ယ္ဆီးကြင္းလယ္လူ မစ္ဆန္ေမာင့္ကေတာ့ သူတို႔ရဲ႕အဓိက ရည္မွန္းခ်က္က ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေရးလို႔ ႀကဳံးဝါးသြားခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔က အၿမဲတမ္း ရည္မွန္းထားတာက ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ပါ”လို႔ မစ္ဆန္ေမာင့္က ဆိုခဲ့ပါတယ္။

NINTCHDBPICT000337362013

⚽ မန္ယူကစားသမားေဟာင္း ဝိန္း႐ူနီက မိမိ မန္ယူအသင္းအတြက္ ကစားေပးေနစဥ္က ခ်ယ္ဆီးအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ အလြန္နီးစပ္တဲ့ အေျခအေနကို ေရာက္ရွိခဲ့ဖူးေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

1277744593-jpg-0

⚽ ခ်ယ္ဆီးအသင္းဟာ လက္ရွိခံစစ္မွာ သီယာဂိုေဆးလ္ဗား ၊ ဇူးမား ၊ ႐ူဒီဂါနဲ႔ ခရစ္စတီယန္ဆန္တို႔ ရွိေနတာေၾကာင့္ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ေနာက္ခံလူ တိုမိုရီကို အငွားေစလႊတ္ ကစားသြားဖို႔ စီစဥ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

tammy-abraham-and-timo-werner-chelsea-gxy9x15l7s5j1127hgjdfnkdh

⚽ မန္ယူကြင္းလယ္လူေဟာင္း အိုဝင္ဟားဂေရ႕ဗ္က ခ်ယ္ဆီးနည္းျပ လမ္းပတ္အေနနဲ႔ တိုက္စစ္မွာ တီမိုဝါနဲ႔ ေအဘရာဟမ္ကို တြဲဖက္ေပးရင္ ကစားပုံပိုေကာင္းတာေၾကာင့္ ပုံမွန္ ပြဲထုတ္ေပးသင့္တယ္လို႔ အႀကံျပဳသြားခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!