24-Nov-2020 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

0-Collage-1

⚽ ယနေ့ညမှာတော့ မန်ယူအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်အဖြစ် ဘာဆက်ရှီဟာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရတော့မှာပါ။ ဒီပွဲပြီးရင် PSG ၊ လိုက်ပဇစ်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီပွဲမှာ မန်ယူတို့ သေချာပေါက် (၃) မှတ်ရထားမှဖြစ်မှာပါ။ ဘာဆက်ရှီဟာက အဝေးကွင်း ခံစစ်ပိုင်းဆိုးရွားပြီး နောက်ဆုံး (၂) ပွဲဆက်လည်း (၆) ဂိုးခွင့်ပြုထားရတယ်။ မန်ယူ ၂ ဂိုးပြတ် အနိုင်ရဖို့ မခက်ဘဲ အိုးထရက်ဖို့ဒ်မှာ လက်စားပြန်ချေနိုင်မှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: မန်ယူ ၃-၁ ဘာဆက်ရှီဟာ

james-garner-manchester-united-2018-19-16h0zzeyh1mkk10i0kld6im628

⚽ မန်ယူဝါရင့်တောင်ပံကစားသမား မာတာကတော့ ဝက်ဖို့ဒ်အသင်းမှာ အငှားနဲ့ သွားကစားနေတဲ့ လူငယ်ကြယ်ပွင့် ဂျိမ်းဂါနာဟာ အစဉ်အမြဲ တိုးတက်နေသူဖြစ်ကြောင်း၊ ထိပ်တန်းအဆင့် ကွင်းလယ်လူတစ်ယောက် ဖြစ်လာနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

0-Getty-Images-1199747261

⚽ မန်ယူနည်းပြ ဆိုးလ်ရှားက မိမိတိုက်စစ်မှူး အန်တိုနီမာရှယ်လ်ဟာ ရာသီအစတည်းက အခုထိတိုင် ပွဲစဉ်တွေ တောက်လျှောက်ကစားခဲ့ရပြီး နားရက်သေသေချာချာ မရခဲ့တာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

SPORT-PREVIEW-pau-man-utd

⚽ ဥရောပထိပ်သီးတွေ ပစ်မှတ်ထားနေတဲ့ ဗီလာရီးရဲနောက်ခံလူ ပေါတောရက်စ်ကို ပရီးမီးယားလိဂ်ကလပ် မန်ယူဟာ လာမဲ့ဇန်ဝါရီမှာ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဗီလာရီးရဲကတော့ ယူရိုသန်း ၅၀ ရရင် ပေါတောရက်စ်ကို ရောင်းချသွားမှာပါ။

Dean-Henderson

⚽ မန်ုယူနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ဂိုးသမား ဒိန်းဟန်ဒါဆန်အနေနဲ့ ပွဲကစားချိန်နည်းနေပေမယ့် အသင်းမှာ ပျော်ရွှင်နေကြောင်း၊ ဒိန်းဟန်ဒါဆန်အနေနဲ့ အနည်းငယ် စိတ်ရှည်ဖို့ လိုအပ်နေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

⚽ မန်ယူဂိုးသမား ရိုမဲရိုကတော့ အသင်းကနေ ထွက်ခွာဖို့ ရာသီကုန်အထိ မစောင့်နိုင်တောဘဲ လာမယ့်ဇန်နဝါရီမှာတင် အသင်းပြောင်းခွင့်ပြုဖို့ ထပ်မံတောင်းဆိုသွားခဲ့ပါတယ်။

0-Capture-PNG

⚽ မန်ယူနည်းပြဆိုးလ်ရှားက မိမိတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရောက်ဖို့ဆိုရင် အနည်းဆုံး အုပ်စုတွင်းမှာ ဆယ်မှတ်ရအောင် စွမ်းဆောင်နိုင်မှဖြစ်မယ်လို့ သတိပေးသွားခဲ့ပါတယ်။ မန်ယူဟာ သုံးပွဲကစားအပြီးမှာတော့ ရမှတ် ၆မှတ် ရရှိထားပါတယ်။

1287235955-1

⚽ ဆိုးလ်ရှားကတော့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာအနေနဲ့ ပြန်လည်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။

[ZAWGYI]

0-Collage-1

⚽ ယေန႔ညမွာေတာ့ မန္ယူအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စု ပြဲစဥ္အျဖစ္ ဘာဆက္ရွီဟာအသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားသြားရေတာ့မွာပါ။ ဒီပြဲၿပီးရင္ PSG ၊ လိုက္ပဇစ္တို႔နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္လို႔ ဒီပြဲမွာ မန္ယူတို႔ ေသခ်ာေပါက္ (၃) မွတ္ရထားမွျဖစ္မွာပါ။ ဘာဆက္ရွီဟာက အေဝးကြင္း ခံစစ္ပိုင္းဆိုး႐ြားၿပီး ေနာက္ဆုံး (၂) ပြဲဆက္လည္း (၆) ဂိုးခြင့္ျပဳထားရတယ္။ မန္ယူ ၂ ဂိုးျပတ္ အႏိုင္ရဖို႔ မခက္ဘဲ အိုးထရက္ဖို႔ဒ္မွာ လက္စားျပန္ေခ်ႏိုင္မွာပါ။ ျဖစ္ႏိုင္ဖြယ္ရလဒ္: မန္ယူ ၃-၁ ဘာဆက္ရွီဟာ

james-garner-manchester-united-2018-19-16h0zzeyh1mkk10i0kld6im628

⚽ မန္ယူဝါရင့္ေတာင္ပံကစားသမား မာတာကေတာ့ ဝက္ဖို႔ဒ္အသင္းမွာ အငွားနဲ႔ သြားကစားေနတဲ့ လူငယ္ၾကယ္ပြင့္ ဂ်ိမ္းဂါနာဟာ အစဥ္အၿမဲ တိုးတက္ေနသူျဖစ္ေၾကာင္း၊ ထိပ္တန္းအဆင့္ ကြင္းလယ္လူတစ္ေယာက္ ျဖစ္လာႏိုင္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

0-Getty-Images-1199747261

⚽ မန္ယူနည္းျပ ဆိုးလ္ရွားက မိမိတိုက္စစ္မႉး အန္တိုနီမာရွယ္လ္ဟာ ရာသီအစတည္းက အခုထိတိုင္ ပြဲစဥ္ေတြ ေတာက္ေလွ်ာက္ကစားခဲ့ရၿပီး နားရက္ေသေသခ်ာခ်ာ မရခဲ့တာေၾကာင့္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ရျခင္း ျဖစ္ႏိုင္ေၾကာင္း သုံးသပ္သြားခဲ့ပါတယ္။

SPORT-PREVIEW-pau-man-utd

⚽ ဥေရာပထိပ္သီးေတြ ပစ္မွတ္ထားေနတဲ့ ဗီလာရီးရဲေနာက္ခံလူ ေပါေတာရက္စ္ကို ပရီးမီးယားလိဂ္ကလပ္ မန္ယူဟာ လာမဲ့ဇန္ဝါရီမွာ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ ဗီလာရီးရဲကေတာ့ ယူ႐ိုသန္း ၅၀ ရရင္ ေပါေတာရက္စ္ကို ေရာင္းခ်သြားမွာပါ။

Dean-Henderson

⚽ မႏ္ုယူနည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ဂိုးသမား ဒိန္းဟန္ဒါဆန္အေနနဲ႔ ပြဲကစားခ်ိန္နည္းေနေပမယ့္ အသင္းမွာ ေပ်ာ္႐ႊင္ေနေၾကာင္း၊ ဒိန္းဟန္ဒါဆန္အေနနဲ႔ အနည္းငယ္ စိတ္ရွည္ဖို႔ လိုအပ္ေနေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

⚽ မန္ယူဂိုးသမား ႐ိုမဲ႐ိုကေတာ့ အသင္းကေန ထြက္ခြာဖို႔ ရာသီကုန္အထိ မေစာင့္ႏိုင္ေတာဘဲ လာမယ့္ဇန္နဝါရီမွာတင္ အသင္းေျပာင္းခြင့္ျပဳဖို႔ ထပ္မံေတာင္းဆိုသြားခဲ့ပါတယ္။

0-Capture-PNG

⚽ မန္ယူနည္းျပဆိုးလ္ရွားက မိမိတို႔အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ဆိုရင္ အနည္းဆုံး အုပ္စုတြင္းမွာ ဆယ္မွတ္ရေအာင္ စြမ္းေဆာင္ႏိုင္မွျဖစ္မယ္လို႔ သတိေပးသြားခဲ့ပါတယ္။ မန္ယူဟာ သုံးပြဲကစားအၿပီးမွာေတာ့ ရမွတ္ ၆မွတ္ ရရွိထားပါတယ္။

1287235955-1

⚽ ဆိုးလ္ရွားကေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္လူ ေပါ့ဂ္ဘာအေနနဲ႔ ျပန္လည္ပါဝင္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။ ေပါ့ဂ္ဘာဟာ ေလ့က်င့္ခန္း ျပန္ဆင္းေနပါၿပီ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!