25-Nov-2020 နံနက်ခင်း သတင်းများ
cristiano-ronaldo-doesnt-receive-special-treatment-juventus-andrea-pirlo-7-wkxlrcqqjzff1o7s1pzbvj8fn
IMAGE: GOAL
[UNICODE] ⚽ ဂျူဗီ အသင်းက ရော်နယ်ဒို က ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ သူက သူ့ ပထမဆုံး ၆ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပြီး ခြွေစွာနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗီ နည်းပြ ပီယာလို ကတော့ ရော်နယ်ဒို ကို အနေနဲ့ အထူးအခွင့်ခံကစားသမား အဖြစ် မသတ်မှတ်ကြောင်း တစ်ခြား အသင်းသားတွေလိုပဲ ဆက်ဆံ ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
antoine-griezmann-lionel-messi-barcelona-2019-20-1uiezm35gnjn51le4mnkcnzn8p
IMAGE: GOAL
⚽ အန်တော်နီယို ဂရဇ်မန်း ကတော့ သူ့ အနေနဲ့ ၂၀၁၈ တုန်းက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာက မက်ဆီကို နာကျင်စေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် သူက ၂၀၁၉ မှာ ဘာစီလိုနာကို ပြောင်းရွှေ့ပြီး မက်ဆီကို တောင်းပန်ခဲ့ကြောင်း သူတို့ ၂ ယောက်ကြား ဘာ ပြသနာမှ မရှိကြောင်း Goal ကို ပြောလိုက်ပါတယ်။
featureimage-3
IMAGE: GOAL
⚽ ပရီးမီးယားလိဂ် ကို နောက်လ က စပြီး လူ ပေါင်း ၄၀၀၀ ပြန်ဝင်ခွင့် ပြုဖို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က စီစဉ်နေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ပရိတ်သတ်တွေကို သီချင်းဆိုတာ၊ ကျယ်လောင်စွာ အားပေးတာ နဲ့ အရက်သေစာ သောက်သုံးခွင့်ကို ပိတ်ပင် သွား ဖွယ် ရှိတယ်လို့ Mirror က ဆိုပါတယ်။
0-havertz
IMAGE: GOAL
⚽ လီဗာပူးအသင်း က ကစားသမား ဖြစ်တဲ့ အင်ဒီ ရော်ဘတ်ဆင် ကတော့ ဒီနှစ် ပရီးမီးယားလိဂ် ဖလားက ယှဉ်ပြိုင်ဖို့ ခက်ခဲမှာ ဖြစ်ကြောင်း ချဲလ်ဆီး အသင်းက ပရီးမီးယားလိဂ်ကို စိန်ခေါ်နိူင်မယ့် အသင်းကောင်း ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
tanguy-ndombele-refusing-to-give-up-on-euro-2020-dream-with-france-7-mlmqnokt5kb814drfzcoa3fgp
IMAGE: GOAL
⚽ စပါးအသင်းကို ပေါင် ၆၄ သန်းနဲ့ ပြောင်းလာခဲ့ပေမယ့် မော်ရင်ညို အသင်းရဲ့ ချောင်ထိုးထားခံရတဲ့ ဒွမ်ဘီလီ ကတော့ လာမယ့် ယူရို ၂၀၂၀ မှာ ပြင်သစ် အသင်း အတွက် ကစားပေးဖို့ မျှော်လင့်နေဆဲ ဖြစ်ကြောင်း GOAL က ဖော်ပြလိုက်ပါတယ်။
yevhen-konoplyanka-of-ukraine-in-action-during-the-czech-republic-vs-ukraine-football-champions-le
IMAGE: GOAL
⚽ ဗလန်စီယာ အသင်းက ရှက်ခါ ဒိုးနက် တောင်ပံ ကစားသမား ယက်ဟင် ကိုနိူပလန် ကာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒီ ကစားသမားက ရှက်ခါ ဒိုးနက်မှာ ပုံမှန် ကစားခွင့် ပျောက်နေတာကြောင့် အသင်း ပြောင်းချင်တာလို့လည်း ဆိုပါတယ်။
Eddie-Nketiah-Arsenal
IMAGE: GOAL
⚽ အက်ဒီ အင်ကီတီယာ က လာမယ့် ဇန်နဝါရီမှာ အသင်းကနေ အငှား နဲ့ ထွက် ကစားဖို့ အတွက် အာဆင်နယ် အသင်းကို တောင်းဆိုသင့်တယ်လို့ ကစားသမား ဟောင်း ကယ်ဗင် ကင့်ဘဲလ်က ပြောကြားလိုက်ပါတယ်။ အက်ဒီ အနေနဲ့ ကစားသမား ဘ၀ တိုးတက်ဖို့ သာမက ကိုယ့်ကိုယ်ကို ယုံကြည်မှု များလာအောင် အတွေ့ အကြံရအောင် အသင်းကနေ အငှားထွက် ကစားသင့်တယ်လို့ဆိုပါတယ်။
NINTCHDBPICT000536408349
IMAGE: GOAL
⚽ ဝက်စ်ဟမ်း အသင်းက လိုင်ယွန် တိုက်စစ်မှူး မော်ဆာ ဒမ်ဘီလီ ကို ခေါ်ယူဖို့ စိတ်ဝင်စားဆဲ ဖြစ်တယ်လို့ France Football က ဖော်ပြလိုက်ပါတယ်။ ဒီကစားသမား ကို လာမယ့် ဇန်နဝါရီမှာ အရ ခေါ်ယူသွားဖို့ စီစဉ်နေပြီး သူ့ အတွက် ပေါင် သန်း ၃၀ ခန့် ပေးချေရဖွယ် ရှိတယ်လို့ဆိုပါတယ်။ ဒမ်ဘီလီ က ဒီရာသီမှာ ပုံစံ ကောင်းပျောက်ဆုံး နေပြီး ၁၁ ပွဲ ကစားပေမယ့် တစ်ဂိုးမှ သွင်းယူနိူင်ခြင်း မရှိသေးပါဘူး။
samuel-chukwueze-villarreal-2019-20-160yo6q912hsf1an3w6prp0t3y
IMAGE: GOAL
⚽ လီဗာပူး အသင်း နဲ့ အဲဗာတန် တို့က ဗီလာ ရီးရဲလ် တိုက်စစ်မှူး ဖြစ်တဲ့ ဆမ်မြူရယ် ချက်ဝီဇီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ La Razon က ဖော်ပြလိုက်ပါတယ်။ ဒီကစားသမား ကို ပေါင် ၇၁ သန်း ပေးချေရမှာဖြစ်ပြီး သူက အသင်းအတွက် ၁၁ ပွဲ ကစားမှ ၁ ဂိုးသာ သွင်းယူနိူင်ထားတာဖြစ်ပါတယ်။
cristiano-ronaldo-doesnt-receive-special-treatment-juventus-andrea-pirlo-7-wkxlrcqqjzff1o7s1pzbvj8fn
IMAGE: GOAL
featureimage-3
IMAGE: GOAL
0-havertz
IMAGE: GOAL
⚽ လီဗာပူးအသင်း က ကစားသမား ဖြစ်တဲ့ အင်ဒီ ရော်ဘတ်ဆင် ကတော့ ဒီနှစ် ပရီးမီးယားလိဂ် ဖလားက ယှဉ်ပြိုင်ဖို့  ခက်ခဲမှာ ဖြစ်ကြောင်း ချဲလ်ဆီး အသင်းက ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ့် အသင်းကောင်း ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
IMAGE: GOAL
IMAGE: GOAL
Eddie-Nketiah-Arsenal
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!