[ZAWGYI] အင်္ဂလန်လူယ်ကစားသမားဆန်ချိုကို မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေပြီး လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ အားထုတ်လာဖွယ်ရှိနေပေမယ့် အဆိုပါ အပြောင်းအရွှေ့ အမှန်တကယ် အကောင်အထည်ပေါ်လာဖို့ကတော့ ခက်ခဲလိမ့်မယ်လို့ Goal က သုံးသပ်လိုက်ပါတယ်။ မကြာသေးခင်ရက်ပိုင်းတုန်းက ဒေါ့မွန်အသင်းရဲ့အားကစားဒါရိုက်တာဖြစ်တဲ့ မိုက်ကယ်ဇော့က အသင်းရဲ့လူငယ်ကြယ်ပွင့် ဂျေဒန် ဆန်ချိုဟာ လာမယ့်ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ပြောဆိုသွားခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က စိတ်ဝင်စားမှုပြသထားပါတယ်။ "ဆန်ချိုရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ထားတာမျိုးတော့မရှိပါဘူး၊ ဒါပေမယ့် သူ ဒေါ့မွန်အတွက် နောက်ထပ်ငါးနှစ်ထပ်ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါကိုသိဖို့အတွက် ခင်ဗျားရှေ့ဖြစ်ဟောဆရာဖြစ်လို့မလိုပါဘူး၊…
reading now