[Unicode] စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကတော့ တိုနီကရူးလ်ရဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့အတူ ချန်ပီယံလိဂ်အုပ်စုတွင်း နိုင်ပွဲတပွဲကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ နည်းပြဇီဒန်းဟာ ကွင်းလယ်ပိုင်းကို ဗယ်လ်ဗာဒီ၊ ကက်စမဲရိုး၊ ကရူးလ်တို့နဲ့ တည်ထားခဲ့ပြီး တိုက်စစ်ပိုင်းမှာ ဟာဇက်၊ ဘင်ဇီမာနဲ့ ရိုင်ဒရီဂိုတို့ကို တွဲဖက်ပေးခဲ့ပါတယ်။ ခံစစ်ပိုင်းကိုတော့ ရာမို့စ်၊ ဗာရန်း၊ မာဆယ်လိုနဲ့ ကာဗာဂျယ်လ်တို့က တာဝန်ယူခဲ့ကြပြီး ဂိုးကတော့ ကော်တိုအာနဲ့ ပွဲထွက်လာခဲ့တာပါ။ ဒါပေမယ့်လည်း ရီးယဲလ်ရဲ့ကစားဟန်ဟာ ဒီနေ့ပွဲမှာ အကောင်းဆုံးမဖြစ်ခဲ့ဘဲ လိုအပ်ချက်တချို့ရှိခဲ့ပါတယ်။ ဂါလာတာစာရေးဟာ အိမ်ကွင်းမာတဲ့အသင်းပီပီ ရီးယဲလ်မက်ဒရစ်ကို ရှိန်မနေဘဲ တုံ့ပြန်ကစားခဲ့တာကြောင့်…
reading now