[ZawGyi] ချယ်လ်ဆီးနည်းပြဆာရီကတော့ ဂျူဗင်တပ်အသင်းနဲ့ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေကို သူဟာ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိလိုနေတယ်လို့ ဖွင့်ဟခဲ့ကာ အရိပ်အမြွက် ငြင်းဆိုခဲ့ပါတယ်။ အီတလီသားနည်းပြကြီးဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ခြင်္သေ့ပြာတို့အတွက် ဒီနှစ်ရာသီကို ဆုဖလားတလုံးနဲ့ အဆုံးသတ်ပေးခဲ့ပါတယ်။ တိုက်စစ်ကစားသမား အေဒင်ဟာဇက်ရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ဂိုး (၂)ဂိုးအပြင် ဂျရူးနဲ့ ပတ်ဒရိုတို့ရဲ့ သွင်းဂိုးတွေက ချယ်လ်ဆီးအသင်းကို အနိုင်သေချာစေခဲ့တာဖြစ်ပြီး ဆာရီရဲ့ပထမဆုံးရာသီကို အောင်မြင်မှု ရစေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့် (၃)နေရာမှာ…

reading now

၁။ အီဒင် ဟာဇက်ကဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့အကြားမှာ ပေါင် ၁၁၅ သန်းတန် သဘောတူညီချက်လည်း ရရှိထားပြီလို့ဆိုပါတယ်။ ၂။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ Corriere dello…

reading now

[ZawGyi] တိုက်စစ်ကစားသမား အေဒင်ဟာဇက်ကတော့ ချယ်လ်ဆီးအသင်းနဲ့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပြီဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။ မနေ့ညက အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ကစားနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့တဲ့ပွဲစဉ်ဟာ ဘယ်လ်ဂျီယံသားအတွက် ခြင်္သေ့ပြာကစားသမားဘဝတလျှောက် နောက်ဆုံးပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ အဆိုပါပွဲမှာ သွင်းဂိုး (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသက် (၂၈)နှစ်သားက သူ့အနေနဲ့ ယတိပြတ်ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်ကြောင်းနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ဖွင့်ဟလာခဲ့တာပါ။ " ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အဆုံးအဖြတ်ဖြစ်သွားဖို့ ရှိနေပါတယ်။ အခုချိန်မှာတော့ ဒီဖိုင်နယ်ပွဲစဉ်ပဲ ကျွန်တော် ခေါင်းထဲမှာ…

reading now

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်က သူ့ရဲ့ ခြေစွမ်းဟာ နည်းပြဟောင်း အာဆင်ဝင်းဂါးလက်ထက်မှာထက် နည်းပြသစ်အူနိုင်း အမ်မရီရဲ့ လက်အောက်မှာ ပိုမိုကောင်းမွန်လာတယ်လို့ Evening Standard နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လာကာဇက်ကို အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီးက ၂၀၁၇-၁၈ ရာသီမှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အသုံးပြုပြီး လိုင်ယွန်အသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အဆိုပါရာသီမှာတုန်းက ၁၇ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာတော့ လာကာဇက်ဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး…

reading now

[ZawGyi] ပွဲချိန်မိနစ် (၉၀)ပြည့်ခဲ့တဲ့အချိန်မှာတော့ ဘာကူမြို့ရဲ့ အိုလံပစ်ကွင်းကြီးထဲမှာ အပြာရောင်တွေ စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ နည်းပြဆာရီဟာ ရုန်းကန်မှုတွေကြားကပဲ ခြင်္သေ့ပြာတို့အတွက် ဆုဖလားတလုံးရယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ဂုဏ်သိက္ခာပိုင်းကို ထိန်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးဟာ ကာလရှည်ဒဏ်ရာရနေသူတွေကလွဲလို့ လူစုံတက်စုံနဲ့ ပါဝင်လာနိုင်တာကိုတွေ့ရပြီး အိုလံပစ်ကွင်းကြီးထဲမှာ အင်ပြည့်အားပြည့် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ပွဲစတယ်ဆိုကတည်းက ထုံးစံအတိုင်း ဘောလုံးကိုင်ကစားပြီး ပွဲရှိန်အတက်အကျကို ထိန်းကစားသွားဖို့ စတင်ကြိုးစားခဲ့ပါတယ်။ ဒီပုံစံဟာ ဆာရီရဲ့စိတ်ကြိုက်ပုံစံပါပဲ။ အာဆင်နယ်အသင်းက သူတို့ရဲ့ပုံစံတကျကစားကွက်ကိုပဲ ထိန်းကစားဖို့ ကြိုးစားခဲ့ပေမယ့် မစ်လန်းနိုင်းစ်ရဲ့ညာခြမ်းက မကြာခဏဆိုသလို ပုံစံပျက်ယွင်းနေတာကို တွေ့ခဲ့ရပြီး တန်ပြန်တိုက်စစ်လည်း…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှုတွေနဲ့ယဉ်ပါးနေတဲ့အသင်းဖြစ်ပြီး အာဆင်နယ်အသင်းလို ဖလားလက်မဲ့အသင်းမဟုတ်ဘူးဆိုပြီး နောက်ခံလူ အလွန်ဆိုက လှောင်ပြောင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဆင့် (၃)နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ ခြင်္သေ့ပြာတို့ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို အမိအရဆုပ်ကိုင်ထားပြီး ဂန်းနားတို့ကတော့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်မှသာ ချန်ပီယံလိဂ်ဝင်မယ့် အနေအထား ဖြစ်နေပါတယ်။ (၂၀၀၄)ခုနှစ်မှာ ရုရှသူဌေး ရိုမန်အေဘရာမိုဗစ်ခ်ျ ဝယ်ယူပြီးကတည်းက ချယ်လ်ဆီးအသင်းဟာ ဆုဖလားတွေ ဆက်တိုက်ရယူနိုင်ခဲ့ပြီး ဒီနှစ်ရာသီ နည်းပြဆာရီလက်ထက်မှာလည်း ဆုဖလားအောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ဖလားကို ပစ်မှတ်ထားနေနိုင်ပါတယ်။ အလွန်ဆိုကတော့ ဒီနှစ်ရာသီ ချယ်လ်ဆီးအတွက် နောက်ဆုံးပွဲစဉ်ကို အနိုင်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး…

reading now

[ZawGyi] အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာသာ ချယ်လ်ဆီးအသင်းကို အနိုင်ရရှိပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ပေါင်သန်း (၁၄၀)အထိ ရရှိနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ တကယ်လို့ အာဆင်နယ်အသင်းသာ ယူရိုပါလိဂ်ရကာ နောက်နှစ်ရာသီချန်ပီယံလိဂ်ဝင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ပြုတ်ခဲ့ရင်တောင်မှ အနည်းဆုံး ပေါင်သန်း (၉၀) ရရှိဖို့ သေချာနေပါတယ်။ ဂန်းနားတို့သာ နောက်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခဲ့ရင် ရရှိမယ့်ဆုကြေးက ဒီနှစ်ရာသီ ယူရိုပါလိဂ်ဖလားဗိုလ်စွဲတာထက် ပိုမိုများပြားနေမှာ သေချာနေသလို နည်းပြအမ်မရီအတွက်လည်း အသုံးစားရိတ်တွေ ပိုရလာဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ဘာကူမြို့မှာသာ…

reading now

[ZawGyi] မန်ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ ဒီနေ့ည ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကိုပဲ အားပေးသွားမယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ လန်ဒန်မြို့ခံကလပ်အသင်းတွေဖြစ်ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အဇျာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ရဲ့ အိုလံပစ်ကွင်းကြီးထဲမှာ ဥရောပအဆင့်ဗိုလ်လုပွဲကို ဆင်နွှဲရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နည်းပြဆာရီရဲ့ပထမဆုံးရာသီမှာ ဆုဖလားရရှိဖို့အတွက် ကစားသွားမှာဖြစ်သလို အာဆင်နယ်အသင်းကလည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ဂန်းနားတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုမှာ အဆင့် (၅)နေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့အတွက် ဒီနေ့ဗိုလ်လုပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တခုတည်းသော အခွင့်အရေး ဖြစ်လာခဲ့တာပါ။ ဒါပေမယ့်လည်း သရဲနီတို့ရဲ့…

reading now

[ZawGyi] ၁။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါက အသင်းအနေနဲ့ ချန်ပီယိံဂ်ပြိုင်ပွဲနဲ့ ၃ နှစ်ဆက်တိုက် ဝေးကွာရတဲ့အဖြစ်မျိုးမဖြစ်အောင် စွမ်းဆောင်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဖလားကိုသာ အရမယူနိုင်ခဲ့ဘူးဆိုရင် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကိုပဲ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ "ကျွန်တော်တို့အတွက် ဒီရာသီက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲမှာ ရလဒ်ဆိုးတွေကြုံခဲ့ရတာမို့ အသင်းရည်မှန်းထားတဲ့ ပစ်မှတ်နဲ့ ကပ်ပြီး လွဲချော်သွားခဲ့ပါတယ်။ တကယ်လို့များ ကျွန်တော်တို့ ယူရိုပါလိဂ်ဖလားကို…

reading now

ချယ်လ်ဆီးအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေကြီးနေတဲ့ တောင်ပံကစားသမား အီဒင် ဟာဇက်က ယူရိုပါလိဂ် ဆုဖလားကို ရယူပေးတာဟာ အသင်းကို အကောင်းဆုံးနှုတ်ဆက်နိုင်မယ့်နည်းလမ်းဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း The Mirror သတင်းစာက ဖော်ပြလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟာဇက်ဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးညမှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ သူ့အတွက် ချယ်လ်ဆီးကစားသမားဘဝ နောက်ဆုံး ပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။ အာဆင်နယ်ကို အနိုင်ယူပြီး ဆုဖလားကို သိမ်းပိုက်တာဟာ…

reading now

error: Content is protected !!