[UNICODE] ⚽ အလန်စမစ်ကတော့ လက်ရှိချယ်ဆီးနည်းပြ လမ်းပတ်ရဲ့ နေရာအစားထိုးဖို့အတွက် အသင့်တော်ဆုံးသူက ဆောက်သမ်တန်နည်းပြ ဟတ်ဆန်ဟူဒယ်ဖြစ်ကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။ ⚽ ချယ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ ချယ်ဆီးအနေနဲ့ ဒမ်ဘီလီကို မန်ချက်စတာယူနိုက်တက် ၊ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်တို့နဲ့အပြိုင် ကြိုးပမ်းသွားရမှာပါ။ ⚽ ချယ်ဆီးနည်းပြလမ်းပတ်ဟာ အသက်အရွယ်အရ အကျပိုင်းကိုရောက်နေပြီဖြစ်တဲ့ ဗဟိုနောက်ခံလူ သီယာဂိုဆေးလ်ဗားရဲ့နေရာကို ရေရှည်အစားထိုးဖို့ လိုက်ပဇစ်နောက်ခံလူ အူပါမီကာနိုကို ပစ်မှတ်ထားနေပါတယ်။ ⚽ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ မေဆင်မောင့်နဲ့…
reading now