၁။ အာဆင်နယ်အသင်းရဲ့ နည်းပြ အမ်မရီဟာ ဝီလီယံ ဆာလီဘားကို ခေါ်ယူပြီးတဲ့နောက်မှာ အငှားပြန်ချမှာဖြစ်တာကြောင့် နောက်ထပ်ခံစစ်မှူး တစ်ဦးထပ်မံခေါ်ယူဦးမှာဖြစ်တယ်လို့ သိရပါတယ်။ အမ်မရီဟာ လက်ရှိအသင်းက ခံစစ်ဗဟိုမှာ ဟိုးလ်ဒင်းနဲ့ ဆိုကရားတစ်တို့ကလွဲပြီး တခြားကစားသမားတွေရဲ့ ခြေစွမ်းကို ကျေနပ်အားရမှုမရှိသေးတာကြောင့် ခုလို ကစားသမားသစ်ခေါ်ယူဖို့ စီစဉ်နေတာလို့ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂။ အာဆင်နယ်အသင်းဟာ မက်ဒရစ်အသင်းရဲက ကွင်းလယ်လူ ဒန်နီ စီဘာလော့စ်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးကောင်းနေတယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ ဥရောပ ယူ-၂၁ ချန်ပီယံ…

reading now

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ဘာစီလိုနာအသင်းနဲ့ အပြိုင် ခေါ်ယူဖို့ စတင်ကြိုးပမ်းလာနေပြီဖြစ်တယ်လို့ စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Goal က ဖော်ပြလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ နေမာကို ခေါ်ယူဖို့ ယခုရာသီစချိန်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပြိး ဆွေးနွေးမှုတွေလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဖရန်ကီ ဒီယောင်ကို ခေါ်ယူထားသလို အန်တွိုင်း ဂရစ်ဇ်မန်းကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် နေမာကို ခေါ်ယူရာမှာ ငွေသား သီးသန့်ပေးချေဖို့ထက် ကစားသမားအလိုက်ပေးချေ ခေါ်ယူဖို့ အဓိကထားကြိုးပမ်းနေပါတယ်။ လက်ရှိအချိန်မှာတော့…

reading now

ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ထားတာကြောင့် ကစားသမားသစ် ခေါ်ယူခွင့် မရှိတာမို့ ကစားသမားရောင်းချဖို့ ချင့်ချိန်မှုတွေ ပြုလုပ်နေပေမယ့် ကွင်းလယ်လူ တီမူး ဘာကာယိုကို ကိုတော့ ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ talkSPORT သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေကလပ် အေစီမီလန်အသင်းဆီ အငှားထွက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဘာကာယိုကိုဟာ ရာသီကုန်မှာ ဆန်စီရိုအသင်းကို အပြီးသတ်မပြောင်းရွှေ့ဘဲ စတန်းဖို့ဒ်ဘရစ်ခ်ျမှာပဲ ပြန်လာခဲ့သူဖြစ်ပြီး စတင်ရောက်ရှိလာချိန်တုန်းက အသင်းမှာ တိုက်ပွဲဝင်သွားမယ်လို့ ဆိုခဲ့သူဖြစ်ပါတယ်။ အေစီမီလန်အသင်းမှာ ခြေစွမ်းပြကစားပြီး ပရိသတ်အချစ်တော်ဖြစ်ခဲ့တာမို့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့…

reading now

အသက် ၃၇ နှစ် ရှိပြီဖြစ်တဲ့ Michael Cooney တစ်ယောက် မန်ချက်စတာမြို့  Midland ဟော်တယ်မှာလုပ်နေတဲ့ လေလံပွဲကို ရောက်ရှိနေပါတယ်။ သူက အာဂျင်တီးနားတိုက်စစ်မှူး အဂူရို လက်မှတ်ထိုးထားတဲ့ မန်စီးတီး ဂျာစီကို ပေါင် ၂၀၀ နဲ့  လေလံတင်ပြီး ၀ယ်ယူခဲ့ပြီးနောက်မှာ လူတွေ မထင်မှတ်တာ ပြုလုပ်ခဲ့ပါတယ်။ သူက ချက်ချင်းပဲ အဲ မန်စီးတီး ဂျာစီကို လက်ခံရယူပြီးနောက်မှာတော့ ၂ ပိုင်းဖြစ်အောင်ဖြဲလိုက်ပါတယ်။ ပြီးတော့ ခြေထောက်နဲ့  နင်းပြီး…

reading now

၁။ ရီးရဲလ် ဆိုစီဒက်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ နာချို မွန်ရီယယ်ကို လက်လျှော့ခြင်းမရှိသေးပဲ ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ မွန်ရီယယ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကမှ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားသူဖြစ်ပါတယ်။ ၂။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက သူတို့အသင်းဟာ ဈေးကွက်ထဲမှာ ရှိနေဆဲဖြစ်ပြီး ကစားသမားသစ်တွေ ခေါ်ယူဦးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ "ကျွန်တော်တို့ ဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူဖို့ ရှာဖွေနေဆဲဖြစ်ပါတယ်။ ကျွန်တော် စိတ်ရှည်ရှည်ထားပြီး ရှာဖွေသွားမှာပါ။ ကျွန်တော်တို့က မန်ယူအသင်းပါ။ ကျွန်တော်တို့ ကစားသမားတွေ…

reading now

အီတလီ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အင်တာမီလန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ တရားဝင် စတင်ကြိုးပမ်းလာခဲ့ပြီလို့ သိရပါတယ်။ အင်တာမီလန်အသင်းက ဒါရိုက်တာတစ်ချို့ဟာ လူကာကူရဲ့ အပြောင်းအရွှေ့အတွက် အင်္ဂလန်ကို ရောက်ရှိနေပြီး ပထမဆုံးအကြိမ် ကမ်းလှမ်းမှုကို ယူရို သန်း ၇၀ နဲ့ စတင်ပြုလုပ်လိုက်တာဖြစ်ပါတယ်။ အဆိုပါ ကမ်းလှမ်းချက်အရ အင်တာမီလန်အသင်းဟာ လူကာကူကို ပထမတစ်ရာသီကို အငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပြီးတော့ ယင်းအတွက် ယူရို ၁၀ သန်းပေးချေသွားမှာဖြစ်ပါတယ်။ အဆိုပါရာသီပြီးဆုံးချိန်မှာ အပြီးသတ်ခေါ်ယူမှာဖြစ်ပြီး နောက်ထပ် ယူရို…

reading now

Sky Sports ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဝီးလ်ဖရက်ဒ် ဇာဟာအနေနဲ့ လန်ဒန်ကလပ်ထံ ပြောင်းရွှေ့ခွင့်ရဖို့ အခွင့်အရေးရှိမရှိကို သံသယဝင်လာနေခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇာဟာရဲ့ မိခင်ကလပ်ဖြစ်တဲ့ ပဲလေ့စ်အသင်းဟာ အဆိုပါကစားသမားရဲ့ တန်ကြေးကို မူလက ပေါင် သန်း ၈၀ သတ်မှတ်ထားရာကနေ ယခုအခါမှာ ပေါင် သန်း ၁၀၀ အထိ မြှင့်တင်လိုက်ပြီဖြစ်သလို ကစားသမားအလိုက်ပေးကမ်းလှမ်းလာမယ်ဆိုရင်လည်း လက်ခံမှာမဟုတ်ဘူးလို့ အာဆင်နယ်အသင်းထံ အသိပေးထားကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ ယမန်နေ့က ပြန်လည်စတင်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့…

reading now

League of Talents လို့ နာမည်ကြီးတဲ့ ပြင်သစ် လီဂူး-၁ ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်တဲ့ စိန့်အန်တီယန် ခံစစ်မှူး ဝီလီယံ ဆာလီဘားဟာ အာဆင်နယ်အသင်းထံ ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း ထိပ်တန်းမီဒီယာတွေက အတည်ပြုခဲ့ကြပြီးဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ဒေါ့မွန်နဲ့ မြို့ခံပြိုင်ဘက် စပါးတို့အပါအဝင် နာမည်ကျော် အသင်းတစ်ချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ ဆာလီဘားဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဗာရန်းလက်သစ်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ခြင်းခံထားရသူဖြစ်ပြီး အမ်ဘာပေနောက်ပိုင်း ပြင်သစ်ဘောလုံးလောကရဲ့ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့်ဖြစ်လာမယ်လို့လည်း မှတ်ချက်ပြုခြင်းခံထားရသူဖြစ်သလို ဒီလစ်ခ်ျ၊ ဆန်ချို၊ ဇာနီယိုလိုတို့နဲ့…

reading now

မန်ယူအသင်းဟာ ပေါ့ဘာကို ပေါင်(၈၉.၃)သန်းနဲ့ ခေါ်ခဲ့တုန်းက လက်ခုပ်တီးကြိုဆိုခဲ့သူတွေရှိသလို၊ ဝေဖန်ခဲ့သူတွေလည်းရှိခဲ့ကြတယ်။ ဂျူဗင်တပ်စ်အသင်းမှာ မထင်မှတ်လောက်အောင် ခြေစွမ်းပြနေတဲ့ ပေါ့ဘာကို ပြန်ခေါ်ခဲ့လို့ အသင်းကွင်းလယ်အတွက် အားရစရာကောင်းတယ်လို့ ပြောလို့ရမှာဖြစ်ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ပေါ့ဘာရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေက မေးခွန်းထုတ်စရာဖြစ်လာခဲ့တယ်။ ကွင်းတွင်းခြေစွမ်းက ထိပ်တန်းစာရင်းဝင်ဖြစ်ပေမယ့် ပေါ့ဘာဟာ မန်ယူကို တကယ်ချစ်လို့ ပြောင်းလာခဲ့တာလားဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်လာပြီးနောက်ပိုင်း ပေါ့ဘာရဲ့ ခြေစွမ်းက မထင်မှတ်လောက်အောင် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အခုနွေရာသီအပြောင်းအရွှေ့မှာလည်း အသင်းက ထွက်မယ်လို့ တစ်ချိန်လုံးပြောနေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပေါ့ဘာရဲ့…

reading now

ဘာစီလိုနာအသင်းရဲ့ ပူပူနွေးနွေး ကွင်းလယ်လူသစ် ဖရန်ကီ ဒီယောင်က သူ့အနေနဲ့ အာဆင်နယ်အသင်းမှာ ကစားခွင့်ရဖို့ အိပ်မက်ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဒီယောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှ ဟော်လန်ချန်ပီယံ အေဂျက်စ်အသင်းကနေ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၆၅.၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ အဆိုပါ ပြောင်းရွှေ့ကြေး ပမာဏကြောင့်ပဲ ဒီယောင်ဟာ နယ်သာလန်ဘောလွုံးသမိုင်းမှာ တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် စံချိန်ဝင်သွားခဲ့ပါတယ်။ အေဂျက်စ်အကယ်ဒမီထွက် ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဖရန်ကီ…

reading now

error: Content is protected !!