၁။ ဂျူဗင်တပ်နည်းပြ မော်ရီဇီယို ဆာရီဟာ အသင်းက ဝါရင့်ကွင်းလယ်လူ ဆမ်မီ ခီဒီရာကို အသင်းကနေ ထွက်ခွာခိုင်းတော့မှာဖြစ်ပါတယ်။ ဆာရီဟာ အဆိုပါ ဂျာမန်သားရဲ့ ဒါဏ်ရာရလွယ်မှုကို သဘောမကျတာကြောင့်လို့ သိရပါတယ်။ ၂။ အီတလီ ဂန္တဝင် ဂိုးသမားကြီး ဘူဖွန်ကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် လိစ်ဒ်ယူနိုက်တက်အသင်းကလည်း ချဉ်းကပ်နေပါတယ်။ ၃။ ဘာစီလိုနာကွင်းလယ်လူ အာတူရို ဗီဒယ်ဟာ တရုတ်ကလပ်တွေဆီက ကမ်းလှမ်းမှုတွေကိုလက်ခံရရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့ပြီး နူကမ့်ပ်မှာ ဆက်နေဖို့သာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ၄။ ရီးရဲလ်ဆိုစီဒက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းက ကွင်းလယ်လူ မာတင်…

reading now

[ZawGyi] ၁။ လက်စတာနောက်ခံလူ ဟယ်ရီမက်ဂွိုင်းရားဟာ မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက်မှာ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူ ဖြစ်လာဖို့ ရှိနေပါတယ်။ ၂။ တိုက်စစ်ကြယ်ပွင့်လေး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေတဲ့ မန်ယူနိုက်တက်ဟာ လက်ရှိစာချုပ်ထဲမှာပါဝင်တဲ့ လုပ်ပိုင်ခွင့်ကို အသုံးချကာ အရင်ဆုံး (၁၂)လသက်တမ်းတိုးသွားမယ်လို့ သိရပါတယ်။ ၃။ မန်ယူနိုက်တက်အသင်းဟာ စပိန်ကလပ် ရီးယဲလ်ဘက်တစ်အသင်းရဲ့ အသက် (၂၂)နှစ်အရွယ် ဘယ်နောက်ခံလူ ဂျူနီယာဖာပိုကို လီဗာပူးလ်အသ်ငးနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ ၄။ စပိန်ထိပ်သီးကလပ်…

reading now

[ZawGyi] ဂန္ထဝင်ကစားသမားကြီး ဖရန့်ခ်လမ်းပတ်ဟာ လာမယ့် (၄၈)နာရီအတွင်း ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာတော့မယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ဒါဘီအသင်းမှာ သူ့ရဲ့လက်ထောက်နည်းပြလည်းဖြစ်၊ ချယ်လ်ဆီးကစားသမားဟောင်းလည်းဖြစ်တဲ့ ဂျိုဒီမောရစ်ကိုပါ စတန်းဖို့ဒ်ဘရစ်ခ်ျဆီ ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်။ နည်းပြဆာရီတယောက် စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းဆီ ထွက်ခွာသွားပြီးကတည်းက အသက် (၄၁)နှစ်သားဟာ ခြင်္သေ့ပြာတို့ရဲ့ ဦးဆောင်သူဖြစ်လာလိမ့်မယ်လို့ သတင်းတွေကြီးလာခဲ့တာပါ။ လမ်းပတ်ဟာ ဒါဘီအသင်းကို ပြီးခဲ့တဲ့ရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့ အနီးစပ်ဆုံးနေရာအထိ တွန်းတင်ပေးနိုင်ခဲ့ပေမယ့် လိဂ်ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာကို အရေးနိမ့်ခဲ့တာကြောင့်သာ တန်းတက်ခွင့်နဲ့…

reading now

၁။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် လောရင့် ကိုစီယယ်နီကို အသင်းမှာ ဆက်လက်ထိမ်းသိမ်းထားဖို့ ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါကစားသမားကို ခေါ်ယူဖို့ လိုင်ယွန်အသင်းက ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားသလို ဘော်ဒိုးအသင်းကလည်း ချဉ်းကပ်နေပါတယ်။ အာဆင်နယ်အသင်းဟာ ၃၃ နှစ်အရွယ် ခံစစ်မှူးအတွက် ပေါင် ၁၀ သန်းအထိ အလိုရှိနေသလို စာချုပ်သက်တမ်းတိုးဖို့ကိုလည်း စဉ်းစားနေတယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြခဲ့ပါတယ်။ ၂။ မိန့်ဇ်နောက်ခံလူ ဂျင်း ဖီလစ်ပီ ဂဘာမင်ရဲ့ အေးဂျင်းဖြစ်သူက သူနဲ့…

reading now

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီယယ် ဂျီဆုဟာ လာမယ့်ရာသီသစ်မှာ ကျောနံပတ်ပြောင်းလဲဝတ်ဆင်သွားမှာဖြစ်ပြီး ယခင်တုန်းက အဒီဘာယော၊ နိုလီတို၊ နီဂရီတိုတို့ ဝတ်ဆင်ခဲ့တဲ့ ကျော့နံပါတ် ၉ ကို ပြောင်းလဲဝတ်ဆင်ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းရဲ့ ကျောနံပါတ် ၉ ဟာ ကျိန်စာသင့်နံပါတ်လို့ ပရိတ်သတ်တွေက ပြောဆိုနေကြတဲ့ နံပါတ်ဖြစ်ပြီး အဆိုပါ နံပါတ်ကို ဝတ်ဆင်ပြီး ကစားခဲ့တဲ့သူအများစုဟာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ခြင်းမရှိပဲ ကစားသမားဘဝ မှေးမှိန်သွားရသူတွေချည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ကျောနံပါတ် ၉ ကို နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ နိုလီတို ၊ နီဂရီဒို ၊…

reading now

၁။ ကိုင်လီယန် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းကို မကြာခင်မှာ ရောက်လာလိမ့်မယ်လို့ ရီးရဲလ်တောင်ပံကြယ်ပွင့် ဗီနီးစီးယပ်စ် ဂျူနီယာက ပြောဆိုလိုက်ပါတယ်။ "သူ့ရဲ့ အနာဂတ်က ဒီမှာပါ။ သူမကြာခင်မှာ ပြောင်းရွှေ့လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ကျွန်တော့်စိတ်ကူးဖြစ်သလို ပရိတသတ်တွေအားလုံးရဲ့ အိပ်မက်လည်းဖြစ်ပါတယ်။ သူသာရောက်လာမယ်ဆိုရင် အရာအားလုံးဟာ ပိုမိုလှပသွားမှာပါ" လို့ ဗီနီးစီးယပ်စ်က ပြောဆိုခဲ့ပါတယ်။   ၂။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အာဆင်နယ်အသင်း ပစ်မှတ်ထာခဲ့တဲ့ ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းက တောင်ပံကစားသမား လီအန်ဒရို ထရော့ဆက်ဟာ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းထံ ပြောင်းရွှေ့ဖို့…

reading now

မန်ယူအသင်းအနေနဲ့ ပြဿနာကစားသမားဖြစ်နေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ရောင်းထုတ်ပြီး အာဆင်နယ်လူငယ်ကြယ်ပွင့် မက်တီယို ဂွမ်ဒူဇီလို လူငယ်ကြယ်ပွင့်မျိုးနဲ့ ပြန်လည်အစားထိုးသင့်တယ်လို့ လီဗာပူးလ် ဂန္တဝင်ကစားသမားဟောင်း စတန် ကိုလီမိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ အတိတလင်း ဝန်ခံထားသူဖြစ်ပြီး သူ့ကို ဆက်လက်ထိမ်းသိမ်းထားဖို့ကိစ္စဟာ အိုးလ်ထရက်ဖို့ဒ်က တာဝန်ရှိသူတွေအတွက် ခေါင်းခြောက်စရာကိစ္စတစ်ခုဖြစ်လို့နေပါတယ်။ "တကယ်လို့ ပေါ့ဘာကို ရောင်းချနိုင်မယ်ဆိုရင် ဆိုးလ်ရှားတစ်ယောက် ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံအများကြီး ရရှိလာမှာပါ။ ပြီးခဲ့တဲ့ရာသီတွေတုန်းကလို ဂယ်လက်တီကိုစတိုင် လူခေါ်ယူမှုတွေနဲ့ မတူညီတဲ့ နည်းလမ်းကို လျှောက်လှမ်းဖို့…

reading now

မန်ယူအသင်းက ကစားသမားတစ်ချို့ဟာ ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာတစ်ယောက် အသင်းမှာ ဆက်ပြီးရှိနေမှာကို လိုလားမှုမရှိဖြစ်နေတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။ ပေါ့ဘာကို မလိုလားတဲ့ကစားသမားတွေဟာ အဆိုပါ ၂၆ နှစ်အရွယ် ပြင်သစ်သားအနေနဲ့ မန်ယူအသင်းကောင်းကျိုးအတွက် အသင်းကနေ ထွက်ခွာသင့်နေပြီလို့ ယူဆနေကြကြောင်း သတင်းတွေကဆိုပါတယ်။ ပေါ့ဘာဟာ မနှစ်က ရာသီအစတုန်းကလည်း အသင်းရဲ့ နည်းပြ မော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်ခဲ့သူဖြစ်ပြီး အသင်းရဲ့ အဝတ်လဲခန်းစည်းလုံးမှုကို ပျက်ပြားစေခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း မန်ယူအသင်းသားတစ်ချို့ဟာ  ပေါ့ဘာအပေါ် အသင်းက အလွန်အကျွံ ပံ့ပိုးမှုပေးနေတဲ့ အပေါ်မှာ…

reading now

အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တွေဟာ သူတို့အသင်းကနေ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကမှ ထွက်ခွာသွားခဲ့တဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း အိုင်ဗန် ဂါဇီဒစ်ကို အကြီးအျကယ် စိတ်ဆိုးဒေါသထွက်နေကြတယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။ အကြောင်းကတော့ ဂါဇီဒစ်လက်ရှိမှာ တာဝန်ယူဦးဆောင်နေတဲ့ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ အာဆင်နယ်အသင်းက အရေးပါတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲယားကို ကာလရှည် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့ Football London ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂါဇီဒစ်ဟာ အာဆင်နယ်အသင်းမှာ စီအီးအိုရာထူးနဲ့ ၁၀ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။…

reading now

ဂျူဗင်တပ် နည်းပြသစ်ဖြစ်လာတဲ့ ဆာရီအနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ပုဂ္ဂိုလ်ရေးအရ သီးသန့်တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။ ရော်နယ်ဒိုအနေနဲ့ လက်ရှိမှာ မိသားစုနဲ့အတူ အနားယူအပန်းဖြေနေတာ ဖြစ်တာကြောင့် ဆာရီအနေနဲ့ ရော်နယ်ဒို အနားယူအပန်းဖြေနေတဲ့ နာဗာရီနိုကျွန်းအထိ သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ အီတလီသတင်းဌာန တစ်ခုဖြစ်တဲ့ Gazetta dello Sport က ဆာရီအနေနဲ့ ရော်နယ်ဒိုဆီကနေ လာမယ့်ရာသီမှာ ဂိုး ၄၀ အထိ မြင်တွေ့လိုတဲ့အကြောင်း ပြောခဲ့တယ်လို့ ထုတ်ဖော်ရေးသားလာခဲ့ပါတယ်။ ဒါ့အပြင်…

reading now

error: Content is protected !!