မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အလက်ဆစ် ဆန်းချက်ဇ်တစ်ယောက်ကြောင့် ဆုပ်လဲစူး စားလဲရူးအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်လို့ Goal က သုံးသပ်ဖော်ပြလိုက်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းဟာ အလက်ဆစ် ဆန်းချက်ဇ်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတုန်းက မျှော်လင့်ချက်ကြီးကြီးထားပြီး မဟာပြိုင်ဘက် အာဆင်နယ်အသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူအသင်း တာဝန်ရှိသူတွေဟာ ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းအထိ ရက်ရက်ရောရော ပေးချေခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ လစာနှုန်းထားကြောင့် ဆန်းချက်ဇ်တစ်ယောက် ဖိအားတွေဝင်ပြီး လက်ရှိအချိန်အထိ ခြေစွမ်းကောင်းမပြသနိုင်သေးသို မန်ယူအသင်းမှာလည်း ကစားသမားတွေအကြား…

reading now

ချယ်လ်ဆီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာက အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရှိနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့ ဒါဘီကောင်တီ နည်းပြ ဖရန့်ခ် လမ်းပတ်နဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒါကတော့ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းနဲ့ အမှန်တကယ် ဆွေးနွေးမှုပြုလုပ်နေပြီး စိုးရိမ်စရာ အခြေအနေမရှိဘူးလို့ လန်ဒန်ကလပ်အတွက် သွင်းဂိုး ၁၆၄ ဂိုးအထိ သွင်းယူပေးခဲ့ဖူးတဲ့ တိုက်စစ်မှူးကြီးက ပြောဆိုခဲ့ပါတယ်။ လမ်းပတ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို ဒါဘီကောင်တီဘက်က အကြိမ်ကြိမ်ပယ်ချနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဒရော့ဘာက "လမ်းပတ်က…

reading now

အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူနေရာကို ဖြည့်ဆည်းဖို့အတွက် ဆဲလ်တစ်အသင်းက စကော့တလန်နောက်ခံလူ ကီယန် တိုင်ယာနီကို ခေါ်ယူဖို့ အလေးအနက်ထား ကြိုးပမ်းနေတယ်လို့ BBC Sports က ဖော်ပြလိုက်ပါတယ်။ အဆိုပါသတင်းပါ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ပထမအကြိမ်ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ အက်ဒီ နကီတီယာ၊ အီမိုင်းလ် စမစ်သ် ရိုးနဲ့ ဂျော်ဒီ အိုဆီ-တူတူတို့ထဲက တစ်ဦးကို အငှားခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းခဲ့တယ်လို့ Goal ကလည်း ဖော်ပြပါတယ်။ လက်တလောမှာ ဆဲလ်တစ်အသင်းဘက်က အဆိုပါကမ်းလှမ်းချက်ကို ပယ်ချထားပြီး…

reading now

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုက ပြိုင်ဘက်အသင်းပရိသတ်များက သူ့အပေါ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့အပေါ်မှာ ကျေနပ်နေပြီး အဆိုပါလှောင်ပြောင်မှုတွေက သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိအောင် တွန်းအားပေးမှုတစ်ခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုက ပြိုင်ဘက်ပရိသတ်တွေ သူ့အပေါ်လှောင်ပြောင်လေ၊ ပိုပြီးခြေစွမ်းပြလေ့ရှိတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ကစားသမားဘ၀မှာ ရော်နယ်ဒိုဟာ ပြိုင်ဘက်ပရိသတ်တွေရဲ့ ဝေဖန်မှု၊ လှောင်ပြောင်မှုတွေကို အမြဲတမ်းလိုလိုရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ ကွင်းအတွင်း ရော်နယ်ဒို ဘောလုံးထိတိုင်း အာရုံပျက်ပြားအောင် ပြိုင်ဘက်ပရိသတ်တွေက ပြုလုပ်လေ့ရှိခဲ့ကြပြီး ရော်နယ်ဒိုက အဆိုပါအခြေအနေတွေကနေ အကောင်းဆုံးပုံစံနဲ့ ရုန်းထွက်ပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ "ကွင်းတွင်း၊ကွင်းပြင်အကောင်းဆုံးဖြစ်နေဖို့က ကျွန်တော့်အတွက် လိုအပ်ပါတယ်၊ အကောင်းဆုံးအသင်းတစ်သင်းနဲ့ ရင်ဆိုင်နေရချိန်မှာဆိုရင်…

reading now

၁။ မန်ယူအသင်းဟာ သူတို့ရဲ့ အဓိက ဂိုးသမား ဒေးဗစ် ဒီဂီယာကို အသင်းမှာ ဆက်လက်ထိမ်းသိမ်းနိုင်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။ Goal ရဲ့ ဖော်ပြချက်အရ စပိန်သား ဒီဂီယာအနေနဲ့ မန်ယူအသင်း ထပ်မံကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တဲ့ ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ တန် ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပါတယ်။ ၂။ ဒါဘကောင်တီအသင်းဟာ သူတို့အသင်းက နည်းပြဖြစ်သူ ဖရန့်ခ် လမ်းပတ်ကို…

reading now

[ZawGyi] ၁။ လီဗာပူးလ်အသင်းဟာ အခြားဥရောပထိပ်သီးအသင်းတွေလိုပဲ ရည်မှန်းချက်မြင့်မားတဲ့အသင်းဖြစ်တာကြောင့် ဒီနှစ်နွေအပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲကာ ပြင်ဆင်မှုတွေ ကောင်းကောင်း ပြုလုပ်သွားမယ်လို့ နည်းပြကလော့ပ်က အတည်ပြုသွားခဲ့ပါတယ်။ ၂။ တိုက်စစ်ကစားသမား ဆေဒီယိုမာနေးဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ဘလွန်ဒီအောဆုရဖို့ ထိုက်တန်ကြောင်း ဆီနီဂေါနည်းပြ အလီယူဆစ်ဆီက ချီးကျူးပြောဆိုခဲ့ပါတယ်။ ၃။ အာဖရိကဖလားပွဲစဉ်တွေကြောင့် လီဗာပူးလ်အသင်းဟာ ဆာလာနဲ့ မာနေးတို့ မပါဝင်ဘဲ ပရီးမီးယားလိဂ်ရာသီသစ်ကို စတင်ရဖွယ်ရှိနေတယ်လို့ ကင်းမရွန်းကစားသမားဟောင်း လောရင့်က သုံးသပ်သွားပါတယ်။ နိုင်ငံ့တာဝန်တွေက အဆိုပါကစားသမားနှစ်ဦး လီဗာပူးလ်အသင်းနဲ့ ပူးပေါင်းချိန်ကို နောက်ကျစေလိမ့်မယ်လို့…

reading now

ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး နေမာနဲ့ ပြင်သစ်ချန်ပီယံကလပ် ပီအက်စ်ဂျီအသင်းတို့ကြားက ပဋိပက္ခတွေက တဖြည်းဖြည်း အခြေအနေပိုဆိုးနေပြီလို့ Daily Mail က ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းနဲ့ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ခဲ့သူ နေမာဟာ ပြင်သစ်မြေမှာ အသားကျအောင် ရုန်းကန်နေရပြီး ဒီအသင်းကို ပြောင်းရွှေ့ခဲ့တာက မှားယွင်းတဲ့ဆုံးဖြတ်ချက်လို့ ယူဆနေပါတယ်။ အခုအချိန်မှာ နေမာဟာ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်ချင်တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီး အဆိုပါအပြုအမူကို ပီအက်စ်ဂျီအသင်းပိုင်ရှင် နက်ဆာ အယ်လ်ခီလိုင်ဖီက သိပ်ကျေနပ်ပုံ မရပါဘူး။…

reading now

အေဂျက်စ်အသင်းက နောက်ခံကြယ်ပွင့် မာသစ် ဒီလစ်ခ်ျဟာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ Sky Sport က ဖော်ပြလိုက်ပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ အဆိုပါနယ်သာလန်ခံစစ်မှူးဟာ ပီအက်စ်ဂျီ၊ မန်ယူနဲ့ ဘာစီလိုနာအသင်းတွေကို ငြင်းပယ်ပြီး သူအပြောင်းရွှေ့ချင်ဆုံးအသင်း ၂ သင်းထဲက တစ်သင်းလို့ ဝန်ခံထားတဲ့ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလစ်ခ်ျဟာ ပြီးခဲ့တဲ့လတွေတုန်းက လီဗာပူးလ်အသင်းနဲ့ ဂျူဗင်တပ်အသင်းတွေထံ ပြောင်းရွှေ့ကစားချင်ကြောင်း ဝန်ခံခဲ့ဖူးသူဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဒီလစ်ခ်ျအတွက် ယူရိုသန်း (၇၀)…

reading now

[ZawGyi] ၁။ ဘာစီလိုနာ တိုက်စစ်ကစားသမား ကော်တင်ညိုဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့်လည်း လန်ဒန်ကလပ်အသင်းအနေနဲ့ အပြောင်းအရွှေ့ပိတ်ပင်ခံထားရတာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရဖွယ် ရှိနေပါတယ်။ ၂။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကြယ်ပွင့်လေး တင်မီအေဘရာဟမ်ကတော့ အင်္ဂလန် U-21 အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်ခဲ့ပေမယ့်လည်း ကျင်းပနေဆဲ ဥရောပ U-21 ချန်ပီယံရှစ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုအပေါ် စိတ်ပျက်နေပါတယ်။ ၃။ ဂန္ထဝင်ကစားသမားကြီးဖရန့်ခ်လမ်းပတ်ကို နည်းပြအဖြစ် မခန့်အပ်နိုင်မီအထိ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ကိစ္စတွေကို ဆောင်ရွက်သွားမှာမဟုတ်ဘဲ လမ်းပတ်ရဲ့ဆုံဖြတ်ချက်အရသာ ကစားသမားအရောင်းတွေကို အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။ ၄။…

reading now

[ZawGyi] ၁။ မန်ယူနိုက်တက်အသင်းဟာ ဂိုးသမားဖြစ်သူ ဒီဂီယာအတွက် တပတ်လုပ်ခ ပေါင် (၃)သိန်းခွဲနဲ့ (၅)နှစ်စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားမှုကို ကစားသမားဘက်က လက်ခံလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ၂။ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ စပါးအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ထက် မန်ယူနိုက်တက်ရဲ့ ပေါလ်ပေါ့ဂ်ဘာကိုသာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အဓိကထား ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ၃။ ဂျူဗင်တပ်အသင်းကပါ ပစ်မှတ်ထားနေတဲ့ ပြင်သစ်သားကို မန်ယူနိုက်တက်အသင်းအနေနဲ့ အမြင့်ဆုံးကြေးနဲ့ရောင်းချပြီး ကစားသမားသစ်တွေနဲ့ အင်အားဖြည့်တင်းသွားဖို့ နည်းပြဆိုးရှားက တိုက်တွန်းထားတယ်ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။…

reading now

error: Content is protected !!