စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နောက်ခံကစားသမား ဗစ်တာ လင်ဒီလော့ဖ်ကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆွီဒင်လက်ရွေးစင်နောက်ခံလူဟာ လက်ရှိမှာ ယူနိုက်တက်နဲ့အတူ သြစတြေးလျကို လိုက်ပါသွားခဲ့ပြီး အသင်းရဲ့အဓိကကစားသမားလည်း ဖြစ်ပါတယ်။ အဆိုပါသတင်းကို မီးစာထိုးပေးခဲ့တာကတော့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဟာဆန် ဆီတင်ကာယာဖြစ်ပြီး သူ့ရဲ့ကစားသမားကို ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းက စိတ်ဝင်စားနေတယ်လို့ အတည်ပြုပြောဆိုခဲ့တာမို့ ကစားသမားရဲ့ အနာဂတ်ဟာ လှုပ်ခတ်မှုရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လင်ဒီလော့ဖ်ရဲ့အေးဂျင့်ကာယာဟာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ အေဂျက်ဇ်ကွင်းလယ်လူ ဒီဂျောင်ရဲ့ အေးဂျင့်လည်းဖြစ်ပြီး သူ့ကစားသမားကို…

reading now

၁။ ချယ်လ်ဆီးကွင်းလယ်လူ တီမူး ဘာကာယိုကိုရဲ့ ကိုယ်စားလှယ်တွေဟာ အပြောင်းအရွှေ့ကိစ္စအတွက် ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှု စတင်နေပြီဖြစ်ပါတယ်။ ဘာကာယိုကိုဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လိုကြောင်း အတိတလင်း ထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ မန်ယအသင်းတွေကလည်း ချဉ်းကပ်နေကြပါတယ်။ ၂။ မန်ချက်စတာ စီးတီးအသင်းက ဘယ်နောက်ခံလူ ဖေဘီယန် ဒဲလ်ဖ်ကို ခေါ်ယူဖို့ အသင်းအများအပြားက စိတ်ဝင်စားနေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ ဒဲလ်ဖ်ကို မန်စီးတီးအသင်းက ရောင်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပြီး…

reading now

[ZawGyi] အေးဂျင့်ရိုင်အိုလာကတော့ ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် သူ့ကစားသမားကို အပြည့်အဝကာကွယ်မပေးတဲ့ မန်ယူနိုက်တက်အသင်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က The Times သတင်းဌာနနဲ့အင်တာဗျူးမှာ ပြင်သစ်သားဟာ မန်ယူနိုက်တက်အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းနေပြီလို့ ရိုင်အိုလာက အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၆)နှစ်သားကို ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့က အပြိုင်ပစ်မှတ်ထားနေပေမယ့်လည်း မန်ယူနိုက်တက်ကတော့ ရောင်းချလိုခြင်းမရှိတာကြောင့် လက်ခံဆွေးနွေးခြင်း မရှိပါဘူး။ ပေါ့ဂ်ဘာအနေနဲ့ ပရိသတ်တွေဆီကပါ ဝေဖန်မှုတွေကို တနင့်တပိုး ခံယူလာခဲ့ရပြီးနောက် မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီအပေါ်…

reading now

၁။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ခေါ်ယူလိုပေမယ့် လက်ရှိရရှိနေတဲ့ လစာငွေအတိုင်း ပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။ ပေါ့ဘာဟာ လက်ရှိမှာ တစ်နှစ်ကို ယူရို ၁၅ သန်းအထိ ရရှိနေသူဖြစ်ပြီး မက်ဒရစ်အသင်းင်းကိုသာ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် လစာလျှော့ချယူရဖို့ရှိနေတယ်လို့ ပြင်သစ်သတင်းစာ Le 10 Sport က ဖော်ပြခဲ့ပါတယ်။ ၂။ ဂျူဗင်တပ်အသင်းဟာ သူတို့အသင်းက ရိုမေးနီးယားဂိုးသမား လူရန်တီယူး ဘရန်နီစကူကို စကော့တလန် ပရီးမီးယားလိဂ်ကလပ် ကီလ်မာနော့ခ်အသင်းထံ အငှားချထားလိုက်ပြီဖြစ်ပါတယ်။ ဘရန်နီစကူဟာ ကီမာနော့ခ်အသင်းရဲ့ နည်းပြသစ် အန်ဂျယ်လို…

reading now

[ZawGyi] (၂၀၁၇)ခုနှစ် နွေရာသီကာလမှာ စာချုပ်သက်တမ်းနောက်နှစ်ကို ရောက်ရှိနေတဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ရဲ့ အနာဂတ်က အလှုပ်ခတ်ဆုံး ဖြစ်လာတယ်။ ဆုဖလားအောင်မြင်မှုတွေ ရယူလိုမှု၊ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားလိုမှုဆိုတဲ့ အကြောင်းပြချက်တွေနဲ့အတူ ကစားသမားဘက်က အမ်းမရိတ်မြေကနေ ထွက်ခွာဖို့ အတိအလင်း ကြိုးပမ်းလာခဲ့တယ်။ နည်းပြကြီးအာစင်ဝင်းဂါးနဲ့ အာဆင်နယ်အသင်းတို့ကတော့ အဓိက ကစားသမားတဦးကို လက်လွှတ်လိုခြင်းမရှိတဲ့အတွက် ချီလီသားကို အသင်းမှာ ဆက်ထိန်းထားဖို့ပဲ အစွမ်းကုန် ဆောင်ရွက်ခဲ့ကြတယ်။ နွေရာသီအပြောင်းအရွှေ့ကာလတလျှောက်လုံးမှာတော့ ဆန်းချက်ဇ်အတွက် ကမ်းလှမ်းမှု တစုံတရာ ရောက်မလာခဲ့ပါဘူး။ ကစားသမားဘက်ကလည်း ထွက်သာထွက်မယ်၊ ခေါ်မယ့်အသင်းက စိတ်ဝင်စားဆဲဆိုတဲ့ အခြေအနေကနေ…

reading now

[ZawGyi] ၁။ လီဗာပူးလ်အသင်းဟာ တိုက်စစ်ကြယ်ပွင့်လေး အော်ရီဂီကို အသင်းမှာ ဆက်ထိန်းသွားနိုင်ဖို့ကိုပဲ အဓိကထား ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံသားလေးကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုဖို့ လီဗာပူးလ်အသင်း ကမ်းလှမ်းထားတာပါ။ ၂။ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ စပိန်ဘယ်နောက်ခံလူ အဲလ်ဘာတို မိုရီနိုဟာ စပိန်ကလပ် ဗီလာရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ၃။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား မာကိုအဆန်စီယိုကို ပေါင် (၆၇.၃)သန်းနဲ့ လီဗာပူးလ်အသင်း ခေါ်ယူသွားဖို့ အသင့်ဖြစ်နေကြောင်း စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ၄။ နည်းပြယာဂင်ကလော့ပ်အနေနဲ့ ပီအက်စ်ဂျီအသင်းကနေ…

reading now

[ZawGyi] ၁။ နည်းပြသစ်ဖရန့်ခ်လမ်းပတ်ကတော့ ဒီနှစ်ရာသီ ကွင်းလယ်ပိုင်းမှာ အန်ဂိုလိုကန်တီ ကစားရမယ့် အခန့်ကဏ္ဍနဲ့ပတ်သက်လို့ မနေ့ကပဲ ကစားသမားဖြစ်သူနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ၂။ ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဝီလီယံကို ချယ်လ်ဆီးပရိသတ်တွေက ဂုဏ်ပြုခဲ့ကြသလို တချို့ကလည်း စတန်းဖို့ဒ်ဘရစ်ခ်ျကနေ အမြန်ဆုံးထွက်ခွာသွားဖို့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တောင်းဆိုခဲ့ကြတာကို တွေ့ရပါတယ်။ ၃။ အဲဗာတန်နည်းပြမာကိုဆေးဗားလ်ကတော့ ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်ကစားသမား ကတ်ဇူးမားကို ခေါ်ယူရေးကို လက်လျှော့ခြင်းမရှိသေးဘဲ ဆက်လက်ကြိုးစားသွားဦးမှာပါ။ ပြီးခဲ့တဲ့ရာသီမှာ အငှားလာရောက်ကစားကာ ခြေစွမ်းပြသခဲ့တဲ့ ပြင်သစ်သားကို အဲဗာတန်နည်းပြက…

reading now

[ZawGyi] ၁။ တိုက်စစ်မှူးလူကာကူကတော့ ဇူလိုင်လ (၂၀)ရက်နေ့ မန်ယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတို့ ရာသီကြိုခြေစမ်းပွဲစဉ် ကစားချိန်မှာ အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူးဖြစ်နေဖို့ မျှော်လင့်နေတယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂။ မန်ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ ပစ်မှတ်ထားနေတယ်ဆိုတဲ့ အေဂျက်စ်တိုက်စစ်ကြယ်ပွင့်လေး ဒေးဗစ်နီးရက်စ်ဟာ နယ်သာလန်ကလပ်အသင်းမှာပဲ သူ့အနာဂတ်ရှိနေကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ၃။ နည်းပြဆိုးရှားကတော့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ယတိပြတ်ဆုံးဖြတ်ထားတဲ့ ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို နားချကာ မန်ယူနိုက်တက်မှာပဲ ဆက်လက်ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ ၄။ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်လာမယ့် အက်စတွန်ဗီလာအသင်းဟာ…

reading now

[ZawGyi] မန်ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဘာကာယိုကိုအား ခေါ်ယူရန် ပစ်မှတ်ထားကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အသက် (၂၄)နှစ်သားဟာ (၂၀၁၇)ခုနှစ်မှာ စတန်းဖို့ဒ်ဘရစ်ခ်ျဆီ မိုနာကိုအသင်းကနေ ပေါင်သန်း (၄၀)နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က နည်းပြကွန်တီရဲ့လက်အောက်မှာ မျှော်မှန်းထားသလောက် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့ရာသီမှာ အေစီမီလန်အသင်းကို အငှားထွက်ကစားခဲ့ရပါတယ်။ ပြင်သစ်သားဟာ စီးရီးအေမှာတော့ အေစီမီလန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက် လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိနေပြီး ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်နေပါတယ်။ RMC Sport ကတော့ ချယ်လ်ဆီးနည်းပြသစ်လမ်းပတ်ဟာ လာမယ့်ရာသီမှာ…

reading now

၁။ အာဆင်နယ်အသင်း ပရိတ်သတ်တွေဟာ အသင်းက နိုက်ဂျီးရီးယား ကြယ်ပွင့် အဲလက်စ် အီဝီုဘီကို ကွင်းလယ်တိုက်စစ်နေရာမှာ ထားကစားဖို့ တောင်းဆိုနေကြပါတယ်။ အာဆင်နယ်အသင်းမှာ တောင်ပံကစားသမားအဖြစ် ပွဲအများစုကို ပါဝင်ကစားခဲ့ရတဲ့ အီဝိုဘီဟာ နိုက်ဂျီးရီးယား လက်ရွေးစင်အသင်းမှာ No.10 Role နေရာမှာ ပါဝင်ကစားပြီး ခြေစွမ်းကောင်းပြသနေတာမို့ အာဆင်နယ်ပရိတ်သတ်တွေကို ခုလို တောင်းဆိုနေကြတာဖြစ်ပါတယ်။ အီဝိုဘီကိုယ်တိုင်ကလည်း Goal နဲ့ အင်တာဗျူးမှာ လူငယ်ကစားသမားတစ်လျှောက်လုံးကစားခဲ့တဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ ပြောင်းရွှေ့ကစားခွင့်ရဖို့ မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ၂။ အာဆင်နယ်အသင်းက ဂျပန် တောင်ပံကစားသမား တာကူမာ…

reading now

error: Content is protected !!