အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကျေနပ်လောက်ဖွယ် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ကြတဲ့ လူငယ်ကစားသမား ၃ ဦးကို အသင်းကြီးလူစာရင်းကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပြီး ဒါဟာ မိတ်လန်းစ်-နိုင်းလ်စ်နောက်ပိုင်း အကယ်ဒမီကစားသမားတွေကို အသင်းကြီးထံ ပထမဆုံးအကြိမ် ပြန်လည်ခေါ်ယူမှုဖြစ်လာတယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းပြသနိုင်ခဲ့ပြီး နည်းပြအူနိုင်း အမ်မရီသာမက အသင်းပရိတ်သတ်တွေရဲ့ ချီးမွမ်းမှုတွေကိုပါ ရယူနိုင်ခဲ့တဲ့ ရီးစ် နယ်လ်ဆင်၊ အက်ဒီ နကီတီယာနဲ့ ဂျိုး ဝေးလ်လော့ခ်တို့ဟာ ပထမအသင်းကြီးရဲ့ ကစားသမားစာရင်းဝင်ကစားသမားတွေဖြစ်လာကြပြီဖြစ်ပြီး ကျောနံပတ်အသစ်တွေလည်း ရရှိခဲ့ကြပါတယ်။ ဘွန်ဒက်စ်လီဂါကလပ် ဟော့ဖန်ဟိန်းအသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ တောင်ပံကစားသမား…
reading now