အချက်အလက်မှတ်တမ်းအရ ဗန်ဒိုက်ချ်နီးနီး စွမ်းဆောင်ရည်ကောင်းနေတဲ့ မက်ဂွဲရား

[UNICODE]

methode-times-prod-web-bin-40ffdbb2-3deb-11ed-a7af-c587dcb7526e
IMAGE: GOAL

ပရီးမီးယားလိဂ်ကလပ ်မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွဲရားဟာ ပြီးခဲ့တဲ့နှစ်အပိုင်းအခြားအတွင်း နိမ့်ပါးတဲ့ စွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရလျက်ရှိနေပါတယ်။ ဒါပေမယ့် အချက်အလက်မှတ်တမ်းတွေအရတော့ မက်ဂွဲရားရဲ့ စွမ်းဆောင်ရည်ဟာ လီဗာပူနောက်ခံလူ ဗန်ဒိုက်ချ်နဲ့ သိပ်မကွာတာ တွေ့ရမှာပါ။

0-Harry-Maguire
IMAGE: GOAL

ဘောလုံးပွဲစဉ်တွေရဲ့ အချက်အလက်မှတ်တမ်းတွေကို စစ်တမ်းပြုစုလေ့ရှိနေတဲ့ Midnite က အာဆင်နယ်၊ စပါး၊ မန်စီးတီး၊ မန်ယူ၊ လီဗာပူး၊ချဲလ်ဆီး အစရှိတဲ့ ထိပ်သီးအသင်းကြီးတွေရဲ့ ခံစစ်စွမ်းဆောင်ရည်ကို မှတ်တမ်းဝင်ထားခဲ့တာ ဖြစ်ပါတယ်။

3as-U-6a31gi-l
IMAGE: GOAL

အဲဒီမှာ အံ့အားသင့်ဖွယ်ကောင်းနေတာက မန်ယူနောက်ခံလူ မက်ဂွဲရားရဲ့ စွမ်းဆောင်ရည်ပါ။ မက်ဂွဲရားဟာ အိပ်မက်ဆိုးတွေ ကြုံတွေ့နေရပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရကာ မနယ်ူအသင်းမှာလည်း အရန်ခုံမှာသာ ထိုင်နေရတာပါ။ ဒါပေမယ့် Midnite ရဲ့ အချက်အလက်မှတ်တမ်းတွေအရ မက်ဂွဲရားက ထိပ်တန်းအဆင့် စွမ်းဆောင်ရည်မှာ ရှိနေပါတယ်။

900x450-uploads-2022-09-29-64abe7c80e
IMAGE: GOAL

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲကတစ်ဦးဖြစ်သူ ဗန်ဒိုက်ချ်ဟာ ပရီးမီးယားလိဂ် ၂၀၂ ပွဲမှာ ဖြတ်ထုတ်မှု ၂၀၆ ရာခိုင်နှုန်းပြုလုပ်ခဲ့ပြီး အောင်မြင်တဲ့ရာခိုင်နှုန်းက ၆၉ ရာခိုင်နှုန်းရှိနေပါတယ်။ မက်ဂွဲရားက ဗန်ဒိုက်ချ်ထက် ၄ ပွဲသာပိုကစားထားပြီး ဖြတ်ထုတ်မှု ၂၅၄ ကြိမ်ပြုလုပ်ခဲ့ရာ အောင်မြင်မှု ၆၇ ရာခိုင်နှုန်းအထိ ရှိနေတာပါ။

2022-manchester-uniteds-harry-maguire-758041041-1
IMAGE: GOAL

ကြားဖြတ်လုယူမှုမှာလည်း မက်ဂွဲရားရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။ မက်ဂွဲရားဟာ တစ်ပွဲပျမ်းမျှ ၁.၅၈ ကြိမ် ကြားဖြတ်လုယူမှု ပြုလုပ်နိုင်ခဲ့ပြီး ဗန်ဒိုက်ချ်က ၁.၅၉ ကြိမ်ပြုလုပ်ထားခဲ့တာပါ။ အမြင့်ဘော ရှင်းထုတ်မှုအပိုင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း မက်ဂွဲရားနဲ့ ဗန်ဒိုက်ချ်တို့ သိပ်မကွာတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဗန်ဒိုက်ချ်ဟာ အမြင့်ဘောရှင်းထုတ်မှုတွေမှာ ၇၄ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပြီး မက်ဂွဲရားကတော့ ၇၂ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းက နောက်ခံလူတွေထဲမှာ အမြင့်ဘောနဲ့ ပတ်သက်ပြီး အကောင်းဆုံးမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

459530ee9b0611823e8c9899f107cd4d0e07645b
IMAGE: GOAL

ဒါကြောင့် မက်ဂွဲရားဟာ လူတွေအမြင်မှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပေမယ့် လိမ်လို့မရတဲ့ အချက်အလက်တွေကိုကြည့်ရင် သူ့စွမ်းဆောင်ရည်က မဆိုးခဲ့တာ တွေ့ရမှာပါ။ ဒါပေမယ့် မက်ဂွဲရားဟာ အမှားတွေ ကျူးလွန်းခဲ့ပြီး လက်ရှိ မန်ယူအသင်းမှာလည်း နေရာမရတော့ဘဲ အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။

[ZAWGYI]

methode-times-prod-web-bin-40ffdbb2-3deb-11ed-a7af-c587dcb7526e
IMAGE: GOAL

ပရီးမီးယားလိဂ္ကလပ ္မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူ မက္ဂြဲရားဟာ ၿပီးခဲ့တဲ့ႏွစ္အပိုင္းအျခားအတြင္း နိမ့္ပါးတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ေ၀ဖန္မႈေတြကို ျပင္းျပင္းထန္ထန္ ရင္ဆုိင္ရလ်က္ရွိေနပါတယ္။ ဒါေပမယ့္ အခ်က္အလက္မွတ္တမ္းေတြအရေတာ့ မက္ဂြဲရားရဲ႕ စြမ္းေဆာင္ရည္ဟာ လီဗာပူေနာက္ခံလူ ဗန္ဒိုက္ခ်္နဲ႔ သိပ္မကြာတာ ေတြ႕ရမွာပါ။

0-Harry-Maguire
IMAGE: GOAL

ေဘာလံုးပြဲစဥ္ေတြရဲ႕ အခ်က္အလက္မွတ္တမ္းေတြကို စစ္တမ္းျပဳစုေလ့ရွိေနတဲ့ Midnite က အာဆင္နယ္၊ စပါး၊ မန္စီးတီး၊ မန္ယူ၊ လီဗာပူး၊ခ်ဲလ္ဆီး အစရွိတဲ့ ထိပ္သီးအသင္းႀကီးေတြရဲ႕ ခံစစ္စြမ္းေဆာင္ရည္ကို မွတ္တမ္း၀င္ထားခဲ့တာ ျဖစ္ပါတယ္။

3as-U-6a31gi-l
IMAGE: GOAL

အဲဒီမွာ အံ့အားသင့္ဖြယ္ေကာင္းေနတာက မန္ယူေနာက္ခံလူ မက္ဂြဲရားရဲ႕ စြမ္းေဆာင္ရည္ပါ။ မက္ဂြဲရားဟာ အိ္ပ္မက္္ဆိုးေတြ ႀကံဳေတြ႕ေနရၿပီး ျပင္းထန္တဲ့ ေ၀ဖန္မႈေတြကို ရင္ဆုိင္ေနရကာ မနယ္ူအသင္းမွာလည္း အရန္ခံုမွာသာ ထိုင္ေနရတာပါ။ ဒါေပမယ့္ Midnite ရဲ႕ အခ်က္အလက္မွတ္တမ္းေတြအရ မက္ဂြဲရားက ထိပ္တန္းအဆင့္ စြမ္းေဆာင္ရည္မွာ ရွိေနပါတယ္။

900x450-uploads-2022-09-29-64abe7c80e
IMAGE: GOAL

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ေနာက္ခံလူေတြထဲကတစ္ဦးျဖစ္သူ ဗန္ဒိုက္ခ်္ဟာ ပရီးမီးယားလိဂ္ ၂၀၂ ပြဲမွာ ျဖတ္ထုတ္မႈ ၂၀၆ ရာခိုင္ႏႈန္းျပဳလုပ္ခဲ့ၿပီး ေအာင္ျမင္တဲ့ရာခိုင္ႏႈန္းက ၆၉ ရာခိုင္ႏႈန္းရွိေနပါတယ္။ မက္ဂဲြရားက ဗန္ဒိုက္ခ်္ထက္ ၄ ပြဲသာပိုကစားထားၿပီး ျဖတ္ထုတ္မႈ ၂၅၄ ႀကိမ္ျပဳလုပ္ခဲ့ရာ ေအာင္ျမင္မႈ ၆၇ ရာခိုင္ႏႈန္းအထိ ရွိေနတာပါ။

2022-manchester-uniteds-harry-maguire-758041041-1
IMAGE: GOAL

ၾကားျဖတ္လုယူမႈမွာလည္း မက္ဂြဲရားရဲ႕ စြမ္းေဆာင္ရည္က အထင္ႀကီးစရာပါ။ မက္ဂြဲရားဟာ တစ္ပြဲပ်မ္းမွ် ၁.၅၈ ႀကိမ္ ၾကားျဖတ္လုယူမႈ ျပဳလုပ္ႏဳိင္ခဲဲ့ၿပီး ဗန္ဒိုက္ခ်္က ၁.၅၉ ႀကိမ္ျပဳလုပ္ထားခဲ့တာပါ။ အျမင့္ေဘာ ရွင္းထုတ္မႈအပိုင္းကို ႏိႈင္းယွဥ္ၾကည့္မယ္ဆုိရင္လည္း မက္ဂြဲရားနဲ႔ ဗန္ဒိုက္ခ်္တုိ႔ သိပ္မကြာတာ ေတြ႕ရမွာ ျဖစ္ပါတယ္။

ဗန္ဒိုက္ခ်္ဟာ အျမင့္ေဘာရွင္းထုတ္မႈေတြမွာ ၇၄ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့ၿပီး မက္ဂြဲရားကေတာ့ ၇၂ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ္ ထိပ္သီး ၆ သင္းက ေနာက္ခံလူေတြထဲမွာ အျမင့္ေဘာနဲ႔ ပတ္သက္ၿပီး အေကာင္းဆံုးမွတ္တမ္းေတြပဲ ျဖစ္ပါတယ္။

459530ee9b0611823e8c9899f107cd4d0e07645b
IMAGE: GOAL

ဒါေၾကာင့္ မက္ဂြဲရားဟာ လူေတြအျမင္မွာ ဆုိးရြားတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့ေပမယ့္ လိမ္လို႔မရတဲ့ အခ်က္အလက္ေတြကိုၾကည့္ရင္ သူ႔စြမ္းေဆာင္ရည္က မဆုိးခဲ့တာ ေတြ႕ရမွာပါ။ ဒါေပမယ့္ မက္ဂြဲရားဟာ အမွားေတြ က်ဴးလြန္းခဲ့ၿပီး လက္ရွိ မန္ယူအသင္းမွာလည္း ေနရာမရေတာ့ဘဲ အရန္ခံုမွာသာ ထိုင္ေနခဲ့ရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!