မက်ဆီရွေးချယ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းမှာ စီရော်နယ်ဒို မပါရတဲ့အကြာင်းရင်း
[UNICODE]
5d6823362e22af23026d1c77
IMAGE: GOAL
အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက သူနှစ်သက်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းကို ရွေးချယ်မှုပြုလုပ်ခဲ့တာပါ။ အဲဒီလို ရွေးချယ်ရာမှာ မက်ဆီဟာ သူရဲ့မဟာပြိုင်ဘက်ဖြစ်သူမန်ချက်စတာယူနိုက်တက်တိုက်စ်မူှးစီရော်နယ်ဒိုကို ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ စီရော်နယ်ဒိုကို မထည့်ရခြင်းနောက်ကွယ်မှာ လှပတဲ့ အကြောင်းပြချက်တစ်ခုရှိနေပါတယ်။
16639964481622
IMAGE: GOAL
“ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းတွေထဲမှာ ကျွန်တော်က ဘယ်ကစားသမားတွေကို ထည့်ရမှာလဲ။ ကိုယ့်ကိုကိုယ်ရောထည့်ရမှာလား”လို့ မက်ဆီက စစချင်းအဖွင့်စကားပြောလိုက်ပါတယ်။ အဲဒီနောက် မက်ဆီက ဆက်လက်ပြီး “ကောင်းပြီ။ အခုပဲ ကျွန်တော်ပြောမယ်။ ပထမဆုံး ရွေးချယ်မှုက ဟာဇက်။ ပြီးတော့ နေမာ။ နောက်တစ်ယောက်က ဆွာရက်ဇ်။ အမ်ဘတ်ပီ။ အဂူရို” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
Getty-Images-1243555433
IMAGE: GOAL
ပရိသတ်တွေအနေနဲ့ လုံး၀ မစိုးရိမ်ပါနဲ့မက်ဆီဟာ သူ့ရဲ့အဓိကပြိုင်ဘက် စီရော်နယ်ဒိုကိုလည်း မေ့မနေခဲ့ပါဘူး။ “ရော်နယ်ဒိုကတော့ ကျွန်တော်နဲ့အတူ ဒီစာရင်းထဲ အပြင်ဘက်မှာ တစ်တန်းတည်းရှိနေပါတယ်”လို့ဆိုခဲ့ပါတယ်။ ဒီပြောစကားကိုကြည့်ရင် မက်ဆီအနေနဲ့ စီရော်နယ်ဒိုကို ဘယ်လောက်အထိ တန်ဖိုးထား၊ လေးစားသလဲဆိုတာ တွေ့မြင်ရမှာပါ။
Lionel-Messi-Argentina-2022
IMAGE: GOAL
နောက်ပြီး စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး မက်ဆီရဲ့ ခံယူချက်ကလည်း လှပပါတယ်။ မက်ဆီဟာ သူ့ကိုယ်သူ စီရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ မတွေးပါဘူး။ “စီရော်နယ်ဒိုဟာ လေးစားစရာ ကစားသမားတစ်ဦးပါ။လာလီဂါမှာတုန်းကဆိုလည်း သူ့က လုံးဝခမ်းနားတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့တာပါ။ သူဟာ လာလီဂါကို ဂုဏ်သိက္ခာကောင်းများစွာ ယူဆောင်လာခဲ့တယ်”လို့ မက်ဆီက ဆိုပါတယ်။
RonMessi
IMAGE: GOAL
ဘောလုံးသမိုင်းတစ်လျှောက်မှာလည်း သူတို့လို အခမ်းနားဆုံး ကစားသမားနှစ်ဦးတစ်ခေတ်ထဲအတူတူ ထွန်းကားတာမျိုး တွေ့မြင်ခဲ့ရခြင်း မရှိပါဘူး။ မက်ဆီဟာ Ballon d’Or ဆု (၇)ကြိမ်အထိ ရယူနိုင်ခဲ့သလိုစီရော်နယဒိုကလည်း ယူနိုက်တက်၊ ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်တို့နဲ့အတူ ရောက်တဲ့အသင်းတိုင်းမှာ ခမ်းနားတဲ့ အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ကြတာပါ။
skysports-lionel-messi-cristiano-ronaldo-5200235
IMAGE: GOAL
လက်ရှိအချိန်မှာတော့ ကစားသမားနှစ်ဦးစလုံးက နေဝင်ချိန်ကိုရောက်ရှိလာခဲ့ကြပြီ ဖြစ်ပါတယ်။ မက်ဆီကတော့ လက်ရှိမှာ အာဂျင်တီးနား၊ ပီအက်စ်ဂျီတို့မှာခြေစွမ်းပြနိုင်ခဲ့ပေမယ့် စီရော်နယ်ဒိုကတော့ ယူနိုက်တက်မှာအရန်ခုံထိုင်ရခြင်းနဲ့အတူ ရုန်းကန်ရလျက်ရှိနေပါတယ်။
[ZAWGYI]
5d6823362e22af23026d1c77
IMAGE: GOAL
16639964481622
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
RonMessi
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!